20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

နားစည္ဆိုတာ အသံဝင္လာရင္ လက္ခံၿပီးေတာ့ တုန္ခါေပးတဲ့ အလႊာပါးေလး ျဖစ္တယ္။ သူက တုန္ခါေပးလို႔သာ နားၾကားရတာပါ။ ဒါေၾကာင့္ နားစည္ ေပါက္ထြက္သြားရင္ နားမၾကားရေတာ့ဘူး။

          ကဲ၊ ဒါဆိုရင္ ဒီေလာက္ေၾကာက္စရာေကာင္းတဲ့ နားစည္ေပါက္တာ ဘာေၾကာင့္ျဖစ္လဲ ၾကည့္ရေအာင္ေနာ္။

●        နားပိုးဝင္တာ : နားပိုးဝင္ရင္ အထဲမွာ အရည္ေတြစုလာၿပီး ေပါက္ထြက္တတ္ပါတယ္။

●        ဖိအားေျပာင္းလဲတာ : ေရေအာက္ငုပ္တာ၊ ေလယာဥ္စီးတာ၊ ေတာင္တက္တာ၊ နားကို ႐ိုက္မိတာ စသျဖင့္ ဒီလိုအေျခအေနေတြမွာ ဖိအားမညီမွ်ဘဲ နားစည္ ေပါက္တတ္တယ္။

●        နားကို ထိခိုက္မိတာ : နားကိုပဲျဖစ္ျဖစ္၊ ေခါင္းေဘးကုိပဲျဖစ္ျဖစ္ ခိုက္မိတာ၊ နားထဲ ပစၥည္းတစ္ခုခု ထည့္တာ၊ အသံက်ယ္ႀကီးေတြေၾကာင့္ ျဖစ္တတ္တယ္။

          နားစည္ေပါက္ရင္ ဘယ္လိုလကၡဏာေတြနဲ႔ လာတတ္တယ္ဆိုတာ သိထားသင့္တယ္ေနာ္။

●        နာတာ

●        အရည္ေတြ ထြက္လာတာ (အရည္ၾကည္၊ ေသြး၊ ျပည္)

●        ခဏတာ အၾကားအာ႐ံု ခ်ိဳ႕ယြင္းတာ

●        နားအူတာ၊ မူးေဝတာေတြ ျဖစ္တတ္တယ္။



>>    နားစည္ေပါက္တာ ေသခ်ာေအာင္ဆိုရင္ -

●        နားကထြက္တဲ့ အရည္ကို ပိုးစစ္တာ

●        နားထဲၾကည့္ ပစၥည္းေလးနဲ႔ ထိုးၾကည့္တာ

●        အၾကားအာ႐ံုကို စစ္ေဆးတာ

●        နားဖိအား စစ္ေဆးတာ

          ဒီလိုစစ္ေဆးမႈေတြ လိုႏိုင္တယ္။ ပိုၿပီး စစ္ၾကည့္ဖို႔လိုရင္ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္း ဆရာဝန္ဆီ လႊဲေပးလိမ့္မယ္။

>>    နားစည္ ေပါက္သြားၿပီဆိုရင္ ဘယ္လိုကုၾကမလဲ?

ဖာျခင္း : ေပါက္သြားတဲ့ေနရာမွာ ပလာစတာေလးလို အဖတ္ကေလးကပ္ထားတာပါ။

ပိုးသတ္ေဆး

ခြဲစိတ္ျခင္း : တစ္ခါတေလ ခြဲစိတ္ၿပီး ျပန္ဖာဖို႔ လိုႏိုင္တယ္။

>>    အိမ္မွာေရာ ဘယ္လိုေတြ သက္သာေအာင္ လုပ္လို႔ရႏိုင္မလဲ?

          နာတာ သက္သာေအာင္ အကိုက္အခဲေပ်ာက္ေဆး ေသာက္ၿပီး နားကို အပူအိတ္ေလး ကပ္ေပးပါေနာ္။

          နားအူတာ သက္သာေအာင္ နားမႈတ္ထုတ္တာမ်ိဳး မလုပ္နဲ႔ေနာ္။ နားထဲ ဖိအား ပိုမ်ားလာႏိုင္တယ္။

          ဆရာဝန္ မထည့္ခိုင္းဘဲ နားထည့္ေဆးေတြ မထည့္နဲ႔။


>>    ကေလးေတြမွာ နားစည္ေပါက္ရင္

          ကေလးေတြရဲ႕နားစည္ဟာ ပါးၿပီး ႏူးညံ့တဲ့အတြက္ ပိုၿပီးေပါက္လြယ္ပါတယ္။ နားၾကပ္တံ၊ ခဲတံေတြေၾကာင့္ ေပါက္တတ္တယ္။

          နား ပိုးဝင္လို႔ ေပါက္တာ ပိုမ်ားတယ္။ အထူးသျဖင့္ ေန႔ကေလးထိန္းမွာ ေနရတဲ့ကေလးေတြနဲ႔ ႏို႔ဘူး လွဲစို႔ရတဲ့ကေလးေတြမွာ ပိုျဖစ္ႏိုင္တယ္။

          ဒါေၾကာင့္ ကေလးမွာ -

●        နားကိုက္တာ

●        နားျပည္ေတြ ေသြးေတြယိုတာ

●        ပ်ိဳ႕အန္တာ၊ ေခါင္းမူးတာ

●        နားအူတာေတြရွိရင္ ဆရာဝန္နဲ႔ ျပေပးပါ။

          ကေလးေတြမွာ နားစည္ေပါက္ရင္ အၾကားအာ႐ံု ခ်ိဴ႕ယြင္းႏိုင္တဲ့အတြက္ေၾကာင့္ ကေလးကို နားထဲပစၥည္းေတြ မထည့္ဖို႔ သင္ေပးပါ။ ဖ်ားတုန္း၊ ထိပ္ကပ္နာထတုန္း ေလယာဥ္ မစီးေစနဲ႔ေနာ္။

          ေပ်ာက္ေအာင္ ဘယ္လုိလုပ္ရမလဲဆိုတာ အေရးႀကီးလာၿပီေပါ့။

          ဘာေထြေထြထူးထူး ကုသမႈေတြမွ မလိုတတ္ပါဘူး။ ခဏတျဖဳတ္ေလးပဲ အၾကားအာ႐ံု ထိခုိက္ၿပီး ကုသၿပီး မၾကာခင္မွာတင္ ျပန္ေကာင္းတတ္တယ္။

          အေရးႀကီးတာ ေနာက္ထပ္မျဖစ္ေအာင္ ဘယ္လို ကာကြယ္ၾကမလဲ ဆိုတာပါပဲေနာ္။

●        ေနာက္ထပ္ ပိုးမဝင္ေအာင္ ေျခာက္ေျခာက္ေသြ႕ေသြ႕ထားပါ။

●        နားထဲ ေရမဝင္ေအာင္ နားအဆို႔ စိုၿပီး ေရခ်ိဳးပါ။

●        နားမေကာင္းမခ်င္း ေရမကူးနဲ။

●        ပိုးဝင္ရင္ ခ်က္ခ်င္းကုပါ။

●        နားဖိအား ညီမွ်ေအာင္ ပီေက ဝါးတာ၊ သန္းတာမ်ိဳး လုပ္ေပးပါ။

●        နားဖာေခ်းေတြကို အတင္း ကေလာ္တာမ်ိဳး မလုပ္နဲ႔ေနာ္။

●        အရမ္းဆူဆူညံညံေတြ ၾကားရမယ္မွန္း သိရင္ နားအစို႔ စို႔ထားေပးပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Mya Phoo Ngon (www.drmyanmar.com)
#Unicode Version#
နားစည်ဆိုတာ အသံဝင်လာရင် လက်ခံပြီးတော့ တုန်ခါပေးတဲ့ အလွှာပါးလေး ဖြစ်တယ်။ သူက တုန်ခါပေးလို့သာ နားကြားရတာပါ။ ဒါကြောင့် နားစည် ပေါက်ထွက်သွားရင် နားမကြားရတော့ဘူး။

          ကဲ၊ ဒါဆိုရင် ဒီလောက်ကြောက်စရာကောင်းတဲ့ နားစည်ပေါက်တာ ဘာကြောင့်ဖြစ်လဲ ကြည့်ရအောင်နော်။

●        နားပိုးဝင်တာ : နားပိုးဝင်ရင် အထဲမှာ အရည်တွေစုလာပြီး ပေါက်ထွက်တတ်ပါတယ်။

●        ဖိအားပြောင်းလဲတာ : ရေအောက်ငုပ်တာ၊ လေယာဉ်စီးတာ၊ တောင်တက်တာ၊ နားကို ရိုက်မိတာ စသဖြင့် ဒီလိုအခြေအနေတွေမှာ ဖိအားမညီမျှဘဲ နားစည် ပေါက်တတ်တယ်။

●        နားကို ထိခိုက်မိတာ : နားကိုပဲဖြစ်ဖြစ်၊ ခေါင်းဘေးကိုပဲဖြစ်ဖြစ် ခိုက်မိတာ၊ နားထဲ ပစ္စည်းတစ်ခုခု ထည့်တာ၊ အသံကျယ်ကြီးတွေကြောင့် ဖြစ်တတ်တယ်။

          နားစည်ပေါက်ရင် ဘယ်လိုလက္ခဏာတွေနဲ့ လာတတ်တယ်ဆိုတာ သိထားသင့်တယ်နော်။

●        နာတာ

●        အရည်တွေ ထွက်လာတာ (အရည်ကြည်၊ သွေး၊ ပြည်)

●        ခဏတာ အကြားအာရုံ ချို့ယွင်းတာ

●        နားအူတာ၊ မူးဝေတာတွေ ဖြစ်တတ်တယ်။


>>    နားစည်ပေါက်တာ သေချာအောင်ဆိုရင် -

●        နားကထွက်တဲ့ အရည်ကို ပိုးစစ်တာ

●        နားထဲကြည့် ပစ္စည်းလေးနဲ့ ထိုးကြည့်တာ

●        အကြားအာရုံကို စစ်ဆေးတာ

●        နားဖိအား စစ်ဆေးတာ

          ဒီလိုစစ်ဆေးမှုတွေ လိုနိုင်တယ်။ ပိုပြီး စစ်ကြည့်ဖို့လိုရင် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ဆီ လွှဲပေးလိမ့်မယ်။

>>    နားစည် ပေါက်သွားပြီဆိုရင် ဘယ်လိုကုကြမလဲ?

ဖာခြင်း : ပေါက်သွားတဲ့နေရာမှာ ပလာစတာလေးလို အဖတ်ကလေးကပ်ထားတာပါ။

ပိုးသတ်ဆေး

ခွဲစိတ်ခြင်း : တစ်ခါတလေ ခွဲစိတ်ပြီး ပြန်ဖာဖို့ လိုနိုင်တယ်။

>>    အိမ်မှာရော ဘယ်လိုတွေ သက်သာအောင် လုပ်လို့ရနိုင်မလဲ?

          နာတာ သက်သာအောင် အကိုက်အခဲပျောက်ဆေး သောက်ပြီး နားကို အပူအိတ်လေး ကပ်ပေးပါနော်။

          နားအူတာ သက်သာအောင် နားမှုတ်ထုတ်တာမျိုး မလုပ်နဲ့နော်။ နားထဲ ဖိအား ပိုများလာနိုင်တယ်။

          ဆရာဝန် မထည့်ခိုင်းဘဲ နားထည့်ဆေးတွေ မထည့်နဲ့။


>>    ကလေးတွေမှာ နားစည်ပေါက်ရင်

          ကလေးတွေရဲ့နားစည်ဟာ ပါးပြီး နူးညံ့တဲ့အတွက် ပိုပြီးပေါက်လွယ်ပါတယ်။ နားကြပ်တံ၊ ခဲတံတွေကြောင့် ပေါက်တတ်တယ်။

          နား ပိုးဝင်လို့ ပေါက်တာ ပိုများတယ်။ အထူးသဖြင့် နေ့ကလေးထိန်းမှာ နေရတဲ့ကလေးတွေနဲ့ နို့ဘူး လှဲစို့ရတဲ့ကလေးတွေမှာ ပိုဖြစ်နိုင်တယ်။

          ဒါကြောင့် ကလေးမှာ -

●        နားကိုက်တာ

●        နားပြည်တွေ သွေးတွေယိုတာ

●        ပျို့အန်တာ၊ ခေါင်းမူးတာ

●        နားအူတာတွေရှိရင် ဆရာဝန်နဲ့ ပြပေးပါ။

          ကလေးတွေမှာ နားစည်ပေါက်ရင် အကြားအာရုံ ချိူ့ယွင်းနိုင်တဲ့အတွက်ကြောင့် ကလေးကို နားထဲပစ္စည်းတွေ မထည့်ဖို့ သင်ပေးပါ။ ဖျားတုန်း၊ ထိပ်ကပ်နာထတုန်း လေယာဉ် မစီးစေနဲ့နော်။

          ပျောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အရေးကြီးလာပြီပေါ့။

          ဘာထွေထွေထူးထူး ကုသမှုတွေမှ မလိုတတ်ပါဘူး။ ခဏတဖြုတ်လေးပဲ အကြားအာရုံ ထိခိုက်ပြီး ကုသပြီး မကြာခင်မှာတင် ပြန်ကောင်းတတ်တယ်။

          အရေးကြီးတာ နောက်ထပ်မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ ဆိုတာပါပဲနော်။

●        နောက်ထပ် ပိုးမဝင်အောင် ခြောက်ခြောက်သွေ့သွေ့ထားပါ။

●        နားထဲ ရေမဝင်အောင် နားအဆို့ စိုပြီး ရေချိုးပါ။

●        နားမကောင်းမချင်း ရေမကူးနဲ။

●        ပိုးဝင်ရင် ချက်ချင်းကုပါ။

●        နားဖိအား ညီမျှအောင် ပီကေ ဝါးတာ၊ သန်းတာမျိုး လုပ်ပေးပါ။

●        နားဖာချေးတွေကို အတင်း ကလော်တာမျိုး မလုပ်နဲ့နော်။

●        အရမ်းဆူဆူညံညံတွေ ကြားရမယ်မှန်း သိရင် နားအစို့ စို့ထားပေးပါ။

ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Mya Phoo Ngon (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top