မနၱေလးတိုင္းေဒသျကီး၊ ခ်မ္းေအးသာစံျမို့နယ္တြင္ လူမႈကြန္ရက္စာမ်က္နွာမွတဆင့္ ကာမစိတ္ျကြေဆးဝါး မ်ား ေရာင္းခ်ေနသူကို ရဲတပ္ဖြဲ့မွ ဆက္သြယ္ခ်ိန္းဆိုကာ အသြင္ယူဖမ္းဆီးခဲ့ေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ့မွ သိရသည္။

အဆိုပါ ကာမစိတ္ျကြေဆးမ်ားေရာင္းခ်ေနသူမွာ မဟာေအာင္ ေျမ ျမို့နယ္၊ ေဒးဝန္းအေရွ့ ရပ္ကြက္ေန အသက္ ၃ဝ အရြယ္ သက္ထြဋ္ေအာင္(ခ)ရွက္ဖီးဆိုသူ ျဖစ္ေျကာင္း ရဲတပ္ဖြဲ့မွ ဧျပီလ ၃ ရက္ေန့၊ ညပိုင္းတြင္ သတင္းထုတ္ျပန္ထားသည္။

မနၱေလးခရိုင္ရဲတပ္ဖြဲ့မႉးရံုးမွတပ္ဖြဲ့ဝင္မ်ား၊ အမွတ္(၈)ျမို့မရဲစခန္းမွတပ္ဖြဲ့ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ့ သည္ သက္ေသမ်ားနွင့္အတူ နယ္ေျမအတြင္းသတင္းစံုစမ္းေနစဥ္ကာမ စိတ္ျကြေဆးဝါးမ်ားအား Facebook Online မွတစ္ဆင့္ ေရာင္းခ်ေနေျကာင္း သတင္းရရွိခဲ့ေျကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို့ေျကာင့္ ဧျပီလ ၂ ရက္ေန့၊ မြန္းလြဲ ၁ နာရီခန့္တြင္ အြန္လိုင္းတြင္ ပါရွိသည့္ ဖုန္းနံပါတ္ကို ရဲတပ္ဖြဲ့မွ ဆက္သြယ္ခဲ့ျပီး ကာမစိတ္ျကြေဆးဝါးမ်ား လိုခ်င္ေျကာင္း ဖုန္းဆက္ေျပာဆို၍ ၂၈ လမ္း၊ ၇၆×၇၇ လမ္းၾကားသို့ ခ်ိန္းဆိုခဲ့ေျကာင္း သိရသည္။

ထိုသို့ ခ်ိန္းဆိုျပီး ယင္းေနရာမွ ေစာင့္ဆိုင္းေနစဉ္ အသက္ ၃ဝ အရြယ္ သက္ထြဋ္ေအာင္(ခ) ရွက္ဖီးဆိုသူ ေရာက္ရွိလာျပီး ရွာေဖြစစ္ေဆးခဲ့ရာ ၄င္းထံမွ ကာမစိတ္ျကြေဆးဝါးမ်ားနွင့္ဆက္ စပ္ပစၥည္းမ်ား၊ ေရာင္းရေငြမ်ား နွင့္အတူ ေတြ့ရွိဖမ္းဆီးရမိခဲ့ေသာေျကာင့္ ခ်မ္းေအးသာ စံျမို့မရဲစခန္း၌ (ပ)၃ဝ၉/၂ဝ၁၉၊ အမ်ိုးသား ေဆးဝါးအက္ဥပေဒပုဒ္မ ၁၈ ျဖင့္ အမႈဖြင့္အေရးယူထားေျကာင္း သိရသည္။

သက္ထြဋ္ေအာင္(ခ)ရွက္ဖီးအား စစ္ေမးရာ ၄င္းေနထိုင္သည့္ Lucky 7 ေဆးဆိုင္အတြင္း၌ ကာမစိတ္ၾကြ ေဆးဝါးမ်ား က်န္ရွိေနေသးေျကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ သက္ဆိုင္ရာအဖြဲ့ အစည္းမ်ားျဖင့္ အဆိုပါ ဆိုင္သို့ သြားေရာက္ရွာေဖြခဲ့ရာ ကာမစိတ္ျကြေဆးဝါးမ်ိုးစံု၊ စုစုေပါင္း တန္ဖိုးေငြက်ပ္ ၄ သိန္းခြဲေက်ာ္ (၄၆၅,၂၀ဝ)ကို ေတြ့ရွိသိမ္းဆည္းရမိခဲ့ေျကာင္း ရဲထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

ထို့ေျကာင့္ သက္ထြဋ္ေအာင္(ခ)ရွက္ဖီးကို ထပ္မံျပီး အမွတ္(၇)နယ္ေျမရဲစခန္းတြင္ (ပ)၂၈ဝ/၂ဝ၁၉၊ အမ်ိုးသား ေဆးဝါးအက္ဥပေဒပုဒ္မ ၁၈ ျဖင့္ အမႈဖြင့္အေရးယူထားေျကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ကာမစိတ်ကြွဆေးဝါး များ ရောင်းချနေသူကို ရဲတပ်ဖွဲ့မှ ဆက်သွယ်ချိန်းဆိုကာ အသွင်ယူဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ကာမစိတ်ကြွဆေးများရောင်းချနေသူမှာ မဟာအောင် မြေ မြို့နယ်၊ ဒေးဝန်းအရှေ့ ရပ်ကွက်နေ အသက် ၃ဝ အရွယ် သက်ထွဋ်အောင်(ခ)ရှက်ဖီးဆိုသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဧပြီလ ၃ ရက်နေ့၊ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၈)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် သက်သေများနှင့်အတူ နယ်မြေအတွင်းသတင်းစုံစမ်းနေစဉ်ကာမ စိတ်ကြွဆေးဝါးများအား Facebook Online မှတစ်ဆင့် ရောင်းချနေကြောင်း သတင်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဧပြီလ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်တွင် အွန်လိုင်းတွင် ပါရှိသည့် ဖုန်းနံပါတ်ကို ရဲတပ်ဖွဲ့မှ ဆက်သွယ်ခဲ့ပြီး ကာမစိတ်ကြွဆေးဝါးများ လိုချင်ကြောင်း ဖုန်းဆက်ပြောဆို၍ ၂၈ လမ်း၊ ၇၆×၇၇ လမ်းကြားသို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ချိန်းဆိုပြီး ယင်းနေရာမှ စောင့်ဆိုင်းနေစဉ် အသက် ၃ဝ အရွယ် သက်ထွဋ်အောင်(ခ) ရှက်ဖီးဆိုသူ ရောက်ရှိလာပြီး ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းထံမှ ကာမစိတ်ကြွဆေးဝါးများနှင့်ဆက် စပ်ပစ္စည်းများ၊ ရောင်းရငွေများ နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် ချမ်းအေးသာ စံမြို့မရဲစခန်း၌ (ပ)၃ဝ၉/၂ဝ၁၉၊ အမျိုးသား ဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သက်ထွဋ်အောင်(ခ)ရှက်ဖီးအား စစ်မေးရာ ၎င်းနေထိုင်သည့် Lucky 7 ဆေးဆိုင်အတွင်း၌ ကာမစိတ်ကြွ ဆေးဝါးများ ကျန်ရှိနေသေးကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာအဖွဲ့ အစည်းများဖြင့် အဆိုပါ ဆိုင်သို့ သွားရောက်ရှာဖွေခဲ့ရာ ကာမစိတ်ကြွဆေးဝါးမျိုးစုံ၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၄ သိန်းခွဲကျော် (၄၆၅,၂၀ဝ)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် သက်ထွဋ်အောင်(ခ)ရှက်ဖီးကို ထပ်မံပြီး အမှတ်(၇)နယ်မြေရဲစခန်းတွင် (ပ)၂၈ဝ/၂ဝ၁၉၊ အမျိုးသား ဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top