20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၂၆) ရပ္ကြက္၊ ေ႐ႊေၾကးလမ္းရွိ အေဆာင္တစ္ေဆာင္တြင္ အိပ္ယာထဲ ေသဆံုးေနသည့္ အမ်ိဳးသားတစ္ဦး၏ အေလာင္းကို စစ္ေဆးရာမွ လူသတ္မႈျဖစ္စဥ္ကို ေဖာ္ထုတ္အေရးယူႏိုင္ခဲ့ေၾကာင္း ရန္ကုနု္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ေသဆံုးသူ အသက္ ၃၄ ႏွစ္ အမ်ိဳးသားမွာ ေ႐ႊေၾကးလမ္းရွိ အေဆာင္တြင္ ဇနီးျဖစ္သူႏွင့္အတူ ငွားရမ္းေနထိုင္သူျဖစ္ၿပီး မတ္လ ၂၆ ရက္ေန႔က အရက္ေသစာ ေသာက္စားၿပီး ေနအိမ္ျပန္လာ၍ အိပ္ရာဝင္ခဲ့ေၾကာင္းႏွင့္ ၂၇ ရက္ နံနက္အေစာပိုင္းတြင္ ကိုယ္ပူရွိန္ျမင့္တက္လာၿပီး ေသြးအနည္းငယ္အန္၍ ေသဆံုးခဲ့ေၾကာင္း ဇနီးျဖစ္သူထံမွ စံုစမ္းသိရွိရသည္။

“ေသဆံုးသူ အမ်ိဳးသားက အလုပ္သြားမယ္ဆိုၿပီး မနက္အေစာ ေနအိမ္က ထြက္သြားေပမယ့္ နံနက္ ၁၀ နာရီေလာက္မွာ အလုပ္မသြားဘဲ အရက္ေသာက္ၿပီး ေနအိမ္ျပန္လာတယ္။ ေနအိမ္ေရာက္ေတာ့ အိပ္ရာထဲ ဝင္အိပ္ေနရာက ေနာက္တစ္ေန႔ မနက္မွာ ခႏၶာကိုယ္အပူခ်ိန္ေတြ ျမင့္တက္လာၿပီး ေသြးအနည္းငယ္ အန္လို႔ ဇနီးျဖစ္သူက ျပဳစုေပးခဲ့ရတယ္လို႔ သိရတယ္။ အိပ္ယာထဲမွာ ျပင္ပဒဏ္ရာမရွိဘဲ ေသဆံုးခဲ့သူရဲ႕ ႐ုပ္အေလာင္းကို မႈခင္းဆရာဝန္ႀကီးက စစ္ေဆးၾကည့္ေတာ့ ရင္ဘတ္မွာ အတြင္းဒဏ္ရာနဲ႔ ေသဆံုးခဲ့ရတာလို႔ သိရတယ္”ဟု ရဲအရာရွိက ရွင္းျပသည္။

ယင္းအျပင္ ေသဆံုးသူ အမ်ိဳးသားကို မတ္လ ၂၆ ရက္ နံနက္ပိုင္းက ေ႐ႊျပည္သာၿမိဳ႕နယ္၊ တ/၁၅ ရပ္ကြက္၊ ၿမိဳ႕ပတ္လမ္းရွိ ေရသန္႔စက္႐ံုေရွ႕တြင္ အဆိုပါရပ္ကြက္တြင္ ေနထိုင္ေသာ အသက္ ၃၅ ႏွစ္ ေဌးလြင္ (ခ) နားျပတ္ႏွင့္ သန္႔ဇင္ (စံုစမ္းဆဲ) ဆိုသူႏွစ္ဦးက လက္သီးျဖင့္ထိုးႀကိတ္ၿပီး သံပိုက္လံုးျဖင့္ ႐ိုက္ႏွက္ခဲ့ေၾကာင္းကို ဆယ္အိမ္မွဴးတစ္ဦးက ျမင္ေတြ႔ခဲ့ၿပီး အင္းစိန္ေဆး႐ံုရွိ မႈခင္းဆရာဝန္ႀကီးမွ ေသဆံုးသူမွာ အသည္းေရာင္ေရာဂါ လကၡဏာရွိေသာ္လည္း ရင္ဘတ္တြင္ရရွိခဲ့သည့္ အတြင္းဒဏ္ရာေၾကာင့္ ရင္ေခါင္းအတြင္း ေသြးယိုစီးျခင္းႏွင့္ ဦးေႏွာက္အေျမႇးေအာက္ ေသြးယိုစီးျခင္းတို႔ေၾကာင့္ ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ ေလွာ္ကားနယ္ေျမရဲစခန္းမွ လူသတ္မႈပုဒ္မသို႔ ေျပာင္းလဲအမႈဖြင့္၍ ေဌးလြင္(ခ) နားျပတ္ကို ဖမ္းဆီးခဲ့ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူ သန္႔ဇင္ကို ဖမ္းဆီးရမိေရး စံုစမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoice

#Unicode Version#
ရွှေပြည်သာမြို့နယ်၊ (၂၆) ရပ်ကွက်၊ ရွှေကြေးလမ်းရှိ အဆောင်တစ်ဆောင်တွင် အိပ်ယာထဲ သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းကို စစ်ဆေးရာမှ လူသတ်မှုဖြစ်စဉ်ကို ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း ရန်ကုနု်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၃၄ နှစ် အမျိုးသားမှာ ရွှေကြေးလမ်းရှိ အဆောင်တွင် ဇနီးဖြစ်သူနှင့်အတူ ငှားရမ်းနေထိုင်သူဖြစ်ပြီး မတ်လ ၂၆ ရက်နေ့က အရက်သေစာ သောက်စားပြီး နေအိမ်ပြန်လာ၍ အိပ်ရာဝင်ခဲ့ကြောင်းနှင့် ၂၇ ရက် နံနက်အစောပိုင်းတွင် ကိုယ်ပူရှိန်မြင့်တက်လာပြီး သွေးအနည်းငယ်အန်၍ သေဆုံးခဲ့ကြောင်း ဇနီးဖြစ်သူထံမှ စုံစမ်းသိရှိရသည်။

“သေဆုံးသူ အမျိုးသားက အလုပ်သွားမယ်ဆိုပြီး မနက်အစော နေအိမ်က ထွက်သွားပေမယ့် နံနက် ၁၀ နာရီလောက်မှာ အလုပ်မသွားဘဲ အရက်သောက်ပြီး နေအိမ်ပြန်လာတယ်။ နေအိမ်ရောက်တော့ အိပ်ရာထဲ ဝင်အိပ်နေရာက နောက်တစ်နေ့ မနက်မှာ ခန္ဓာကိုယ်အပူချိန်တွေ မြင့်တက်လာပြီး သွေးအနည်းငယ် အန်လို့ ဇနီးဖြစ်သူက ပြုစုပေးခဲ့ရတယ်လို့ သိရတယ်။ အိပ်ယာထဲမှာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးခဲ့သူရဲ့ ရုပ်အလောင်းကို မှုခင်းဆရာဝန်ကြီးက စစ်ဆေးကြည့်တော့ ရင်ဘတ်မှာ အတွင်းဒဏ်ရာနဲ့ သေဆုံးခဲ့ရတာလို့ သိရတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

ယင်းအပြင် သေဆုံးသူ အမျိုးသားကို မတ်လ ၂၆ ရက် နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ တ/၁၅ ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ရေသန့်စက်ရုံရှေ့တွင် အဆိုပါရပ်ကွက်တွင် နေထိုင်သော အသက် ၃၅ နှစ် ဌေးလွင် (ခ) နားပြတ်နှင့် သန့်ဇင် (စုံစမ်းဆဲ) ဆိုသူနှစ်ဦးက လက်သီးဖြင့်ထိုးကြိတ်ပြီး သံပိုက်လုံးဖြင့် ရိုက်နှက်ခဲ့ကြောင်းကို ဆယ်အိမ်မှူးတစ်ဦးက မြင်တွေ့ခဲ့ပြီး အင်းစိန်ဆေးရုံရှိ မှုခင်းဆရာဝန်ကြီးမှ သေဆုံးသူမှာ အသည်းရောင်ရောဂါ လက္ခဏာရှိသော်လည်း ရင်ဘတ်တွင်ရရှိခဲ့သည့် အတွင်းဒဏ်ရာကြောင့် ရင်ခေါင်းအတွင်း သွေးယိုစီးခြင်းနှင့် ဦးနှောက်အမြှေးအောက် သွေးယိုစီးခြင်းတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် လှော်ကားနယ်မြေရဲစခန်းမှ လူသတ်မှုပုဒ်မသို့ ပြောင်းလဲအမှုဖွင့်၍ ဌေးလွင်(ခ) နားပြတ်ကို ဖမ်းဆီးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ သန့်ဇင်ကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Thevoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top