မႏၲေလးတိုင္းေဒသႀကီး မိတီၳလာၿမိဳ႕ ရန္မ်ိဳးေအာင္ရပ္ကြက္ ေအာင္စပယ္ကုန္းမွာ ဒီေန႔မနက္ ၄ နာရီေလာက္က လွ်ပ္စစ္ဟင္းအုိး အပူလြန္ကဲရာမွာ မီးေလာင္ကၽြမ္းခဲ့တာေၾကာင့္ လူေနအိမ္ အလုံး ၂၀ ပ်က္စီး ဆုံး႐ႈံးခဲ့တယ္လုိ႔ မိတီၳလာခ႐ုိင္ မီးသတ္တပ္ဖြဲ႔က ေျပာပါတယ္။

ေအာင္စပယ္ ၁ လမ္းေန ဆိုင္ကယ္ ကယ္ရီေမာင္းသူ ကုိေဇာ္ဦးရဲ႕ ေျမစုိက္ထရံကာ တထပ္အိမ္မွာ လွ်ပ္စစ္ဟင္းအုိး အပူလြန္ကဲၿပီး ပလပ္ဝါယာမွတဆင့္ ထရံကုိ ကူးစက္ မီးေလာင္ခ့ဲတာပါ။

ေနအိမ္မီးေလာင္ဆုံး႐ႈံးခဲ့တဲ့ မီးေဘးသင့္ျပည္သူ ၉၇ ဦးကုိ ရန္မ်ိဳးေအာင္ရပ္ကြက္အတြင္းက ေအာင္စပယ္ဓမၼ႐ုံမွာ ေနရာခ်ထားေပးပါတယ္။

ခ႐ုိင္မီးသတ္တပ္ဖြဲ႔ဦးစီးမႉး လက္ေထာက္ညႊန္မႉး ဦးေက်ာ္ဆန္းက “လမ္းေတြက က်ဥ္းလြန္းေတာ့ မီးသတ္ကား အဝင္အထြက္ ခက္ခဲတယ္။ မီးသတ္ကား အစီး ၂၀ သေႏၶအရံ မီးသတ္တပ္ဖြဲ႔ဝင္ ၁၀၉ ဦးတို႔နဲ႔ မီးၿငိႇမ္းသတ္တယ္၊ လုပ္သားျပည္သူနဲ႔ တပ္မေတာ္သားေတြက ဝုိင္းဝန္း မီးၿငိႇမ္းေပးတယ္။ ေရဂါလန္ ၂ ေသာင္း ၆ ေထာင္ေလာက္သုံးရတယ္။ လူနဲ႔တိရစာၦန္ ထိခိုက္မႈ မရွိပါဘူး။ ဆုံး႐ႈံးမႈတန္ဖိုး ၁၈ သိန္း ၈ ေသာင္း ခန္႔မွန္းထားတယ္” လုိ႔ ဒီဗီြဘီကုိ ေျပာပါတယ္။

ေဒသခံ ကုိေအာင္ဝင္းက “မီးေလာင္တာ ၾကာလွ နာရီဝက္ေက်ာ္ေလးေပါ့။ ဆုံး႐ႈံးမႈေတြကေတာ့ မ်ားကုန္တယ္။ မိတီၳလာနဲ႔ နီးတဲ့ၿမိဳ႕ေတြ၊ သီးကုန္းအျမန္လမ္း မီးသတ္ကားနဲ႔

တပ္မေတာ္ဘက္က လာၾကတယ္။ လမ္းေတြက မီးသတ္ကား အဝင္အထြက္ ခက္တယ္”လုိ႔ ေျပာပါတယ္။

ကုိေဇာ္ဦးအား မီေပါ့ဆ၍ မီးေလာင္ေစမႈ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ နဲ႔ မိတီၳလာအမွတ္ ၂ ရဲစခန္းမွာ အမႈဖြင့္ထားတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေမာင္ေမာင္လင္း
DVB

#Unicode Version#
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် အောင်စပယ်ကုန်းမှာ ဒီနေ့မနက် ၄ နာရီလောက်က လျှပ်စစ်ဟင်းအိုး အပူလွန်ကဲရာမှာ မီးလောင်ကျွမ်းခဲ့တာကြောင့် လူနေအိမ် အလုံး ၂၀ ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ မိတ္ထီလာခရိုင် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

အောင်စပယ် ၁ လမ်းနေ ဆိုင်ကယ် ကယ်ရီမောင်းသူ ကိုဇော်ဦးရဲ့ မြေစိုက်ထရံကာ တထပ်အိမ်မှာ လျှပ်စစ်ဟင်းအိုး အပူလွန်ကဲပြီး ပလပ်ဝါယာမှတဆင့် ထရံကို ကူးစက် မီးလောင်ခဲ့တာပါ။

နေအိမ်မီးလောင်ဆုံးရှုံးခဲ့တဲ့ မီးဘေးသင့်ပြည်သူ ၉၇ ဦးကို ရန်မျိုးအောင်ရပ်ကွက်အတွင်းက အောင်စပယ်ဓမ္မရုံမှာ နေရာချထားပေးပါတယ်။

ခရိုင်မီးသတ်တပ်ဖွဲ့ဦးစီးမှူး လက်ထောက်ညွှန်မှူး ဦးကျော်ဆန်းက “လမ်းတွေက ကျဉ်းလွန်းတော့ မီးသတ်ကား အဝင်အထွက် ခက်ခဲတယ်။ မီးသတ်ကား အစီး ၂၀ သန္ဓေအရံ မီးသတ်တပ်ဖွဲ့ဝင် ၁၀၉ ဦးတို့နဲ့ မီးငြှိမ်းသတ်တယ်၊ လုပ်သားပြည်သူနဲ့ တပ်မတော်သားတွေက ဝိုင်းဝန်း မီးငြှိမ်းပေးတယ်။ ရေဂါလန် ၂ သောင်း ၆ ထောင်လောက်သုံးရတယ်။ လူနဲ့တိရစ္ဆာန် ထိခိုက်မှု မရှိပါဘူး။ ဆုံးရှုံးမှုတန်ဖိုး ၁၈ သိန်း ၈ သောင်း ခန့်မှန်းထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံ ကိုအောင်ဝင်းက “မီးလောင်တာ ကြာလှ နာရီဝက်ကျော်လေးပေါ့။ ဆုံးရှုံးမှုတွေကတော့ များကုန်တယ်။ မိတ္ထီလာနဲ့ နီးတဲ့မြို့တွေ၊ သီးကုန်းအမြန်လမ်း မီးသတ်ကားနဲ့

တပ်မတော်ဘက်က လာကြတယ်။ လမ်းတွေက မီးသတ်ကား အဝင်အထွက် ခက်တယ်”လို့ ပြောပါတယ်။

ကိုဇော်ဦးအား မီပေါ့ဆ၍ မီးလောင်စေမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ မိတ္ထီလာအမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:မောင်မောင်လင်း

DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top