လင္မယားကြာရွင္းမႈျဖစ္ရင္ ကေလးအုပ္ထိန္းခြင့္နဲ႔ပတ္သက္တဲ့ သိထားသင့္ေသာအခ်က္မ်ား
ကေလးအုပ္ထိန္းခြင့္နဲ႕ပတ္သက္လို႕…
လင္မယားေတြ ရန္ျဖစ္ၿပီဆို မယားလုပ္သူက ကေလးေခၚဆင္းသြားတာလင္က ကေလးေခၚ ဆင္းသြားတာေတြ ျဖစ္ေနက် / ၿပီးမွ သားကိုအေမသမီးကိုအေဖ ပိုင္တယ္ဆိုၿပီး ကေလးလုၾက ျပႆနာျဖစ္ၾကနဲ႕ ေနာက္ဆံုး ၾကားထဲက ကေလးက ေျမစာပင္ျဖစ္ / စိတ္ဒဏ္ရာေတြရ ကေလး
ေရွ႕ေရး မေကာင္းဖို႕မ်ားသြားၿပီ…
( တကယ္ေတာ့ )…
( သား ) ဆို အေမပိုင္ ( သမီး ) ဆို အေဖပိုင္တယ္ဆိုတာ ျမန္မာျပည္မွာမွမဟုတ္ ( ကမာၻ႕ဘယ္ႏိုင္ငံတရားရံုး) ကမွ မဆံုးျဖတ္ပါဘူး … ၂ေယာက္ေပါင္းသင္းလို႕ ေမြးလာတဲ့ကေလးျဖစ္လို႕ ပိုင္ဆိုင္ခြင့္ ဆတူရွိပါတယ္ …
ကမာၻ႕ႏိုင္ငံအသီးသီးမွာ လူမ်ိဴး / ယဥ္ေက်းမႈ႕ / ဓေလ့ထံုးတမ္း စတာေတြကြာလို႕ ျပဌာန္းဥပေဒ ကြာၾကေပမယ့္ ကေလးအုပ္ထိန္းခြင့္ကို ဆံုးျဖတ္ရာမွာ တစ္ႏိုင္ငံနဲ႕တစ္ႏိုင္ငံကြာဟ မႈ႕သိပ္မရွိၾကပါဘူး …
ျမန္မာႏိုင္ငံမွာ ကေလးအုပ္ထိန္းခြင့္နဲ႕ ပတ္သက္လို႕ ျမန္မာ့ဓေလ့ထံုးတမ္းအရ တရားရံုးေတြက ေအာက္ပါအတိုင္း ဆံုးျဖတ္ေပးၾကပါတယ္…
( 1 ) ရင္ခြင္ပိုက္အရြယ္ ( ေမြးကင္းစမွ ၂ ႏွစ္ ၃ ႏွစ္ ) အထိ မိခင္သာ
လ်င္ အုပ္ထိန္းခြင့္ ရပါမယ္ …
( 2 ) ကေလးရဲ႕ ဆႏၵ ေပၚမူတည္ပါမယ္ …
( 3 ) မိဘ ၂ ပါးရဲ႕ ဝင္ေငြအဆင့္အတန္းေပၚမူတည္ပါမယ္ …
( 4 ) မိဘ ၂ ပါးရဲ႕ အက်င့္စာရိတၱေပၚ မူတည္ပါမယ္ …
( 5 ) ကေလးေနထိုင္ႀကီးျပင္းရမယ့္ ပတ္ဝန္းက်င္အသိုင္းအဝိုင္းေပၚ
မူတည္ပါမယ္ …
( 6 ) အဓိကအခ်က္ကေတာ့ ကေလးရဲ႕ေနာင္ေရးအား လက္ရွိအေန
ထက္ ပိုမိုသာလြန္ေအာင္ ေဆာင္ရြက္ႏိုင္သူ ျဖစ္ရပါမယ္ …
စတဲ့အခ်က္ေတြေပၚ အေျခခံၿပီး တရားသူႀကီးရဲ႕ ဆင္ျခင္တံုတရားအရ
ကေလးအုပ္ထိန္းခြင့္ကို ဆံုးျဖတ္ေပးတာျဖစ္ၿပီး …
( အထူးသတိျပဳရမွာက )…
ကေလးအုပ္ထိန္းခြင့္ ဆိုတာ အုပ္ထိန္းခြင့္ပဲ ေပးတာျဖစ္ကာ အပိုင္ေပး
လိုက္တာ မဟုတ္တဲ့အတြက္ …အုပ္ထိန္းခြင့္ မရသူက ကေလးကို လာ
ေတြ႕တဲ့အခါ ရံုးေတာ္ကသတ္မွတ္ေပးထားတဲ့အတိုင္း အခါအားေလ်ာ္
စြာ ေတြ႕ခြင့္ေပးရပါမယ္ …
နင့္ေစာက္ခ်ိဳးေတြ ကူးမွာစိုးလို႕ / ရွင့္လို အရက္သမား ဖဲသမားျဖစ္မွာ
စိုးလို႕ ကေလးနဲ႕ေပးမေတြ႕ႏိုင္ဘူးတို႕ …
ကေလးကို ဖြက္ထားတာတို႕…
က်ိဳးေၾကာင္းညီၫြတ္မႈမရွိတဲ့အေၾကာင္းျပခ်က္ေတြနဲ႕ ကေလးကို တစ္ေနရာ ပို႕ထားတာမ်ိဴးတို႕ …
( ဆိုရင္ေတာ့ )…
ရရွိၿပီးသား ကေလးအုပ္ထိန္းခြင့္ကို ရံုးေတာ္က ျပန္လည္ရုပ္သိမ္းမွာ
ျဖစ္ပါေၾကာင္း ကေလးအုပ္ထိန္းခြင့္နဲ႕ ပတ္သက္လို႕သိလိုသူမ်ားအ
တြက္ ေျဖၾကားေပးလိုက္ပါတယ္ …
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Khin Win
# Unicode Version # ျဖင့္ ဖတ္ပါ #
ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်လို့…
လင်မယားတွေ ရန်ဖြစ်ပြီဆို မယားလုပ်သူက ကလေးခေါ်ဆင်းသွားတာလင်က ကလေးခေါ် ဆင်းသွားတာတွေ ဖြစ်နေကျ / ပြီးမှ သားကိုအမေသမီးကိုအဖေ ပိုင်တယ်ဆိုပြီး ကလေးလုကြ ပြဿနာဖြစ်ကြနဲ့ နောက်ဆုံး ကြားထဲက ကလေးက မြေစာပင်ဖြစ် / စိတ်ဒဏ်ရာတွေရ ကလေး
ရှေ့ရေး မကောင်းဖို့များသွားပြီ…
( တကယ်တော့ )…
( သား ) ဆို အမေပိုင် ( သမီး ) ဆို အဖေပိုင်တယ်ဆိုတာ မြန်မာပြည်မှာမှမဟုတ် ( ကမ္ဘာ့ဘယ်နိုင်ငံတရားရုံး) ကမှ မဆုံးဖြတ်ပါဘူး … ၂ယောက်ပေါင်းသင်းလို့ မွေးလာတဲ့ကလေးဖြစ်လို့ ပိုင်ဆိုင်ခွင့် ဆတူရှိပါတယ် …
ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူမျိူး / ယဉ်ကျေးမှု့ / ဓလေ့ထုံးတမ်း စတာတွေကွာလို့ ပြဌာန်းဥပဒေ ကွာကြပေမယ့် ကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်ရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံကွာဟ မှု့သိပ်မရှိကြပါဘူး …
မြန်မာနိုင်ငံမှာ ကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့ မြန်မာ့ဓလေ့ထုံးတမ်းအရ တရားရုံးတွေက အောက်ပါအတိုင်း ဆုံးဖြတ်ပေးကြပါတယ်…
( 1 ) ရင်ခွင်ပိုက်အရွယ် ( မွေးကင်းစမှ ၂ နှစ် ၃ နှစ် ) အထိ မိခင်သာ
လျင် အုပ်ထိန်းခွင့် ရပါမယ် …
( 2 ) ကလေးရဲ့ ဆန္ဒ ပေါ်မူတည်ပါမယ် …
( 3 ) မိဘ ၂ ပါးရဲ့ ဝင်ငွေအဆင့်အတန်းပေါ်မူတည်ပါမယ် …
( 4 ) မိဘ ၂ ပါးရဲ့ အကျင့်စာရိတ္တပေါ် မူတည်ပါမယ် …
( 5 ) ကလေးနေထိုင်ကြီးပြင်းရမယ့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းပေါ်
မူတည်ပါမယ် …
( 6 ) အဓိကအချက်ကတော့ ကလေးရဲ့နောင်ရေးအား လက်ရှိအနေ
ထက် ပိုမိုသာလွန်အောင် ဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ် …
စတဲ့အချက်တွေပေါ် အခြေခံပြီး တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ
ကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်ပေးတာဖြစ်ပြီး …
( အထူးသတိပြုရမှာက )…
ကလေးအုပ်ထိန်းခွင့် ဆိုတာ အုပ်ထိန်းခွင့်ပဲ ပေးတာဖြစ်ကာ အပိုင်ပေး
လိုက်တာ မဟုတ်တဲ့အတွက် …အုပ်ထိန်းခွင့် မရသူက ကလေးကို လာ
တွေ့တဲ့အခါ ရုံးတော်ကသတ်မှတ်ပေးထားတဲ့အတိုင်း အခါအားလျော်
စွာ တွေ့ခွင့်ပေးရပါမယ် …
နင့်စောက်ချိုးတွေ ကူးမှာစိုးလို့ / ရှင့်လို အရက်သမား ဖဲသမားဖြစ်မှာ
စိုးလို့ ကလေးနဲ့ပေးမတွေ့နိုင်ဘူးတို့ …
ကလေးကို ဖွက်ထားတာတို့…
ကျိုးကြောင်းညီညွတ်မှုမရှိတဲ့အကြောင်းပြချက်တွေနဲ့ ကလေးကို တစ်နေရာ ပို့ထားတာမျိူးတို့ …
( ဆိုရင်တော့ )…
ရရှိပြီးသား ကလေးအုပ်ထိန်းခွင့်ကို ရုံးတော်က ပြန်လည်ရုပ်သိမ်းမှာ
ဖြစ်ပါကြောင်း ကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့သိလိုသူများအ
တွက် ဖြေကြားပေးလိုက်ပါတယ် …
ဖိုးသူတော် (www.phothutaw.com)
Credit:Khin Win