20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ညဘက္ကလည္း ေနာက္က်ေနၿပီ၊ အိပ္ကလည္း အရမ္းအိပ္ခ်င္ေနၿပီ။ ဒီအခ်ိန္မွာ အိပ္ရာထဲကေနထၿပီး မ်က္ကပ္မွန္ခြၽတ္ဖို႔ကို အင္မတန္ ဝန္ေလးတတ္ၾကတာ မဆန္းပါဘူး။ ဒီလိုပ်င္းတာ ကိုယ္တစ္ေယာက္ထဲ မဟုတ္ဘူးေနာ္။ မ်က္ကပ္မွန္တပ္သူေတြရဲ႕ ၃ ပံု ၁ ပံုေလာက္ဟာ မ်က္ကပ္မွန္ႀကီးတပ္ရက္နဲ႔ အိပ္ေပ်ာ္သြားဖူးတယ္လို႔ ေျပာၾကပါတယ္။

          ဒီလိုမ်ိဳး မ်က္ကပ္မွန္နဲ႔ အိပ္တာဟာ မ်က္ၾကည္လႊာပိုးဝင္ဖို႔ ၆ ဆကေန ၈ ဆေလာက္အထိ မ်ားေစတယ္လို႔ သိရတယ္။

          ပိုးေၾကာင့္ မ်က္ၾကည္လႊာ ေရာင္ရမ္းတာဟာ မ်က္ၾကည္လႊာမွာ ဘက္တီးရီးယားေတြနဲ႔ တျခားပိုးမႊားေတြေၾကာင့္ ျဖစ္တယ္။

          ေလ့လာသူေတြက ဒီလိုမ်က္ကပ္မွန္နဲ႔ အိပ္ေပ်ာ္သြားၿပီး မ်က္ၾကည္လႊာ ေရာင္ရမ္းတဲ့လူနာ ၆ ေယာက္ကို ထုတ္ျပတယ္။ တခ်ိဳ႕ေတြမွာဆိုရင္ မ်က္ၾကည္လႊာ ပ်က္စီးသြားၿပီး အျမင္အာ႐ံု အၿပီးခ်ိဳ႕ယြင္းသြားတာ၊ ခြဲစိတ္ဖို႔ လိုတာမ်ိဳးေတြ ျဖစ္လာတတ္တယ္။ ေလ့လာသူေတြထုတ္ျပတဲ့ လူနာတစ္ေယာက္ဆိုရင္ အသက္ ၃၄ ႏွစ္ အမ်ိဳးသားတစ္ေယာက္ျဖစ္ၿပီး မ်က္ကပ္မွန္နဲ႔ တစ္ပတ္ကို ၃/၄ ညေလာက္ အိပ္တယ္၊ မ်က္ကပ္မွန္နဲ႔ ေရကူးတယ္လို႔ ဆိုတယ္။ တစ္ရက္မွာေတာ့ ဘယ္ဘက္မ်က္လံုး ဝါးၿပီး နီရဲလာလို႔ ဆရာဝန္ဆီ ေရာက္လာတယ္။ ဘက္တီးရီးယားနဲ႔ မႈိပိုးေတြအတြက္ ေဆးေတြေသာက္တာ လနဲ႔သာ ခ်ီလာတယ္။ မသက္သာဘူး။ ေနာက္ဆံုးမွာေတာ့ အရမ္းရွားတဲ့ ကပ္ပါးပိုးတစ္မ်ိဳးေၾကာင့္ ျဖစ္တာလို႔ သိလိုက္ရတယ္။ ေဆးကုသမႈကို ေျပာင္းလဲလိုက္ေတာ့ ပိုးဝင္တာ သက္သာသြားေပမယ့္ အျမင္အာ႐ံုေတာ့ နည္းနည္း ခ်ိဳ႕ယြင္းသြားတယ္။

          ေနာက္တစ္ေယာက္ကေတာ့ အသက္ ၁၇ ႏွစ္ မိန္းကေလး။ မ်က္ကပ္မွန္နဲ႔ အိပ္ရာကေန ဘက္တီးရီးယားပိုးဝင္ၿပီး ညာဘက္မ်က္ၾကည္လႊာမွာ အနာျဖစ္သြားတယ္။ မ်က္စဥ္းေဆး ခပ္ေတာ့ ပိုးေတာ့ သက္သာသြားေပမယ့္ မ်က္ၾကည္လႊာ အမွ်င္ေတြကေတာ့ လံုးဝအမာ႐ြတ္ ျဖစ္သြားတာေပါ့။

          အသက္ ၅၉ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ေယာက္ဟာဆိုရင္ ၂ ညအိပ္ အမဲလိုက္ခရီးမွာ မ်က္ကပ္မွန္ကို ေတာက္ေလွ်ာက္တပ္ၿပီးေနာက္ အိမ္မွာ ေရခ်ိဳးေနတုန္း တစ္ခုခု ေပါက္သြားတဲ့အသံၾကားၿပီး ဘယ္ဘက္မ်က္လံုးက နာလာတယ္။ စစ္ေဆးၾကည့္လိုက္တဲ့အခါ မ်က္ၾကည္လႊာ ေပါက္ထြက္သြားတာပါ။ ဒီအေျခအေနဟာ မ်က္ၾကည္လႊာ အစားထိုးဖို႔ လိုအပ္ပါတယ္။ အတြင္းတိမ္ ခြဲစိတ္မႈ လုပ္လိုက္ၿပီးေနာက္ေတာ့ အျမင္အာ႐ံုေလး နည္းနည္းျပန္ေကာင္းလာတယ္။

          ဒီလူနာ ၃ ေယာက္လံုးဟာ မ်က္စဥ္းခပ္ဖို႔ လိုအပ္ၿပီး ၂ ေယာက္မွာဆို ခြဲစိတ္ဖို႔ေတာင္ လိုအပ္တယ္။ အမ်ားစုမွာ အျမင္အာ႐ံု အၿပီးပ်က္စီးသြားတာကို ေတြ႕ရတယ္။

          ဒါေပမဲ့ ဒီလူနာ ၃ ေယာက္ဟာလည္း မ်က္ကပ္မွန္နဲ႔ ပတ္သက္ၿပီး ျဖစ္တတ္တဲ့ ပိုးဝင္တာမ်ိဳး မဟုတ္ေသးဘူး။ အဆိုး႐ြားဆံုး အေျခအေနေတြကို ေရြးထုတ္ထားတာပါ။

          ၿပီးေတာ့ ဒီလူနာေတြဟာ ပိုးဝင္ဖို႔ အခြင့္အလမ္း ပိုမ်ားလု႔ိ ျဖစ္ႏိုင္ၿပီး ဒီလုိအိပ္တတ္တဲ့အက်င့္ရွိတဲ့ တျခားလူေတြမွာ ဘာမွမျဖစ္တတ္တာကို ေတြ႕ရတယ္။

          ဘယ္လိုပဲျဖစ္ျဖစ္ေပါ့။ တစ္ခါတေလေလး မ်က္ကပ္မွန္နဲ႔ အိပ္မိတာဟာ ပိုးဝင္ႏႈန္းကို ပိုမ်ားေစတယ္ဆိုတာ မေမ့ပါနဲ႔။ ဘယ္ေလာက္ႀကီးေကာင္းတဲ့ မ်က္ကပ္မွန္တပ္တပ္၊ ဘယ္ေလာက္ၾကာေအာင္ပဲ တပ္တပ္ေပါ့။

          တခ်ိဳ႕မ်က္ကပ္မွန္ေတြကေတာ့ FDA က ညဘက္အိပ္ဖို႔ ခြင့္ျပဳထားတာမ်ိဳး ရွိတယ္။ ဒီလိုမ်က္ကပ္မွန္မ်ိဳးေတာင္ ပိုးဝင္ႏိုင္ေသးတယ္ေနာ္။

          ဒါေၾကာင့္ ဒီလိုမ်က္ကပ္မွန္ေၾကာင့္ မလိုလားအပ္ဘဲ ေနာက္ဆက္တြဲေတြ မခံစားရေအာင္ ညဘက္ တပ္အိပ္တာမ်ိဳး၊ ေရကူးရင္ တပ္ကူးတာမ်ိဳး မလုပ္ဘဲနဲ႔ မ်က္ကပ္မွန္ေရာ၊ မ်က္ကပ္မွန္ဘူးကိုပါ လဲခ်ိန္တန္ရင္ လဲေပးဖို႔ အၾကံျပဳ တိုက္တြန္းပါရေစ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Mya Phoo Ngon (www.drmyanmar.com)

#Unicode Version#
ညဘက်ကလည်း နောက်ကျနေပြီ၊ အိပ်ကလည်း အရမ်းအိပ်ချင်နေပြီ။ ဒီအချိန်မှာ အိပ်ရာထဲကနေထပြီး မျက်ကပ်မှန်ချွတ်ဖို့ကို အင်မတန် ဝန်လေးတတ်ကြတာ မဆန်းပါဘူး။ ဒီလိုပျင်းတာ ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူးနော်။ မျက်ကပ်မှန်တပ်သူတွေရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ မျက်ကပ်မှန်ကြီးတပ်ရက်နဲ့ အိပ်ပျော်သွားဖူးတယ်လို့ ပြောကြပါတယ်။

          ဒီလိုမျိုး မျက်ကပ်မှန်နဲ့ အိပ်တာဟာ မျက်ကြည်လွှာပိုးဝင်ဖို့ ၆ ဆကနေ ၈ ဆလောက်အထိ များစေတယ်လို့ သိရတယ်။

          ပိုးကြောင့် မျက်ကြည်လွှာ ရောင်ရမ်းတာဟာ မျက်ကြည်လွှာမှာ ဘက်တီးရီးယားတွေနဲ့ တခြားပိုးမွှားတွေကြောင့် ဖြစ်တယ်။

          လေ့လာသူတွေက ဒီလိုမျက်ကပ်မှန်နဲ့ အိပ်ပျော်သွားပြီး မျက်ကြည်လွှာ ရောင်ရမ်းတဲ့လူနာ ၆ ယောက်ကို ထုတ်ပြတယ်။ တချို့တွေမှာဆိုရင် မျက်ကြည်လွှာ ပျက်စီးသွားပြီး အမြင်အာရုံ အပြီးချို့ယွင်းသွားတာ၊ ခွဲစိတ်ဖို့ လိုတာမျိုးတွေ ဖြစ်လာတတ်တယ်။ လေ့လာသူတွေထုတ်ပြတဲ့ လူနာတစ်ယောက်ဆိုရင် အသက် ၃၄ နှစ် အမျိုးသားတစ်ယောက်ဖြစ်ပြီး မျက်ကပ်မှန်နဲ့ တစ်ပတ်ကို ၃/၄ ညလောက် အိပ်တယ်၊ မျက်ကပ်မှန်နဲ့ ရေကူးတယ်လို့ ဆိုတယ်။ တစ်ရက်မှာတော့ ဘယ်ဘက်မျက်လုံး ဝါးပြီး နီရဲလာလို့ ဆရာဝန်ဆီ ရောက်လာတယ်။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေအတွက် ဆေးတွေသောက်တာ လနဲ့သာ ချီလာတယ်။ မသက်သာဘူး။ နောက်ဆုံးမှာတော့ အရမ်းရှားတဲ့ ကပ်ပါးပိုးတစ်မျိုးကြောင့် ဖြစ်တာလို့ သိလိုက်ရတယ်။ ဆေးကုသမှုကို ပြောင်းလဲလိုက်တော့ ပိုးဝင်တာ သက်သာသွားပေမယ့် အမြင်အာရုံတော့ နည်းနည်း ချို့ယွင်းသွားတယ်။

          နောက်တစ်ယောက်ကတော့ အသက် ၁၇ နှစ် မိန်းကလေး။ မျက်ကပ်မှန်နဲ့ အိပ်ရာကနေ ဘက်တီးရီးယားပိုးဝင်ပြီး ညာဘက်မျက်ကြည်လွှာမှာ အနာဖြစ်သွားတယ်။ မျက်စဉ်းဆေး ခပ်တော့ ပိုးတော့ သက်သာသွားပေမယ့် မျက်ကြည်လွှာ အမျှင်တွေကတော့ လုံးဝအမာရွတ် ဖြစ်သွားတာပေါ့။

          အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာဆိုရင် ၂ ညအိပ် အမဲလိုက်ခရီးမှာ မျက်ကပ်မှန်ကို တောက်လျှောက်တပ်ပြီးနောက် အိမ်မှာ ရေချိုးနေတုန်း တစ်ခုခု ပေါက်သွားတဲ့အသံကြားပြီး ဘယ်ဘက်မျက်လုံးက နာလာတယ်။ စစ်ဆေးကြည့်လိုက်တဲ့အခါ မျက်ကြည်လွှာ ပေါက်ထွက်သွားတာပါ။ ဒီအခြေအနေဟာ မျက်ကြည်လွှာ အစားထိုးဖို့ လိုအပ်ပါတယ်။ အတွင်းတိမ် ခွဲစိတ်မှု လုပ်လိုက်ပြီးနောက်တော့ အမြင်အာရုံလေး နည်းနည်းပြန်ကောင်းလာတယ်။

          ဒီလူနာ ၃ ယောက်လုံးဟာ မျက်စဉ်းခပ်ဖို့ လိုအပ်ပြီး ၂ ယောက်မှာဆို ခွဲစိတ်ဖို့တောင် လိုအပ်တယ်။ အများစုမှာ အမြင်အာရုံ အပြီးပျက်စီးသွားတာကို တွေ့ရတယ်။

          ဒါပေမဲ့ ဒီလူနာ ၃ ယောက်ဟာလည်း မျက်ကပ်မှန်နဲ့ ပတ်သက်ပြီး ဖြစ်တတ်တဲ့ ပိုးဝင်တာမျိုး မဟုတ်သေးဘူး။ အဆိုးရွားဆုံး အခြေအနေတွေကို ရွေးထုတ်ထားတာပါ။

          ပြီးတော့ ဒီလူနာတွေဟာ ပိုးဝင်ဖို့ အခွင့်အလမ်း ပိုများလု့ိ ဖြစ်နိုင်ပြီး ဒီလိုအိပ်တတ်တဲ့အကျင့်ရှိတဲ့ တခြားလူတွေမှာ ဘာမှမဖြစ်တတ်တာကို တွေ့ရတယ်။

          ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ တစ်ခါတလေလေး မျက်ကပ်မှန်နဲ့ အိပ်မိတာဟာ ပိုးဝင်နှုန်းကို ပိုများစေတယ်ဆိုတာ မမေ့ပါနဲ့။ ဘယ်လောက်ကြီးကောင်းတဲ့ မျက်ကပ်မှန်တပ်တပ်၊ ဘယ်လောက်ကြာအောင်ပဲ တပ်တပ်ပေါ့။

          တချို့မျက်ကပ်မှန်တွေကတော့ FDA က ညဘက်အိပ်ဖို့ ခွင့်ပြုထားတာမျိုး ရှိတယ်။ ဒီလိုမျက်ကပ်မှန်မျိုးတောင် ပိုးဝင်နိုင်သေးတယ်နော်။

          ဒါကြောင့် ဒီလိုမျက်ကပ်မှန်ကြောင့် မလိုလားအပ်ဘဲ နောက်ဆက်တွဲတွေ မခံစားရအောင် ညဘက် တပ်အိပ်တာမျိုး၊ ရေကူးရင် တပ်ကူးတာမျိုး မလုပ်ဘဲနဲ့ မျက်ကပ်မှန်ရော၊ မျက်ကပ်မှန်ဘူးကိုပါ လဲချိန်တန်ရင် လဲပေးဖို့ အကြံပြု တိုက်တွန်းပါရစေ။

ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Mya Phoo Ngon (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top