ပဲခူးကစက္႐ုံမွာ အစုလိုက္အၿပဳံလိုက္သရဲပူးတယ္ဆိုၿပီး လူမႈကြန္ယက္ေပၚပါလာေတာ့ ဟိုးေလးတေက်ာ္ေပါ့ ။အခုမွၾကားဖူးတဲ့မိတ္ေဆြေတြက အံၾသၾကတာေပါ့ ထူးဆန္းတဲ့ကိစၥကိုး ….

ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ကေတာ့ မထူးဆန္းေတာ့ပါဘူး မထူးဆန္းေတာ့ဘူးဆိုလို႔ ဘာဆရာလား ညာဆရာလား ထင္ေနၾကဦးမယ္ ဘာဆရာမွမဟုတ္ပါဘူး ဒါေပမယ့္ ခဏခဏႀကဳံဖူးေနၾကားဖူးေနလို႔ပါ။လႈိင္သာယာ စက္မႈဇုန္ေတြမွာဆို သရဲပူးတာ ဖက္ရွင္တခုအလားပါပဲ ။ လူမႈကြန္ယက္ေပၚမပါလို႔သာပါ ႏွစ္ေပါင္းမ်ားေနပါၿပီ အခုမွမဟုတ္ပါဘူး။

ဒီလိုကိစၥ မ်ိဳးေတြက တပုံစံတည္းနီးပါ တူေနၾကတဲ့ ျဖစ္စဥ္ေတြပါ ။ အထူးသျဖင့္ႀကဳံေလ့ ျဖစ္ေလ့ အမ်ားဆုံး က မိန္းကေလး အလုပ္သမား မ်ားမ်ားရွိတဲ့ စက္႐ုံ (အထည္ခ်ဳပ္စက္႐ုံ)ေတြမွာျဖစ္ေလ့ျဖစ္ထရွိပါတယ္။ အဲ့လိုစက္႐ုံေတြမွာ အလုပ္လုပ္ၾကတဲ့ လုပ္သားအမ်ားစုက နယ္ဘက္ ေတာဘက္ေတြ ကေန စက္႐ုံအလုပ္႐ုံေတြရွိတဲ့ ၿမိဳ႕ေတြ အခု ရန္ကုန္လႈိင္သာယာတို႔ ေ႐ႊလင္ဗန္းတို႔မွာ လာေရာက္လုပ္ကိုင္ၾကရတာပါ။

ေတာနယ္ဘက္ေတြဆိုတာသိတဲ့အတိုင္း အယူသီးၾက စုန္းတို႔ ကေဝတို႔ တေစၦ သရဲဆိုတာေတြကို ယုံတတ္ေၾကာက္တတ္ ၾကတယ္ …. ေရာဂါ တခုခုစြဲကပ္ေနရင္ေတာင္ လူျပဳစားတယ္ဆိုတာမ်ိဳးပဲ စိတ္စြဲေနၾကတုန္း ပစၥည္း ေပ်ာက္ရင္ ေဗဒင္ေမးၿပီး ယၾတာေခ်ရင္ ျပန္ရတယ္လို႔ ယုံၾကတုန္း အဲ့လို ပတ္ဝန္းက်င္ ေနရာေဒသကလာၾကတဲ့သူမ်ားတယ္ ။

(ရန္ကုန္နဲ႔ မေဝးတဲ့ တြံေတးမွာေတာင္ ဟိုတေလာက မေကာင္းဆိုးဝါး ထုတ္တယ္ဆိုၿပီး မိဘေတြေရွ႕တင္ ဆရာဆိုတဲ့သူ ႐ိုက္ႏွက္လို႔ လူမမယ္ကေလး ငယ္ေတြေသခဲ့ၾကတာ သတိရမယ္ထင္ပါတယ္)စက္႐ုံအလုပ္႐ုံေတြကို ဝမ္းေရးအတြက္ လာေရာက္အလုပ္လုပ္ကိုင္ၾကတဲ့ အလုပ္သမေလးေတြမွာလည္း ပညာအေျခခံအားနည္းတယ္ ဗဟုသုတ မရွိဘူး မိ႐ိုးဖလာ အယူစြဲေတြနဲ႔ ပဲ ႀကီးျပင္းလာၾကတယ္။

ၿမိဳ႕ကိုေရာက္လာတယ္ ဆိုေပမယ့္လည္း မိဘညီအစ္ကိုေမာင္ႏွမ အရိပ္ေအာက္ကထြက္ၿပီး စက္႐ုံအလုပ္႐ုံနဲ႔ နီးတဲ့ ေနရာမွာ အေဆာင္ငွါးၿပီးေနၾကရတယ္ ေနရာေဒသေပါင္းစုံက စ႐ိုက္ေပါင္းစုံ လူေပါင္းစုံေတြနဲ႔ ေတြ႕ရဆုံရ ႀကဳံၾကရတယ္ ျပသာနာေပါင္းစုံလည္းႀကဳံရတယ္ …. မိဘမ်က္စိေရွ႕ေနၾကရတာမဟုတ္ေတာ့ အိပ္ခ်င္တဲ့အခ်ိန္မွအိပ္ စားခ်င္တဲ့ အခ်ိန္မွ စား ၾကတယ္ အအိပ္အစားသာမမွန္တာ အခ်ိန္တန္ရင္ အလုပ္အခ်ိန္မွန္လုပ္ၾကရတယ္ ။

မအိပ္မစားတဲ့ရက္ေတြကၾကာ အေဝးမွာက်န္ခဲ့တဲ့ မိသားစု မိဘေတြရဲ႕ အဆင္မေျပမႈေတြ သမီးရည္းစားကိစၥ မေျပလည္ တာေတြ စုံလာတဲ့အခါ အလုပ္ထဲေရာက္ေတာ့ ေတာင္ေတြးေျမာက္ေတြး ေတာင္ထင္ေျမာက္ထင္ ေတာင္ျမင္ေျမာက္ျမင္ ေတြျဖစ္လာၿပီး စိတ္ေတြ ကစဥ့္ကလ်ား ျဖစ္လာတယ္ …. ဒီအခါ ငိုသလို ရီသလိုေတြျဖစ္ ေဘးမွာရွိတဲ့ လုပ္ေဖာ္ကိုင္ဖက္ ေတြက ေတြ႕ၿပီး ေျပးေမးၾက ဟဲ့ဘာျဖစ္တာလဲ ? ဘာျဖစ္လို႔လဲ? ေပာ့ ျဖစ္တဲ့ပုံစံကို ၾကည့္ၿပီး ေၾကာင္ေတာင္ေတာင္နဲ႔ မ်က္လုံးႀကီးျပဴးေနတာျမင္ၿပီးဘာျမင္လိုက္လို႔လဲ ? ဘာေတြ႕လိုက္လို႔လဲ? ဆိုတဲ့ေမးခြန္းမ်ိဳးေတြထြက္လာတာမ်ားတယ္။

အဲ့ဒီအခါ သြားၿပီ သူကေလွ်ာက္ေျပာၿပီ ကစဥ့္ကလ်ားျဖစ္ေနတာကိုးသူ႔အေျဖ ၿပီးတာနဲ႔ ေဘးကၾကည့္ေနတဲ့သူေတြထဲမွာ သူမ်ားငိုရင္လိုက္ငိုခ်င္ၾကတဲ့ သူေတြကလည္း ရွိေနတာသဘာဝကို အဲ့ဒီေတာ့ တေယာက္ ကေန ႏွစ္ေယာက္ ႏွစ္ေယာက္ ကေန အတြဲလိုက္ အစုအၿပဳံလိုက္ေတြ ငိုဟယ္ရီဟယ္နဲ႔ ပူးကုန္ကပ္ကုန္ၾကေကာ။ဒီလိုျဖစ္ၿပီဆို လုပ္ငန္းခြင္ရပ္သြားၿပီ အိမ္ျပန္လႊတ္ရၿပီ ဒီသရဲပူးတဲ့ေန႔ကေတာ့ လုပ္သားေတြ အျမတ္ထြက္ၿပီး ကုမၸဏီ အႏႈတ္ျပသြားၿပီ လူေပါင္းေထာင္နဲ႔ခ်ီရွိတဲ့ ထုတ္လုပ္ေရး ကုမၸဏီ စက္႐ူံတ႐ုံမွာ တကယ္အလုပ္ပဲလုပ္ခ်င္တဲ့သူေတြရွိသလို အလုပ္မလုပ္ဘဲ ပိုက္ဆံလိုခ်င္တဲ့သူေတြ လည္း ရွိေနတာပဲ ။

ဒီေတာ့ အခုလို တေယာက္သာပူးလိုက္ သရဲကူးတာသိပ္ျမန္တာ ဇန္ဘီ ကားေတြထဲမွာက အကိုက္ခံရမွ ကူးတာ ဒီမွာက ၾကည့္႐ုံနဲ႔ ကူးၿပီ ေလး ငါး ေယာက္ ဆိုတာ မိနစ္ပိုင္းအတြင္းပဲ သရဲေတြပူးရင္ အိမ္ျပန္ရၿပီ ေပ်ာ္ၿပီေလ ။သရဲပူးလို႔ အိမ္ျပန္ လႊတ္ရလို႔ အဲ့ဒီေန႔စာ မေပးဘူးလို႔ လုပ္တဲ့ စက္႐ုံ ေနာက္ေန႔ ဆႏၵျပပြဲ ပါဆက္ၿပီ ဒါေဖာ္ျမဴလာပဲ။ မၾကာခဏ တလတခါ ေလာက္ပူးတဲ့စက္႐ုံေတြေတာင္ရွိတယ္ ေတြးၾကည့္ေတာ့ေလဗ်ာ ….မၾကာခဏသရဲပူးတိုင္း ကုန္ထုတ္လုပ္မႈ ထိၿပီး ပိုက္ဆံက် ေတာ့ေပးရတဲ့အခါ ရင္းႏွီးျမဳပ္ႏွံတဲ့သူ သူေဌး က သီးမခံႏိုင္ေတာ့ဘူး သရဲပူးလို႔ မေပးဘူးဆိုေတာ့ အုပ္စုလိုက္ ဆႏၵျပၾကေကာ ဒါက ေဖာ္ျမဴလာလိုျဖစ္ေနၾကတာပဲ အဲ့ဒီေတာ့ ခက္ကုန္ေကာ….

အဲ့ဒီလိုျဖစ္လာတဲ့အခါ ကိုင္တြယ္ပုံေဖာ္ျမဴလာလည္းရွိတယ္…ကြၽန္ေတာ္ကေတာ့ တဦးတေယာက္ ကေယာင္ေျခာက္ျခား ျဖစ္ၿပီဆိုတာသိတာနဲ႔ သက္ဆိုင္ရာ Supervisor နဲ႔ လုံၿခဳံေရးအမ်ိဳးသမီး က အဲ့လိုျဖစ္တဲ့ ဝန္ထမ္းကို ေဆးခန္းထဲ အျမန္ ေပြ႕ခ်ီေခၚခဲ့ စက္႐ုံထဲမွာ မဆိုင္တဲ့သူ ကိုယ့္အလုပ္ကိုယ္လုပ္ လူမအုံနဲ႔ ဘာေတြ႕လိုက္လို႔လဲ?ဘာေျပာခ်င္လဲ?ဆိုတဲ့ နိမိတ္ျပေမးခြန္းမ်ိဳး အဓိပၸါယ္မရွိတဲ့ ေမးခြန္းမ်ိဳး အေမးမခံနဲ႔ေဆးခန္းထဲမွာ ေသြးေပါင္ခ်ိန္တိုင္း ဆရာဝန္ သို႔ နာစ့္နဲ႔ အေျခအေနကို စစ္တယ္ ေရတိုက္ ဓာတ္ဆားတိုက္ ပုံမွန္အေျခအေန ရေအာင္လုပ္ တယ္ လုပ္ေနတဲ့ၾကားကမွ ပူးတုန္း တုန္တုန္းဆိုရင္ အသာေလးလႊတ္ေပးလိုက္ေတာ့ …..

ေဘးကေန ေပြ႕ခ်ီထိန္းထားတာမ်ိဳး မလုပ္နဲ႔ သူ႔ကိုယ္သူအနာမခံေတာ့ဘူး ထိန္းထားတုန္းကေတာ့ အတင္းပစ္လွဲေနတာ အထိန္းမရွိေတာ့ရင္ မလွဲ ေတာ့ မလဲ ေတာ့ဘူး….ဒါဆို အေျခအေနမွန္ေပၚလာၿပီ ပုံမွန္အေနအထား ျဖစ္ၿပီဆို ေမးၾကည့္ လိုက္ ညအိပ္ေရးပ်က္တာမ်ားတာနဲ႔ စိတ္ဖိစီးမႈ တခုမဟုတ္တခု တခုထက္ မ်ားတာေတြလည္း ျဖစ္ခ်င္ျဖစ္ေနတဲ့သူေတြ ခ်ည္းပဲ

အဲ့ဒီတမႈၿပီးတာနဲ႔ Control Room ကေန မိုက္နဲ႔ တရားေဟာေပေတာ့ ဘုရားေဟာနဲ႔ပတ္သက္တာေတြ သရဏဂုံ တည္ရတာကအစ ဘုရားစင္ေရွ႕ထားၿပီး သရဲပူးတယ္ဆိုတာ ဘုရားကိုေဆာ္ကားေနသလိုပဲ။

ေန႔ခင္းထြက္တဲ့သရဲဆိုတာ ဘယ္မွာေတြ႕ဖူးလဲ သရဲကားထဲေတာင္ ညဘက္မွထြက္တာ အဓိပၸါယ္မရွိတာေတြမလုပ္နဲ႔ မွန္မွန္အိပ္မွန္မွန္စား လုပ္ငန္းခြင္ကိုမိမိေၾကာင့္အေႏွာက္အယွက္မျဖစ္ေစနဲ႔ ….စီမံအုပ္ခ်ဳပ္မႈပိုင္းကလည္း ဒါမ်ိဳး အျဖစ္ခံမွာ မဟုတ္ဘူး …..သရဲကသူ႔ဟာသူဝင္ပူးတာ မတတ္ႏိုင္ဘူးဆိုတာမ်ိဳးက ရွိေသးတယ္ ….ရပါတယ္ မိမိသေဘာဆႏၵနဲ႔ သရဲ ပူးတာ လြတ္လပ္စြာပူးပါ သရဲပူးတဲ့ဇုန္ ေနရာသတ္မွတ္ေပးပါတယ္ ေနေတာ့နည္းနည္းပူတယ္ ..။

ႀကိဳက္သေလာက္ပူးပါ က်န္တဲ့သူ က မိမိေနရာမွာ အလုပ္လုပ္ပါ။ ပူးတဲ့သူကိုေတာ့ လြတ္လပ္စြာပူးဖို႔ ေနရာေ႐ႊ႕ေပးပါမယ္။

က်န္တဲ့သူေတြကပါ ပူးတယ္ဆိုတဲ့သူကို ဝိုင္းဆဲၾကေရာ သရဲလည္းမပူးရဲေတာ့ဘူး။အဓိက ကေတာ့ ဗဟုသုတ နည္းၾက လို႔ပါ အုပ္ခ်ဳပ္သူ စီမံခန႔္ခြဲသူေတြက ပညာေပးပါ စည္း႐ုံးေဟာေျပာေပးပါ ။ကြၽန္ေတာ့္ဆီမွာ ၂၀၁၆ ၊၉ လပိုင္းေလာက္က ၂ ခါေလာက္စမ္းတယ္ ဇုန္သတ္မွတ္ေပးလိုက္တယ္ တေနကုန္ အလုပ္စတဲ့အခ်ိန္ကေန အလုပ္သိမ္းခ်ိန္အထိ ပရိတ္ေတြ တရားေတြခ်ည္း ၃ ရက္ေလာက္ဆက္ဖြင့္ေပးလိုက္တယ္ ။

႐ုံးခန္းမွာ လာတားယူရတဲ့အဆင့္ေရာက္ၿပီး သီခ်င္းနားေထာင္ခ်င္တဲ့သူက သူရဲပူးတဲ့သူကို ေမတၱာေတြပို႔ၾကေတာ့ အပူးမမလည္း မပူးရဲေတာ့ဘူး ။ အသိပညာေပးတယ္ ႀကဳံရင္ႀကဳံသလို ဗဟုသုတ ေပးတယ္ အခုထိ ဘာမွ မၾကားရေတာ့ဘူး ။

တခုခုဆို ဘာမွန္း ညာမွန္းမသိဘဲ စြတ္ေျပးၾကတဲ့အက်င့္ေလး ေတြလည္း ရွိလို႔ ပညာေပးရတယ္ အလုပ္ခြင္မွာ ကိုယ္ဝန္ေဆာင္သည္ေတြေကာ ရွိေနတာ စြတ္ေျပးလို႔ တိုက္မိၿပီး လဲရင္ တက္နင္းမိမယ္ တက္နင္းမိရင္ ကိုယ္ဝန္ေဆာင္ သည္ဆို အသက္ႏွစ္ေခ်ာင္းဆုံးႏိုင္တယ္ ဘာမွမဟုတ္ဘဲ ေျပးခါမွ ေသကုန္မယ္ ။

အူမရွိတဲ့ပုဇဥ္းရင္ကြဲ လိုျဖစ္မယ္ စသျဖင့္ ပုံတိုပတ္စ နဲ႔ေျပာျပနားခ်ရတယ္ ။ အခုဆို တန္းစီ တဲ့အက်င့္ အမႈိက္မပစ္ဖို႔ အက်င့္ ကားခ ပုံးထဲထည့္ဖို႔အက်င့္က အစ ကြၽန္ေတာ္ ႀကဳံရင္ႀကဳံသလိုေျပာျပ သင္ေပးေနရၿပီ အက်ိဳးရွိပါတယ္ သူတို႔ေတြ အသိပညာ ဗဟုသုတ တိုးပြားလာတာနဲ႔အမွ် လုပ္ငန္းခြင္ ေအးခ်မ္းတယ္ ေပ်ာ္႐ႊင္ရပါတယ္ ။

အခက္အခဲ ႀကဳံေနတဲ့မိတ္ေဆြမ်ားလည္း အႀကံေပးပါတယ္ လုပ္ၾကည့္ပါ ဥပေဒေတြ စည္းကမ္းေတြကိုလည္း နားလည္ ေအာင္ ေလ့က်င့္ပ်ိဳးေထာင္ေပးပါ သူတို႔နားလည္လာတဲ့အခါ ေျပာရဆိုရ အုပ္ခ်ဳပ္ရတာမခက္ေတာ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ထြန္းထြန္းဦး (ျပည္ေထာင္စုေရွ႕ေနခ်ဳပ္မဟုတ္)

#Unicode Version# ျဖင့္ဖတ္ပါ ။

ပဲခူးကစက်ရုံမှာ အစုလိုက်အပြုံလိုက်သရဲပူးတယ်ဆိုပြီး လူမှုကွန်ယက်ပေါ်ပါလာတော့ ဟိုးလေးတကျော်ပေါ့ ။အခုမှကြားဖူးတဲ့မိတ်ဆွေတွေက အံသြကြတာပေါ့ ထူးဆန်းတဲ့ကိစ္စကိုး ….

ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ မထူးဆန်းတော့ပါဘူး မထူးဆန်းတော့ဘူးဆိုလို့ ဘာဆရာလား ညာဆရာလား ထင်နေကြဦးမယ် ဘာဆရာမှမဟုတ်ပါဘူး ဒါပေမယ့် ခဏခဏကြုံဖူးနေကြားဖူးနေလို့ပါ။လှိုင်သာယာ စက်မှုဇုန်တွေမှာဆို သရဲပူးတာ ဖက်ရှင်တခုအလားပါပဲ ။ လူမှုကွန်ယက်ပေါ်မပါလို့သာပါ နှစ်ပေါင်းများနေပါပြီ အခုမှမဟုတ်ပါဘူး။

ဒီလိုကိစ္စ မျိုးတွေက တပုံစံတည်းနီးပါ တူနေကြတဲ့ ဖြစ်စဉ်တွေပါ ။ အထူးသဖြင့်ကြုံလေ့ ဖြစ်လေ့ အများဆုံး က မိန်းကလေး အလုပ်သမား များများရှိတဲ့ စက်ရုံ (အထည်ချုပ်စက်ရုံ)တွေမှာဖြစ်လေ့ဖြစ်ထရှိပါတယ်။ အဲ့လိုစက်ရုံတွေမှာ အလုပ်လုပ်ကြတဲ့ လုပ်သားအများစုက နယ်ဘက် တောဘက်တွေ ကနေ စက်ရုံအလုပ်ရုံတွေရှိတဲ့ မြို့တွေ အခု ရန်ကုန်လှိုင်သာယာတို့ ရွှေလင်ဗန်းတို့မှာ လာရောက်လုပ်ကိုင်ကြရတာပါ။

တောနယ်ဘက်တွေဆိုတာသိတဲ့အတိုင်း အယူသီးကြ စုန်းတို့ ကဝေတို့ တစ္ဆေ သရဲဆိုတာတွေကို ယုံတတ်ကြောက်တတ် ကြတယ် …. ရောဂါ တခုခုစွဲကပ်နေရင်တောင် လူပြုစားတယ်ဆိုတာမျိုးပဲ စိတ်စွဲနေကြတုန်း ပစ္စည်း ပျောက်ရင် ဗေဒင်မေးပြီး ယတြာချေရင် ပြန်ရတယ်လို့ ယုံကြတုန်း အဲ့လို ပတ်ဝန်းကျင် နေရာဒေသကလာကြတဲ့သူများတယ် ။

(ရန်ကုန်နဲ့ မဝေးတဲ့ တွံတေးမှာတောင် ဟိုတလောက မကောင်းဆိုးဝါး ထုတ်တယ်ဆိုပြီး မိဘတွေရှေ့တင် ဆရာဆိုတဲ့သူ ရိုက်နှက်လို့ လူမမယ်ကလေး ငယ်တွေသေခဲ့ကြတာ သတိရမယ်ထင်ပါတယ်)စက်ရုံအလုပ်ရုံတွေကို ဝမ်းရေးအတွက် လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ အလုပ်သမလေးတွေမှာလည်း ပညာအခြေခံအားနည်းတယ် ဗဟုသုတ မရှိဘူး မိရိုးဖလာ အယူစွဲတွေနဲ့ ပဲ ကြီးပြင်းလာကြတယ်။

မြို့ကိုရောက်လာတယ် ဆိုပေမယ့်လည်း မိဘညီအစ်ကိုမောင်နှမ အရိပ်အောက်ကထွက်ပြီး စက်ရုံအလုပ်ရုံနဲ့ နီးတဲ့ နေရာမှာ အဆောင်ငှါးပြီးနေကြရတယ် နေရာဒေသပေါင်းစုံက စရိုက်ပေါင်းစုံ လူပေါင်းစုံတွေနဲ့ တွေ့ရဆုံရ ကြုံကြရတယ် ပြသာနာပေါင်းစုံလည်းကြုံရတယ် …. မိဘမျက်စိရှေ့နေကြရတာမဟုတ်တော့ အိပ်ချင်တဲ့အချိန်မှအိပ် စားချင်တဲ့ အချိန်မှ စား ကြတယ် အအိပ်အစားသာမမှန်တာ အချိန်တန်ရင် အလုပ်အချိန်မှန်လုပ်ကြရတယ် ။

မအိပ်မစားတဲ့ရက်တွေကကြာ အဝေးမှာကျန်ခဲ့တဲ့ မိသားစု မိဘတွေရဲ့ အဆင်မပြေမှုတွေ သမီးရည်းစားကိစ္စ မပြေလည် တာတွေ စုံလာတဲ့အခါ အလုပ်ထဲရောက်တော့ တောင်တွေးမြောက်တွေး တောင်ထင်မြောက်ထင် တောင်မြင်မြောက်မြင် တွေဖြစ်လာပြီး စိတ်တွေ ကစဉ့်ကလျား ဖြစ်လာတယ် …. ဒီအခါ ငိုသလို ရီသလိုတွေဖြစ် ဘေးမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက် တွေက တွေ့ပြီး ပြေးမေးကြ ဟဲ့ဘာဖြစ်တာလဲ ? ဘာဖြစ်လို့လဲ? ပော့ ဖြစ်တဲ့ပုံစံကို ကြည့်ပြီး ကြောင်တောင်တောင်နဲ့ မျက်လုံးကြီးပြူးနေတာမြင်ပြီးဘာမြင်လိုက်လို့လဲ ? ဘာတွေ့လိုက်လို့လဲ? ဆိုတဲ့မေးခွန်းမျိုးတွေထွက်လာတာများတယ်။

အဲ့ဒီအခါ သွားပြီ သူကလျှောက်ပြောပြီ ကစဉ့်ကလျားဖြစ်နေတာကိုးသူ့အဖြေ ပြီးတာနဲ့ ဘေးကကြည့်နေတဲ့သူတွေထဲမှာ သူများငိုရင်လိုက်ငိုချင်ကြတဲ့ သူတွေကလည်း ရှိနေတာသဘာဝကို အဲ့ဒီတော့ တယောက် ကနေ နှစ်ယောက် နှစ်ယောက် ကနေ အတွဲလိုက် အစုအပြုံလိုက်တွေ ငိုဟယ်ရီဟယ်နဲ့ ပူးကုန်ကပ်ကုန်ကြကော။ဒီလိုဖြစ်ပြီဆို လုပ်ငန်းခွင်ရပ်သွားပြီ အိမ်ပြန်လွှတ်ရပြီ ဒီသရဲပူးတဲ့နေ့ကတော့ လုပ်သားတွေ အမြတ်ထွက်ပြီး ကုမ္ပဏီ အနှုတ်ပြသွားပြီ လူပေါင်းထောင်နဲ့ချီရှိတဲ့ ထုတ်လုပ်ရေး ကုမ္ပဏီ စက်ရူံတရုံမှာ တကယ်အလုပ်ပဲလုပ်ချင်တဲ့သူတွေရှိသလို အလုပ်မလုပ်ဘဲ ပိုက်ဆံလိုချင်တဲ့သူတွေ လည်း ရှိနေတာပဲ ။

ဒီတော့ အခုလို တယောက်သာပူးလိုက် သရဲကူးတာသိပ်မြန်တာ ဇန်ဘီ ကားတွေထဲမှာက အကိုက်ခံရမှ ကူးတာ ဒီမှာက ကြည့်ရုံနဲ့ ကူးပြီ လေး ငါး ယောက် ဆိုတာ မိနစ်ပိုင်းအတွင်းပဲ သရဲတွေပူးရင် အိမ်ပြန်ရပြီ ပျော်ပြီလေ ။သရဲပူးလို့ အိမ်ပြန် လွှတ်ရလို့ အဲ့ဒီနေ့စာ မပေးဘူးလို့ လုပ်တဲ့ စက်ရုံ နောက်နေ့ ဆန္ဒပြပွဲ ပါဆက်ပြီ ဒါဖော်မြူလာပဲ။ မကြာခဏ တလတခါ လောက်ပူးတဲ့စက်ရုံတွေတောင်ရှိတယ် တွေးကြည့်တော့လေဗျာ ….မကြာခဏသရဲပူးတိုင်း ကုန်ထုတ်လုပ်မှု ထိပြီး ပိုက်ဆံကျ တော့ပေးရတဲ့အခါ ရင်းနှီးမြုပ်နှံတဲ့သူ သူဌေး က သီးမခံနိုင်တော့ဘူး သရဲပူးလို့ မပေးဘူးဆိုတော့ အုပ်စုလိုက် ဆန္ဒပြကြကော ဒါက ဖော်မြူလာလိုဖြစ်နေကြတာပဲ အဲ့ဒီတော့ ခက်ကုန်ကော….

အဲ့ဒီလိုဖြစ်လာတဲ့အခါ ကိုင်တွယ်ပုံဖော်မြူလာလည်းရှိတယ်…ကျွန်တော်ကတော့ တဦးတယောက် ကယောင်ခြောက်ခြား ဖြစ်ပြီဆိုတာသိတာနဲ့ သက်ဆိုင်ရာ Supervisor နဲ့ လုံခြုံရေးအမျိုးသမီး က အဲ့လိုဖြစ်တဲ့ ဝန်ထမ်းကို ဆေးခန်းထဲ အမြန် ပွေ့ချီခေါ်ခဲ့ စက်ရုံထဲမှာ မဆိုင်တဲ့သူ ကိုယ့်အလုပ်ကိုယ်လုပ် လူမအုံနဲ့ ဘာတွေ့လိုက်လို့လဲ?ဘာပြောချင်လဲ?ဆိုတဲ့ နိမိတ်ပြမေးခွန်းမျိုး အဓိပ္ပါယ်မရှိတဲ့ မေးခွန်းမျိုး အမေးမခံနဲ့ဆေးခန်းထဲမှာ သွေးပေါင်ချိန်တိုင်း ဆရာဝန် သို့ နာစ့်နဲ့ အခြေအနေကို စစ်တယ် ရေတိုက် ဓာတ်ဆားတိုက် ပုံမှန်အခြေအနေ ရအောင်လုပ် တယ် လုပ်နေတဲ့ကြားကမှ ပူးတုန်း တုန်တုန်းဆိုရင် အသာလေးလွှတ်ပေးလိုက်တော့ …..

ဘေးကနေ ပွေ့ချီထိန်းထားတာမျိုး မလုပ်နဲ့ သူ့ကိုယ်သူအနာမခံတော့ဘူး ထိန်းထားတုန်းကတော့ အတင်းပစ်လှဲနေတာ အထိန်းမရှိတော့ရင် မလှဲ တော့ မလဲ တော့ဘူး….ဒါဆို အခြေအနေမှန်ပေါ်လာပြီ ပုံမှန်အနေအထား ဖြစ်ပြီဆို မေးကြည့် လိုက် ညအိပ်ရေးပျက်တာများတာနဲ့ စိတ်ဖိစီးမှု တခုမဟုတ်တခု တခုထက် များတာတွေလည်း ဖြစ်ချင်ဖြစ်နေတဲ့သူတွေ ချည်းပဲ

အဲ့ဒီတမှုပြီးတာနဲ့ Control Room ကနေ မိုက်နဲ့ တရားဟောပေတော့ ဘုရားဟောနဲ့ပတ်သက်တာတွေ သရဏဂုံ တည်ရတာကအစ ဘုရားစင်ရှေ့ထားပြီး သရဲပူးတယ်ဆိုတာ ဘုရားကိုဆော်ကားနေသလိုပဲ။

နေ့ခင်းထွက်တဲ့သရဲဆိုတာ ဘယ်မှာတွေ့ဖူးလဲ သရဲကားထဲတောင် ညဘက်မှထွက်တာ အဓိပ္ပါယ်မရှိတာတွေမလုပ်နဲ့ မှန်မှန်အိပ်မှန်မှန်စား လုပ်ငန်းခွင်ကိုမိမိကြောင့်အနှောက်အယှက်မဖြစ်စေနဲ့ ….စီမံအုပ်ချုပ်မှုပိုင်းကလည်း ဒါမျိုး အဖြစ်ခံမှာ မဟုတ်ဘူး …..သရဲကသူ့ဟာသူဝင်ပူးတာ မတတ်နိုင်ဘူးဆိုတာမျိုးက ရှိသေးတယ် ….ရပါတယ် မိမိသဘောဆန္ဒနဲ့ သရဲ ပူးတာ လွတ်လပ်စွာပူးပါ သရဲပူးတဲ့ဇုန် နေရာသတ်မှတ်ပေးပါတယ် နေတော့နည်းနည်းပူတယ် ..။

ကြိုက်သလောက်ပူးပါ ကျန်တဲ့သူ က မိမိနေရာမှာ အလုပ်လုပ်ပါ။ ပူးတဲ့သူကိုတော့ လွတ်လပ်စွာပူးဖို့ နေရာရွှေ့ပေးပါမယ်။

ကျန်တဲ့သူတွေကပါ ပူးတယ်ဆိုတဲ့သူကို ဝိုင်းဆဲကြရော သရဲလည်းမပူးရဲတော့ဘူး။အဓိက ကတော့ ဗဟုသုတ နည်းကြ လို့ပါ အုပ်ချုပ်သူ စီမံခန့်ခွဲသူတွေက ပညာပေးပါ စည်းရုံးဟောပြောပေးပါ ။ကျွန်တော့်ဆီမှာ ၂၀၁၆ ၊၉ လပိုင်းလောက်က ၂ ခါလောက်စမ်းတယ် ဇုန်သတ်မှတ်ပေးလိုက်တယ် တနေကုန် အလုပ်စတဲ့အချိန်ကနေ အလုပ်သိမ်းချိန်အထိ ပရိတ်တွေ တရားတွေချည်း ၃ ရက်လောက်ဆက်ဖွင့်ပေးလိုက်တယ် ။

ရုံးခန်းမှာ လာတားယူရတဲ့အဆင့်ရောက်ပြီး သီချင်းနားထောင်ချင်တဲ့သူက သူရဲပူးတဲ့သူကို မေတ္တာတွေပို့ကြတော့ အပူးမမလည်း မပူးရဲတော့ဘူး ။ အသိပညာပေးတယ် ကြုံရင်ကြုံသလို ဗဟုသုတ ပေးတယ် အခုထိ ဘာမှ မကြားရတော့ဘူး ။

တခုခုဆို ဘာမှန်း ညာမှန်းမသိဘဲ စွတ်ပြေးကြတဲ့အကျင့်လေး တွေလည်း ရှိလို့ ပညာပေးရတယ် အလုပ်ခွင်မှာ ကိုယ်ဝန်ဆောင်သည်တွေကော ရှိနေတာ စွတ်ပြေးလို့ တိုက်မိပြီး လဲရင် တက်နင်းမိမယ် တက်နင်းမိရင် ကိုယ်ဝန်ဆောင် သည်ဆို အသက်နှစ်ချောင်းဆုံးနိုင်တယ် ဘာမှမဟုတ်ဘဲ ပြေးခါမှ သေကုန်မယ် ။

အူမရှိတဲ့ပုဇဉ်းရင်ကွဲ လိုဖြစ်မယ် စသဖြင့် ပုံတိုပတ်စ နဲ့ပြောပြနားချရတယ် ။ အခုဆို တန်းစီ တဲ့အကျင့် အမှိုက်မပစ်ဖို့ အကျင့် ကားခ ပုံးထဲထည့်ဖို့အကျင့်က အစ ကျွန်တော် ကြုံရင်ကြုံသလိုပြောပြ သင်ပေးနေရပြီ အကျိုးရှိပါတယ် သူတို့တွေ အသိပညာ ဗဟုသုတ တိုးပွားလာတာနဲ့အမျှ လုပ်ငန်းခွင် အေးချမ်းတယ် ပျော်ရွှင်ရပါတယ် ။

အခက်အခဲ ကြုံနေတဲ့မိတ်ဆွေများလည်း အကြံပေးပါတယ် လုပ်ကြည့်ပါ ဥပဒေတွေ စည်းကမ်းတွေကိုလည်း နားလည် အောင် လေ့ကျင့်ပျိုးထောင်ပေးပါ သူတို့နားလည်လာတဲ့အခါ ပြောရဆိုရ အုပ်ချုပ်ရတာမခက်တော့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:ထွန်းထွန်းဦး (ပြည်ထောင်စုရှေ့နေချုပ်မဟုတ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top