20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


အာဖဂန္နစၥတန္ႏိုင္ငံမွာ မိုးသည္းထန္ၿပီး ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံးလူေပါင္း ၃၅ ဦး ေသဆုံးၿပီး အိမ္ေျခေထာင္ေပါင္းမ်ားစြာ ပ်က္စီးကာ ႏိုင္ငံတစ္ဝန္းက အစြန္အဖ်ားေက်း႐ြာေတြဆီ သြားေရာက္ဖို႔ ခက္ခဲေနရေၾကာင္း တာဝန္ရွိသူေတြက ေျပာပါတယ္။

ေသာၾကာေန႔ကစတင္ၿပီး မိုးသည္းထန္စြာ ႐ြာသြန္းရာက ေျမာက္ပိုင္း ဖာယက္ဘ္ျပည္နယ္မွာ ေသဆုံးသူ ၁၂ ဦး ရွိခဲ့ပါတယ္။ အေနာက္ပိုင္း ဟာရတ္္ျပည္နယ္မွာက ေသဆုံးသူ ၁၀ ဦး ရွိတယ္လို႔ အာဖဂန္နစၥတန္ အမ်ိဳးသားသဘာဝေဘးစီမံခန႔္ခြဲေရးအာဏာပိုင္႐ုံးမွ ေျပာခြင့္ရသူ ဟတ္ရွ္မတ္ဘာဟာဒူရီက ေျပာပါတယ္။

အေနာက္ပိုင္းက ဘက္ဂဟစ္ျပည္နယ္မွာ ေသဆုံးသူ ရွစ္္ဦးရွိၿပီး ေျမာက္ပိုင္း ဘတ္ခ္ျပည္နယ္မွာေတာ့ ငါးဦး ေသဆုံးေၾကာင္း ဘာဟာဒူရီက ဆိုပါတယ္။ အိမ္ေျခေပါင္း ၃၀၀၀ ေက်ာ္ထက္မနည္း ပ်က္စီးတယ္လို႔လည္း ၎က ေျပာပါတယ္။

ဟာရတ္ျပည္နယ္က ခ႐ိုင္ ဆယ္ခ႐ိုင္နဲ႔ ဟာရတ္ၿမိဳ႕က အခ်ိဳ႕ေနရာေတြမွာ ေရႀကီးမႈေဘး ျပင္းျပင္းထန္ထန္ ႀကဳံေတြ႕ေၾကာင္း ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံး ေျပာခြင့္ရသူ ေဂ်လာနီဖာဟတ္က ဆိုပါတယ္။

အိမ္  ေတြရာေပါင္းမ်ားစြာ ပ်က္စီးၿပီး ေနရပ္စြန႔္ရသူ ေထာင္ေပါင္းမ်ားစြာ ရွိပါတယ္။”လို႔ ၎က ေျပာပါတယ္။

ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြဟာလည္း လမ္းပိုင္းဆက္သြယ္ေရး ညံ့ဖ်င္းတာေၾကာင့္ အစြန္အဖ်ားအရပ္ေတြဆီ ေရာက္ရွိႏိုင္ဖို႔ ခက္ခဲလ်က္လည္း ရွိေနပါတယ္။

ၿပီးခဲ့တဲ့လ အေစာပိုင္းမွာ ေတာင္ပိုင္း ကန္ဒါဟာျပည္နယ္မွာ မိုးသည္းထန္ၿပီး ေရႀကီးမႈေတြ ျဖစ္ပြားခဲ့ရာမွာလည္း  လူေပါင္း ၂၀ ေသဆုံးၿပီး အိမ္နဲ႔ ကားေတြ ေထာင္ေပါင္းမ်ားစြာ ပ်က္စီးခဲ့ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


အာဖဂန်နစ္စတန်နိုင်ငံမှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် အနည်းဆုံးလူပေါင်း ၃၅ ဦး သေဆုံးပြီး အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးကာ နိုင်ငံတစ်ဝန်းက အစွန်အဖျားကျေးရွာတွေဆီ သွားရောက်ဖို့ ခက်ခဲနေရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

သောကြာနေ့ကစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းရာက မြောက်ပိုင်း ဖာယက်ဘ်ပြည်နယ်မှာ သေဆုံးသူ ၁၂ ဦး ရှိခဲ့ပါတယ်။ အနောက်ပိုင်း ဟာရတ်ပြည်နယ်မှာက သေဆုံးသူ ၁၀ ဦး ရှိတယ်လို့ အာဖဂန်နစ္စတန် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးအာဏာပိုင်ရုံးမှ ပြောခွင့်ရသူ ဟတ်ရှ်မတ်ဘာဟာဒူရီက ပြောပါတယ်။

အနောက်ပိုင်းက ဘက်ဂဟစ်ပြည်နယ်မှာ သေဆုံးသူ ရှစ်ဦးရှိပြီး မြောက်ပိုင်း ဘတ်ခ်ပြည်နယ်မှာတော့ ငါးဦး သေဆုံးကြောင်း ဘာဟာဒူရီက ဆိုပါတယ်။ အိမ်ခြေပေါင်း ၃၀၀၀ ကျော်ထက်မနည်း ပျက်စီးတယ်လို့လည်း ၎င်းက ပြောပါတယ်။

ဟာရတ်ပြည်နယ်က ခရိုင် ဆယ်ခရိုင်နဲ့ ဟာရတ်မြို့က အချို့နေရာတွေမှာ ရေကြီးမှုဘေး ပြင်းပြင်းထန်ထန် ကြုံတွေ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး ပြောခွင့်ရသူ ဂျေလာနီဖာဟတ်က ဆိုပါတယ်။

“အိမ်တွေ ရာပေါင်းများစွာ ပျက်စီးပြီး နေရပ်စွန့်ရသူ ထောင်ပေါင်းများစွာ ရှိပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဟာလည်း လမ်းပိုင်းဆက်သွယ်ရေး ညံ့ဖျင်းတာကြောင့် အစွန်အဖျားအရပ်တွေဆီ ရောက်ရှိနိုင်ဖို့ ခက်ခဲလျက်လည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့လ အစောပိုင်းမှာ တောင်ပိုင်း ကန်ဒါဟာပြည်နယ်မှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေ ဖြစ်ပွားခဲ့ရာမှာလည်း  လူပေါင်း ၂၀ သေဆုံးပြီး အိမ်နဲ့ ကားတွေ ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top