ျမန္ မာနိုင္ငံအတြက္ ပထမဦးဆုံး နိုင္ငံတကာအဆင့္မီ ငါးျပတိုက္ႀကီးကို ရန္ကုန္ၿမိဳ႕ကန္ေတာ္ႀကီးေစာင္းမွာရွိတဲ့ ယခင္ငါးျပတိုက္ေဟာင္းေနရာမွာ တည္ေဆာက္ေနၿပီျဖစ္ပါတယ္။

အဆိုပါ ငါးျပတိုက္ႀကီးမွာ ေရေအာင္ဥမင္ ပါရွိမွာျဖစ္ၿပီး လာေရာက္ၾကည့္ရွုသူေတြအေနနဲ႔ ပင္လယ္ေရေအာက္ထဲ ေရာက္သြားသလို ခံစားရေစမွာ ျဖစ္ပါတယ္။ Myanmar Aquariums ကုမၸဏီက တာဝန္ယူတည္ေဆာက္ေနတဲ့ ငါးျပတိုက္ႀကီးရဲ့ ဒီဇိုင္းကို စင္ကာပူကုမၸဏီ Surbana Jurong က ေရးဆြဲေပးထားတာျဖစ္ပါတယ္။

ငါးျပတိုက္ဟာ Steel Structure အမ်ိဳးအစားျဖစ္ၿပီး ႏွစ္ထပ္ခြဲ အေဆာက္အအုံ ျဖစ္ပါတယ္။ ငါးျပခန္းေပါင္း ၂၀ ေက်ာ္ပါဝင္ၿပီး ျပည္တြင္း ျပည္ပက ငါးမ်ိဳးစိတ္ေတြ စုံလင္စြာ ျပသထားဖို႔ရွိပါတယ္။ ကခ်င္ျပည္နယ္ ေမခ ေမလိချမစ္ဆုံေဒသက ငါးမ်ိဳးစိတ္ေတြ အပါအဝင္ အရွ၊ အာဖရိကနဲ႔ လက္တင္အေမရိက က ငါးမ်ိဳးစိတ္ေတြကိုပါ ျပသသြားဖို႔ စုေဆာင္းလၽွက္ရွိေနပါတယ္။

ကန္ေတာ္ႀကီးဥယ်ာဥ္ ငါးျပတိုက္ေနရာေဟာင္း ေျမဧရိယာ ၅ ဧက ဝန္းက်င္မွာ တည္ေဆာက္ေနၿပီး ေရေအာက္ငါးျပတိုက္အတြက္ ၾသစေၾတးလ်နိုင္ငံက ကၽြမ္းက်င္ပညာရွင္ေတြနဲ႔ ေဆာက္လုပ္ေနပါတယ္။ငါးျပတိုက္ ေဆာက္လုပ္ေရး စီမံကိန္းပုံစံအရ ကန္ေတာ္ႀကီး ေရျပင္ေပၚမွာ ေရပန္းအလွမ်ားလည္း ပါဝင္မွာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ေတာ္သူ ၿမိဳ႕ေတာ္သားမ်ားအတြက္ အပန္းေျဖစရာ အထင္ကရေနရာေလးတစ္ခု မၾကာမီျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Aquariums

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန် မာနိုင်ငံအတွက် ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ ငါးပြတိုက်ကြီးကို ရန်ကုန်မြို့ကန်တော်ကြီးစောင်းမှာရှိတဲ့ ယခင်ငါးပြတိုက်ဟောင်းနေရာမှာ တည်ဆောက်နေပြီဖြစ်ပါတယ်။

အဆိုပါ ငါးပြတိုက်ကြီးမှာ ရေအောင်ဥမင် ပါရှိမှာဖြစ်ပြီး လာရောက်ကြည့်ရှုသူတွေအနေနဲ့ ပင်လယ်ရေအောက်ထဲ ရောက်သွားသလို ခံစားရစေမှာ ဖြစ်ပါတယ်။ Myanmar Aquariums ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေတဲ့ ငါးပြတိုက်ကြီးရဲ့ ဒီဇိုင်းကို စင်ကာပူကုမ္ပဏီ Surbana Jurong က ရေးဆွဲပေးထားတာဖြစ်ပါတယ်။

ငါးပြတိုက်ဟာ Steel Structure အမျိုးအစားဖြစ်ပြီး နှစ်ထပ်ခွဲ အဆောက်အအုံ ဖြစ်ပါတယ်။ ငါးပြခန်းပေါင်း ၂၀ ကျော်ပါဝင်ပြီး ပြည်တွင်း ပြည်ပက ငါးမျိုးစိတ်တွေ စုံလင်စွာ ပြသထားဖို့ရှိပါတယ်။ ကချင်ပြည်နယ် မေခ မေလိခမြစ်ဆုံဒေသက ငါးမျိုးစိတ်တွေ အပါအဝင် အရှ၊ အာဖရိကနဲ့ လက်တင်အမေရိက က ငါးမျိုးစိတ်တွေကိုပါ ပြသသွားဖို့ စုဆောင်းလျှက်ရှိနေပါတယ်။

ကန်တော်ကြီးဥယျာဉ် ငါးပြတိုက်နေရာဟောင်း မြေဧရိယာ ၅ ဧက ဝန်းကျင်မှာ တည်ဆောက်နေပြီး ရေအောက်ငါးပြတိုက်အတွက် သြစတြေးလျနိုင်ငံက ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆောက်လုပ်နေပါတယ်။ငါးပြတိုက် ဆောက်လုပ်ရေး စီမံကိန်းပုံစံအရ ကန်တော်ကြီး ရေပြင်ပေါ်မှာ ရေပန်းအလှများလည်း ပါဝင်မှာဖြစ်ပြီး ရန်ကုန်မြို့တော်သူ မြို့တော်သားများအတွက် အပန်းဖြေစရာ အထင်ကရနေရာလေးတစ်ခု မကြာမီဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Aquariums
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top