ထိုင္းႏိုင္ငံ ဘန္ေကာက္ ၿမိဳ႕ေတာ္ရဲ႕ ေတာင္ဖက္ တစ္နာရီစာ ကားေမာင္းခရီးတာအတြင္းက စာမတ္ခ်င္း တံငါ႐ြာေလးမွာ ေရေပၚဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းဟာ ပင္လယ္ေရ ပတ္လည္ဝိုင္းေနၿပီး ထီးထီးခ်ည္း က်န္ရွိေနပါတယ္။

ပင္လယ္ေရ တစ္ျဖည္းျဖည္းျမင့္တက္လာတာေၾကာင့္ ႐ြာသူ႐ြာသားေတြဟာ ကုန္းတြင္းပိုင္းဆီ ေျပာင္းေ႐ႊ႕သြားၾကၿပီ ျဖစ္ေပမယ့္ ေက်ာင္းထိုင္ဘုန္းေတာ္ႀကီး ဆြမ္ေနာက္အသီပန္ညိဳကေတာ့ ေျပာင္းေ႐ႊ႕ျခင္းမရွိ တင္းခံလို႔ ေနပါတယ္။

ခုအခါမွာဆိုရင္ေတာ့ အဲဒီ ေရေပၚဘုန္းႀကီးေက်ာင္းဟာ ႏိုင္ငံမွာ အလ်င္အျမန္ ႀကဳံေတြ႕ေနတဲ့ ပင္လယ္ကမ္း႐ိုးတန္း တိုက္စားမႈကို ျပန္လည္ထိန္းသိမ္းေရးအတြက္ တိုက္ပြဲဝင္တဲ့ သေကၤတတစ္ခု ျဖစ္ခဲ့ပါၿပီ။
ရာသီဥတု ေျပာင္းလဲမႈ၊ စက္မႈစိုက္ပ်ိဳးေရးနဲ႔ ႐ုတ္ျခည္းၿမိဳ႕ျပဖြဲ႕စည္းမႈ စတဲ့ မ်ိဳးစုံေသာ ၿခိမ္းေျခာက္မႈေတြက ထိုင္းကမ္း႐ိုးတန္းေဒသေတြအတြက္ အႏၲရာယ္ကပ္ဆိုက္ေနပါၿပီ။ အဖိုးတန္ လမုပင္ေတြလည္း ျပဳန္းတီးေနၿပီ ျဖစ္သလို ဆြမ္ေနာက္ဘုန္းႀကီးေက်ာင္းကို ၀ိုင္းရံၿပီး ရွိခဲ့တဲ့ အိမ္ ေျခေတြလည္း ေျပာင္းေ႐ႊ႕သြားရၿပီ ျဖစ္ပါတယ္။
ပင္လယ္ေရျမင့္တက္လာခ်ိန္ကစလို႔ ႏွစ္ ၃၀ အတြင္းမွာ စာမတ္ခ်င္း တံငါ႐ြာေလးက ေက်ာင္းထိုင္ဘုန္းေတာ္ႀကီး ဆြမ္ေနာက္ရဲ႕ ေက်ာင္းပတ္လည္က ႐ြာသူ႐ြာသားေတြရဲ႕ ၀ါးအိမ္ေလးေတြဟာ မီတာရာအနည္းငယ္အေဝးက ကုန္းတြင္းပိုင္းဆီ ေျပာင္းေ႐ႊ႕သြားၾကၿပီ ျဖစ္ပါတယ္။

၀ါးတံတားေလး ထိုးထားတဲ့ ဒီ ေရေပၚဘုန္းႀကီးေက်ာင္းေပၚမွာ ထိုင္းရင္း သက္ေတာ္ ၅၁ ႏွစ္ရွိ ဘုန္းေတာ္ႀကီး ဆြမ္ေနာက္က ပင္လယ္ေရျပင္တစ္ေနရာကို လက္ညိဳးထိုးျပရင္း “အဲေနရာက အရင္က ႐ြာေက်ာင္းေလး ရွိခဲ့တဲ့ ေနရာေပါ့။”လို႔ မိန္႔္ပါတယ္။

“ဒီေက်ာင္းေတာ္ဟာ တစ္ခ်ိန္္မွာ ႐ြာလယ္မွာ ရွိခဲ့တာေလ။ ခုေတာ့ ေရပတ္လည္ဝိုင္းေနၿပီေပါ့။ ကိုယ္ေတာ္တို႔သာ ေျပာင္းေ႐ႊ႕ဦးမယ္ဆိုရင္ ဒီေနရာမွာ တစ္ခ်ိန္က ႐ြာရွိခဲ့မွန္းေတာင္ လူေတြ သိေတာ့မွာ မဟုတ္ဘူး။”လို႔ ဘုန္းႀကီးေက်ာင္းနဲ႔ ပတ္သက္ၿပီး ဘုန္းေတာ္ႀကီး ဆြမ္ေနာက္က မိန႔္ၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်ရဲ့ တောင်ဖက် တစ်နာရီစာ ကားမောင်းခရီးတာအတွင်းက စာမတ်ချင်း တံငါရွာလေးမှာ ရေပေါ်ဘုန်းကြီးကျောင်းတစ်ကျောင်းဟာ ပင်လယ်ရေ ပတ်လည်ဝိုင်းနေပြီး ထီးထီးချည်း ကျန်ရှိနေပါတယ်။

ပင်လယ်ရေ တစ်ဖြည်းဖြည်းမြင့်တက်လာတာကြောင့် ရွာသူရွာသားတွေဟာ ကုန်းတွင်းပိုင်းဆီ ပြောင်းရွှေ့သွားကြပြီ ဖြစ်ပေမယ့် ကျောင်းထိုင်ဘုန်းတော်ကြီး ဆွမ်နောက်အသီပန်ညိုကတော့ ပြောင်းရွှေ့ခြင်းမရှိ တင်းခံလို့ နေပါတယ်။

ခုအခါမှာဆိုရင်တော့ အဲဒီ ရေပေါ်ဘုန်းကြီးကျောင်းဟာ နိုင်ငံမှာ အလျင်အမြန် ကြုံတွေ့နေတဲ့ ပင်လယ်ကမ်းရိုးတန်း တိုက်စားမှုကို ပြန်လည်ထိန်းသိမ်းရေးအတွက် တိုက်ပွဲဝင်တဲ့ သင်္ကေတတစ်ခု ဖြစ်ခဲ့ပါပြီ။
ရာသီဥတု ပြောင်းလဲမှု၊ စက်မှုစိုက်ပျိုးရေးနဲ့ ရုတ်ခြည်းမြို့ပြဖွဲ့စည်းမှု စတဲ့ မျိုးစုံသော ခြိမ်းခြောက်မှုတွေက ထိုင်းကမ်းရိုးတန်းဒေသတွေအတွက် အန္တရာယ်ကပ်ဆိုက်နေပါပြီ။ အဖိုးတန် လမုပင်တွေလည်း ပြုန်းတီးနေပြီ ဖြစ်သလို ဆွမ်နောက်ဘုန်းကြီးကျောင်းကို ဝိုင်းရံပြီး ရှိခဲ့တဲ့ အိမ်ခြေတွေလည်း ပြောင်းရွှေ့သွားရပြီ ဖြစ်ပါတယ်။
ပင်လယ်ရေမြင့်တက်လာချိန်ကစလို့ နှစ် ၃၀ အတွင်းမှာ စာမတ်ချင်း တံငါရွာလေးက ကျောင်းထိုင်ဘုန်းတော်ကြီး ဆွမ်နောက်ရဲ့ ကျောင်းပတ်လည်က ရွာသူရွာသားတွေရဲ့ ဝါးအိမ်လေးတွေဟာ မီတာရာအနည်းငယ်အဝေးက ကုန်းတွင်းပိုင်းဆီ ပြောင်းရွှေ့သွားကြပြီ ဖြစ်ပါတယ်။

ဝါးတံတားလေး ထိုးထားတဲ့ ဒီ ရေပေါ်ဘုန်းကြီးကျောင်းပေါ်မှာ ထိုင်းရင်း သက်တော် ၅၁ နှစ်ရှိ ဘုန်းတော်ကြီး ဆွမ်နောက်က ပင်လယ်ရေပြင်တစ်နေရာကို လက်ညိုးထိုးပြရင်း “အဲနေရာက အရင်က ရွာကျောင်းလေး ရှိခဲ့တဲ့ နေရာပေါ့။”လို့ မိန့်ပါတယ်။

“ဒီကျောင်းတော်ဟာ တစ်ချိန်မှာ ရွာလယ်မှာ ရှိခဲ့တာလေ။ ခုတော့ ရေပတ်လည်ဝိုင်းနေပြီပေါ့။ ကိုယ်တော်တို့သာ ပြောင်းရွှေ့ဦးမယ်ဆိုရင် ဒီနေရာမှာ တစ်ချိန်က ရွာရှိခဲ့မှန်းတောင် လူတွေ သိတော့မှာ မဟုတ်ဘူး။”လို့ ဘုန်းကြီးကျောင်းနဲ့ ပတ်သက်ပြီး ဘုန်းတော်ကြီး ဆွမ်နောက်က မိန့်ကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top