20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ေယာကၡမျဖစ္တဲ႕နင့္မိဘအိမ္ေရာငါ့မိဘအိမ္မွာေရာ ငါမေနႏိုင္ဘူး.
ကိစၥတခုခုျဖစ္လာတိုင္းဘယ္သူ့မ်က္နွာျကည့္ေနရလို့ဆိုတဲ့အရွိန္အဝါေအာက္မွာ…
နင္ေရာငါေရာမြန္းက်ပ္မွာစိုးလို့ပါ.

ကိုယ္ပိုင္အိမ္ေလးနဲ႔မေနႏိုင္ေသးရင္ေတာင္အိမ္ေလးငွါးပီးသီးသန္႔ေနၾကမယ္ေလ…
မနက္ေစာေစာနင္စားဖို႔အတြက္…မနက္စာငါျပင္ဆင္ေပးေနတဲ့အခ်ိန္မွာ…
နင္ကတံျမက္စည္းေလးလွည္းေပးေပါ့…

နင္ေရာငါေရာအလုပ္လုပ္ေနရတဲ့အတြက္…ဘယ္သူပဲအရင္ဆံုးျပန္လာလာ ေနာက္က်မွေရာက္တဲ့သူကို…ေရေအးေလးတခြက္နဲ႔ႀကိဳပီးနဖူးေလးေပၚနမ္းလို႔အေမာေျဖၾကမယ္ေလ…

ညစာကိုငါခ်က္ျပဳတ္ျပင္ဆင္ပီးတဲ့အခ်ိန္မွာ…နင္ကထမင္းဝိုင္းကိုကူျပင္ေပးပီး…
ငါကစားေသာက္ပီးပန္းကန္ေဆးေနတ့ဲအခ်ိန္မွာ…နင္ကထမင္းဝိုင္းေလးသိမ္းေပးေပါ့
နင္ေရာငါေရာအလုပ္ပိတ္တဲ့ေန႔ေတြမွာ…ငါအဝတ္ေလွ်ာ္မယ္ေလ …နင္ကဝိုင္းလွန္းေပးေပါ့…

အလုပ္ကိစၥနဲ႔နင္အျပင္သြားလို႔…အခ်ိန္ၾကာတဲ့အခါ ငါစိတ္မပူရေအာင္…
တကူးတကဖုန္းမေခၚဘဲ…မက္ေဆ့ေလးပို႔ထားေပးရင္ပဲရပါပီ…
ငါလဲအဲ့လိုပဲ လုပ္ပါ့မယ္…

ငါဘယ္အခ်ိန္ပဲဖုန္းဆက္ဆက္…နင္အတတ္ႏိုင္ဆံုးကိုင္ေပးပါ…မကိုင္အားေလာက္တဲ့အထိ…
အေရးႀကီးေနရင္ I’ll call you laterေလးေတာ့ျပန္ပို႔ေပးပါ…နင္အလုပ္ကေနအိမ္ျပန္လာလို႔ ပင္ပန္းလာတဲ့အခါ …

အျမင္မေတာ္တာေတြ႔ခဲ့ရင္ ငါ့ကိုမေအာ္ေငါက္ပါနဲ႔…ငါလဲအလုပ္မွာပင္ပန္းလာတာပဲေလ…
အလုပ္ကိစၥပဲျဖစ္ျဖစ္ …ခံစားခ်က္တခုခုပဲျဖစ္ျဖစ္ …မ်ိဳသိပ္မထားပါနဲ႔…ငါ့ကိုေျပာျပပါ…၅ခုေလာက္မွာ၃ခုေလာက္ေတာ့…ငါေျဖ႐ွင္းေပးႏိုင္ပါတယ္…

နင့္ရဲ႕စိတ္ဘယ္အေျခအေနလဲ…ငါသိေအာင္လုပ္ေနသလို နင္လဲငါဘာျဖစ္ေနလဲ သိေအာင္ႀကိဳးစားပါ…ငါ့ေၾကာင့္နဲ႔နင္မ်က္ႏွာပ်က္ရမဲ့…ကိစၥမ႐ွိေအာင္ ငါေနထိုင္မွာမို႔ …
နင့္ေၾကာင့္နဲ႔ ငါမ်က္ႏွာမငယ္ရေအာင္…နင္လဲေနေပးပါ…

လက္ထပ္ပီးဆိုထဲက…ေမာင္တထမ္းမယ္တရြက္ဆိုပီး…ရင္ဆိုင္ၾကမယ္ဆံုးျဖတ္ထားတာပဲေလ…
ငါကခ်က္ျပဳတ္ေလ်ွာ္ဖြတ္ေနတဲ့အခ်ိန္မွာ နင္ကဂိမ္းေဆာ့အျပင္သြားေနမယ္ဆို နင္ယူထားတဲ့…
နင့္ဇနီးငါက အိမ္ေဖာ္မွမဟုတ္တာ…

နင္ကအလုပ္ေတြလုပ္ပင္ပန္းေနတဲ့အခ်ိန္မွာ ငါကတီဗီြၾကည့္…သူမ်ားအိမ္မွာ အတင္း တုတ္ပီးေလ်ွာက္လည္ေနမယ္ဆို…ငါယူထားတဲ့ငါ့ခင္ပြန္းနင္က အလုပ္သမားမွမဟုတ္တာ…

အလုပ္တခုကိုသူ႔အလုပ္ကိုယ့္အလုပ္မကန္႔တြက္ဘဲ၂ေယာက္ခြဲလုပ္ေတာ့ပိုပီးျမန္ရင္ ေစာေစာအနားယူလို႔ရတဲ့အျပင္ ရန္ျဖစ္စရာလဲမ႐ွိေတာ့ စိတ္လဲခ်မ္းသာတာေပါ့.

ခင္ပြန္းျဖစ္တဲ့နင္က…ငါ့ကိုမ်က္ႏွာအညိဳမခံဖူးဖူးမႈတ္ခ်စ္ပီး ဂ႐ုစိုက္အလိုလိုက္တန္ဖိုး ထားမယ္ဆိုရင္…ဇနီးျဖစ္တဲ့ငါက…နင့္ကိုအေလးထားပီးအရိပ္တၾကည့္ၾကည့္နဲ႔ျမတ္ႏိုးအားကိုးမွာဘာ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


ယောက္ခမဖြစ်တဲ့နင့်မိဘအိမ်ရောငါ့မိဘအိမ်မှာရော ငါမနေနိုင်ဘူး.
ကိစ္စတခုခုဖြစ်လာတိုင်းဘယ်သူ့မျက်နှာကြည့်နေရလို့ဆိုတဲ့အရှိန်အဝါအောက်မှာ…
နင်ရောငါရောမွန်းကျပ်မှာစိုးလို့ပါ.

ကိုယ်ပိုင်အိမ်လေးနဲ့မနေနိုင်သေးရင်တောင်အိမ်လေးငှါးပီးသီးသန့်နေကြမယ်လေ…
မနက်စောစောနင်စားဖို့အတွက်…မနက်စာငါပြင်ဆင်ပေးနေတဲ့အချိန်မှာ…
နင်ကတံမြက်စည်းလေးလှည်းပေးပေါ့…

နင်ရောငါရောအလုပ်လုပ်နေရတဲ့အတွက်…ဘယ်သူပဲအရင်ဆုံးပြန်လာလာ နောက်ကျမှရောက်တဲ့သူကို…ရေအေးလေးတခွက်နဲ့ကြိုပီးနဖူးလေးပေါ်နမ်းလို့အမောဖြေကြမယ်လေ…

ညစာကိုငါချက်ပြုတ်ပြင်ဆင်ပီးတဲ့အချိန်မှာ…နင်ကထမင်းဝိုင်းကိုကူပြင်ပေးပီး…
ငါကစားသောက်ပီးပန်းကန်ဆေးနေတဲ့အချိန်မှာ…နင်ကထမင်းဝိုင်းလေးသိမ်းပေးပေါ့
နင်ရောငါရောအလုပ်ပိတ်တဲ့နေ့တွေမှာ…ငါအဝတ်လျှော်မယ်လေ …နင်ကဝိုင်းလှန်းပေးပေါ့…

အလုပ်ကိစ္စနဲ့နင်အပြင်သွားလို့…အချိန်ကြာတဲ့အခါ ငါစိတ်မပူရအောင်…
တကူးတကဖုန်းမခေါ်ဘဲ…မက်ဆေ့လေးပို့ထားပေးရင်ပဲရပါပီ…
ငါလဲအဲ့လိုပဲ လုပ်ပါ့မယ်…

ငါဘယ်အချိန်ပဲဖုန်းဆက်ဆက်…နင်အတတ်နိုင်ဆုံးကိုင်ပေးပါ…မကိုင်အားလောက်တဲ့အထိ…
အရေးကြီးနေရင် I’ll call you laterလေးတော့ပြန်ပို့ပေးပါ…နင်အလုပ်ကနေအိမ်ပြန်လာလို့ ပင်ပန်းလာတဲ့အခါ …

အမြင်မတော်တာတွေ့ခဲ့ရင် ငါ့ကိုမအော်ငေါက်ပါနဲ့…ငါလဲအလုပ်မှာပင်ပန်းလာတာပဲလေ…
အလုပ်ကိစ္စပဲဖြစ်ဖြစ် …ခံစားချက်တခုခုပဲဖြစ်ဖြစ် …မျိုသိပ်မထားပါနဲ့…ငါ့ကိုပြောပြပါ…၅ခုလောက်မှာ၃ခုလောက်တော့…ငါဖြေရှင်းပေးနိုင်ပါတယ်…

နင့်ရဲ့စိတ်ဘယ်အခြေအနေလဲ…ငါသိအောင်လုပ်နေသလို နင်လဲငါဘာဖြစ်နေလဲ သိအောင်ကြိုးစားပါ…ငါ့ကြောင့်နဲ့နင်မျက်နှာပျက်ရမဲ့…ကိစ္စမရှိအောင် ငါနေထိုင်မှာမို့ …
နင့်ကြောင့်နဲ့ ငါမျက်နှာမငယ်ရအောင်…နင်လဲနေပေးပါ…

လက်ထပ်ပီးဆိုထဲက…မောင်တထမ်းမယ်တရွက်ဆိုပီး…ရင်ဆိုင်ကြမယ်ဆုံးဖြတ်ထားတာပဲလေ…
ငါကချက်ပြုတ်လျှော်ဖွတ်နေတဲ့အချိန်မှာ နင်ကဂိမ်းဆော့အပြင်သွားနေမယ်ဆို နင်ယူထားတဲ့…
နင့်ဇနီးငါက အိမ်ဖော်မှမဟုတ်တာ…

နင်ကအလုပ်တွေလုပ်ပင်ပန်းနေတဲ့အချိန်မှာ ငါကတီဗွီကြည့်…သူများအိမ်မှာ အတင်း တုတ်ပီးလျှောက်လည်နေမယ်ဆို…ငါယူထားတဲ့ငါ့ခင်ပွန်းနင်က အလုပ်သမားမှမဟုတ်တာ…

အလုပ်တခုကိုသူ့အလုပ်ကိုယ့်အလုပ်မကန့်တွက်ဘဲ၂ယောက်ခွဲလုပ်တော့ပိုပီးမြန်ရင် စောစောအနားယူလို့ရတဲ့အပြင် ရန်ဖြစ်စရာလဲမရှိတော့ စိတ်လဲချမ်းသာတာပေါ့.

ခင်ပွန်းဖြစ်တဲ့နင်က…ငါ့ကိုမျက်နှာအညိုမခံဖူးဖူးမှုတ်ချစ်ပီး ဂရုစိုက်အလိုလိုက်တန်ဖိုး ထားမယ်ဆိုရင်…ဇနီးဖြစ်တဲ့ငါက…နင့်ကိုအလေးထားပီးအရိပ်တကြည့်ကြည့်နဲ့မြတ်နိုးအားကိုးမှာဘာ

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top