ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×

သြားေတြဟာ ခႏၶာကိုယ္မွာ အေရးပါဆံုးအစိတ္အပိုင္းေတြ ျဖစ္ပါတယ္။ဒါေပမယ့္ သြားေတြကို ဂရုစိုက္ဖို႕ ေမ့ေနတတ္ၾကပါတယ္။သြားကိုက္ဖူးသူေတြသာ သြားအေၾကာင္း ေကာင္းေကာင္းသိတာျဖစ္ျပီး သြားရဲ႕ ဒုကၡကို ခံစားဖူးတာျဖစ္ပါတယ္။သြားမွာ အေခါင္းေပါက္ျဖစ္ေနသူေတြ ဖာလို႕ မဆံုးေတာာ့ပါဘူး။ကိုက္တာကလည္း အလြန္ပါပဲ။ဒီေတာ့ ဒီလိုမျဖစ္ေအာင္ ကာကြယ္ဖို႕ နည္းလမ္းေကာင္းေတြ မ်ွေဝလိုက္ပါတယ္။

#1.သြားက်န္းမာေရးမေကာင္းတာ အစားအေသာက္ေၾကာင့္ျဖစ္ပါတယ္။အစားအေသာက္ကို မဆင္ျခင္ခဲ့လို႕ သြားေတြဟာ အခ်ိဳဓာတ္တင္က်န္ျပီး ေၾကြလႊာကို စားပစ္လိုက္တာျဖစ္ပါတယ္။ဒါေၾကာင့္ အခ်ိဳဓာတ္လြန္ကဲတာ စားျပီးတိုင္း သြားတိုက္သင့္ပါတယ္။ႏို႕တို႕၊ဒိန္ခဲတို႕ ဒိန္ခ်ဥ္တို႕က သြားက်န္းမာေရးကို ေကာင္းမြန္ေစလို႕ ဒါေတြကို စားသံုးေပးသင့္ပါတယ္။

#2.မ်ားေသာအားျဖင့္ သြားအေခါင္းေပါက္ အျဖစ္မ်ားသူေတြဟာ အခ်ိဳဆို မေနႏိုင္ပါဘူး။စားခ်င္ပါတယ္။ဒီလို စားခ်င္ရင္ သၾကားပါဝင္မႈ ပမာဏကို ထည့္တြက္သင့္ပါတယ္။သဘာဝအခ်ိဳဟာ ျပႆနာမရွိေပမယ့္ သၾကားလံုးတို႕ ဂ်ယ္လီေတြနဲ႕ အခ်ိဳခဲေတြကေတာ့ ေကာင္းေကာင္း ဒုကၡေပးတတ္ပါတယ္။

#3.သြားပြတ္တံဟာလည္း အေရးၾကီးပါတယ္။သြားပြတ္တံကို 2 လ ဒါမွမဟုတ္ 3 လ တၾကိမ္ လဲေပးသင့္ပါတယ္။ဒါမွ ဖြာမထြက္မွာျဖစ္ျပီး သြားကို ထိေရာက္စြာ ပြတ္တိုက္ႏိုင္မွာျဖစ္ပါတယ္။

#4.သြားတဲ့ပတ္သက္တဲ့ အသံုးေဆာင္ေလးေတြ ဝယ္ထားျပီး အျမဲသံုးေပးပါ။ပါးစပ္သန္႕ရွင္းေရးအတြက္ ပါးလုပ္က်င္းတဲ့ ေဆးအျပင္ သြားအတြက္ တကယ္ထိေရာက္တဲ့ သြားတိုက္ေဆးမ်ိဳးေတြ သံုးေပးသင့္ပါတယ္။

#5.သြားေတြ ဝါက်င္လာရင္ ေက်ာက္တည္လာရင္ သင္အထူးဂရုစိုက္ဖို႕ လိုလာပါျပီ။သြားကို အျမဲသန္႕ရွင္းေရးလုပ္ေပးသင့္ပါတယ္။သြားေတြဟာ ပံုမွန္မဟုတ္ဘူးထင္ရင္ သြားဆရာဝန္ဆီ ၾကီဳတင္သြားပါ။ဒါမွ သြားေတြအတြက္ အခ်ိန္မတိုင္ခင္ ဆံုးရႈံးျခင္းကို ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။

#6.အစာေဟာင္းေတြ သြားၾကားညွပ္ေနရင္ တံေတြးက တိုက္စားေပးပါတယ္။အက္ဆစ္ဓာတ္ပါတဲ့အတြက္ အစာေဟာင္းေတြကို တိုက္ဖ်က္ႏိုင္ပါတယ္။ဒါေပမယ့္ အျမဲတမ္းေတာ့ မဟုတ္ပါဘူး။တခ်ိဳ႕အရာေတြက ေခ်ာင္ေတြမွာ ကပ္ေနရင္ သူလဲ မတတ္ႏိုင္တဲ့အတြက္ သြားပြတ္တံလိုတာျဖစ္ပါတယ္။အသီးအရြက္ေတြကေတာ့ အသားထက္ အထူးေကာင္းမြန္တာျဖစ္ပါတယ္။

#7.အုန္းဆီဟာ သြားက်န္းမာေရးအတြက္ အထူးေကာင္းမြန္ပါတယ္။သဘာဝပစၥည္းျဖစ္တဲ့အတြက္ သြားရဲ႕ ေၾကြလႊာေတာက္ေျပာင္ေရးအတြက္ အထူးေကာင္းမြန္သလို ခံတြင္းမွာ ဘက္တီးရီးယားေပါက္ဖြားမႈအတြက္ ေကာင္းမြန္ေစတာျဖစ္ပါတယ္။

#8.အိမ္တြင္းျဖစ္ သြားတိုက္ေဆးေလး လုပ္ႏိုင္ရင္ အေကာင္းဆံုးပါပဲ။အိမ္တြင္းသြားတိုက္ေဆး ေဖာ္မယ္ဆိုရင္ေတာ့ မုန္႕ဖုတ္ဆိုဒါ၊အုန္းဆီ၊ကယ္ဆီယမ္ အမႈန္႕၊ပင္လယ္ဆား၊နႏြင္းတို႕ကို ဆတူေရာျပီး ခပ္ပ်စ္ပ်စ္ေလး ေမႊေပးပါ။ျပီးရင္ သြားတိုက္ေဆးလို ထည့္တိုက္ႏိုင္ပါျပီ။အင္မတန္ေကာင္းမြန္ျပီး သြားကို အလြန္ခိုင္မာေစတာျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
သွားတွေဟာ ခန္ဓာကိုယ်မှာ အရေးပါဆုံးအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ဒါပေမယ့် သွားတွေကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။သွားကိုက်ဖူးသူတွေသာ သွားအကြောင်း ကောင်းကောင်းသိတာဖြစ်ပြီး သွားရဲ့ ဒုက္ခကို ခံစားဖူးတာဖြစ်ပါတယ်။သွားမှာ အခေါင်းပေါက်ဖြစ်နေသူတွေ ဖာလို့ မဆုံးတောာ့ပါဘူး။ကိုက်တာကလည်း အလွန်ပါပဲ။ဒီတော့ ဒီလိုမဖြစ်အောင် ကာကွယ်ဖို့ နည်းလမ်းကောင်းတွေ မျှဝေလိုက်ပါတယ်။

#1.သွားကျန်းမာရေးမကောင်းတာ အစားအသောက်ကြောင့်ဖြစ်ပါတယ်။အစားအသောက်ကို မဆင်ခြင်ခဲ့လို့ သွားတွေဟာ အချိုဓာတ်တင်ကျန်ပြီး ကြွေလွှာကို စားပစ်လိုက်တာဖြစ်ပါတယ်။ဒါကြောင့် အချိုဓာတ်လွန်ကဲတာ စားပြီးတိုင်း သွားတိုက်သင့်ပါတယ်။နို့တို့၊ဒိန်ခဲတို့ ဒိန်ချဉ်တို့က သွားကျန်းမာရေးကို ကောင်းမွန်စေလို့ ဒါတွေကို စားသုံးပေးသင့်ပါတယ်။

#2.များသောအားဖြင့် သွားအခေါင်းပေါက် အဖြစ်များသူတွေဟာ အချိုဆို မနေနိုင်ပါဘူး။စားချင်ပါတယ်။ဒီလို စားချင်ရင် သကြားပါဝင်မှု ပမာဏကို ထည့်တွက်သင့်ပါတယ်။သဘာဝအချိုဟာ ပြဿနာမရှိပေမယ့် သကြားလုံးတို့ ဂျယ်လီတွေနဲ့ အချိုခဲတွေကတော့ ကောင်းကောင်း ဒုက္ခပေးတတ်ပါတယ်။

#3.သွားပွတ်တံဟာလည်း အရေးကြီးပါတယ်။သွားပွတ်တံကို 2 လ ဒါမှမဟုတ် 3 လ တကြိမ် လဲပေးသင့်ပါတယ်။ဒါမှ ဖွာမထွက်မှာဖြစ်ပြီး သွားကို ထိရောက်စွာ ပွတ်တိုက်နိုင်မှာဖြစ်ပါတယ်။

#4.သွားတဲ့ပတ်သက်တဲ့ အသုံးဆောင်လေးတွေ ဝယ်ထားပြီး အမြဲသုံးပေးပါ။ပါးစပ်သန့်ရှင်းရေးအတွက် ပါးလုပ်ကျင်းတဲ့ ဆေးအပြင် သွားအတွက် တကယ်ထိရောက်တဲ့ သွားတိုက်ဆေးမျိုးတွေ သုံးပေးသင့်ပါတယ်။

#5.သွားတွေ ဝါကျင်လာရင် ကျောက်တည်လာရင် သင်အထူးဂရုစိုက်ဖို့ လိုလာပါပြီ။သွားကို အမြဲသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။သွားတွေဟာ ပုံမှန်မဟုတ်ဘူးထင်ရင် သွားဆရာဝန်ဆီ ကြီုတင်သွားပါ။ဒါမှ သွားတွေအတွက် အချိန်မတိုင်ခင် ဆုံးရှုံးခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

#6.အစာဟောင်းတွေ သွားကြားညှပ်နေရင် တံတွေးက တိုက်စားပေးပါတယ်။အက်ဆစ်ဓာတ်ပါတဲ့အတွက် အစာဟောင်းတွေကို တိုက်ဖျက်နိုင်ပါတယ်။ဒါပေမယ့် အမြဲတမ်းတော့ မဟုတ်ပါဘူး။တချို့အရာတွေက ချောင်တွေမှာ ကပ်နေရင် သူလဲ မတတ်နိုင်တဲ့အတွက် သွားပွတ်တံလိုတာဖြစ်ပါတယ်။အသီးအရွက်တွေကတော့ အသားထက် အထူးကောင်းမွန်တာဖြစ်ပါတယ်။

#7.အုန်းဆီဟာ သွားကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။သဘာဝပစ္စည်းဖြစ်တဲ့အတွက် သွားရဲ့ ကြွေလွှာတောက်ပြောင်ရေးအတွက် အထူးကောင်းမွန်သလို ခံတွင်းမှာ ဘက်တီးရီးယားပေါက်ဖွားမှုအတွက် ကောင်းမွန်စေတာဖြစ်ပါတယ်။

#8.အိမ်တွင်းဖြစ် သွားတိုက်ဆေးလေး လုပ်နိုင်ရင် အကောင်းဆုံးပါပဲ။အိမ်တွင်းသွားတိုက်ဆေး ဖော်မယ်ဆိုရင်တော့ မုန့်ဖုတ်ဆိုဒါ၊အုန်းဆီ၊ကယ်ဆီယမ် အမှုန့်၊ပင်လယ်ဆား၊နနွင်းတို့ကို ဆတူရောပြီး ခပ်ပျစ်ပျစ်လေး မွှေပေးပါ။ပြီးရင် သွားတိုက်ဆေးလို ထည့်တိုက်နိုင်ပါပြီ။အင်မတန်ကောင်းမွန်ပြီး သွားကို အလွန်ခိုင်မာစေတာဖြစ်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top