ေခတ္သစ္ဇာတ္သဘင္ေလာက ရဲ႕အဓိကေနရာကေနဦးေဆာင္လႈပ္႐ွားသူေတြထဲမွာ ၿမိဳ႕ေရႊမန္းသား ဖိုးခ်စ္ဆိုတဲ့မင္းသားတစ္ေယာက္လည္းပါပါတယ္။
သူရဲ႕အကအလွေတြနဲ႔ဇာတ္သဘင္ဘက္မွာ ေအာင္ျမင္ခဲ့သလိုပဲ ၿပီးခဲ့တဲ့ႏွစ္က႐ံုတင္ျပသခဲ့တဲ့
 ေနာင္တြင္ဥဒါန္းတြင္စသတည္း႐ုပ္႐ွင္ကားႀကီးကိုလည္း ထုတ္လုပ္သူတစ္ေယာက္အေနနဲ႔ေရာ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ပါ ပါဝင္ထားသူတစ္ေယာက္ပါ။
 သူကေဘာလံုးကန္ဝါသနာတစ္ေယာက္လည္းျဖစ္ပါေသးတယ္။ သူရဲ႕မီဒီယာေတြနဲ႔အင္တာဗ်ဴးတစ္ခုမွာ
ေနာက္႐ိုက္မယ့္႐ုပ္႐ွင္ကားအေၾကာင္းေျပာျပသြားတာေတြ႐ိွပါတယ္။သူေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔မိတ္ေဆြေတြသိရေအာင္ေျပာျပေပးလိုက္ပါတယ္။

ဆရာေမာင္ယဥ္ေအာင္ နဲ႔ေနာက္ထပ္႐ိုက္ျဖစ္မယ့္ဇာတ္ကားအေၾကာင္းကို ဖိုးခ်စ္က “ငါသည္ေအာင္ဆန္းကေတာ့ ဆရာကစဥ္းစားတုန္း ၊
မိုင္းမြန္းဧကရီကေတာ့႐ိုက္ျဖစ္မွာ။ အေနာ္ရထာမင္းနဲ႔႐ွမ္းမင္းသမီးေစာမြန္လွအေၾကာင္း တိုးရင္းသားခ်စ္ၾကည္ေရးေတြလည္းပါမယ္။ တခမ္းတနား႐ိုက္ျပသြားမွာ ။
ေနာက္ၿပီးေတာ့ဆရာေမြးထားတဲ့ ဒီဇာတ္မ်ဳိးကိုဆရာ႐ိုက္ေပးခ်င္ေနတာလည္းၾကာၿပီ အရင္တုန္းကအယူအဆအမွားေတြ အျမင္အမွားေတြအားလံုးေျခဖ်က္မယ္။
ဆရာေျပာတဲ့ဟာျပန္ေျပာရတာေပါ့ေနာ္ က်ေနာ္ကအခုခ်ိန္ထိဇာတ္ညႊန္းမဖတ္ရေသးဘူး ။ဒါေပမယ့္ ဆရာနဲ႔အၿမဲတမ္းထိုင္ၿပီးဆရာနားမွာေနရင္းနဲ႔
ဆရာသြန္သင္တာနားေထာင္ရင္း ဆံုးမတာသိလာရင္းနဲ႔ဒီအေၾကာင္းကိုသိလာတဲ့အခါမွာ
က်ေနာ္တို႔ေတာင္းလိုက္ၿပီးရင္ေတာ့ အက်ိဳးတစ္ခုေတာ့ျဖစ္လာဖို႔လိုတာေပါ့ ။ၾကည့္တဲ့သူအတြက္ ပတ္ဝန္းက်င္အတြက္၊ ႏိုင္ငံအတြက္လား ဘာအတြက္လဲ အကုန္စဥ္းစားရမွာ အႏုပညာအတြက္လားေပါ့။
 ဘာတစ္ခုမွအက်ိဳးမ႐ိွဘူးဆိုရင္ေတာ့ ဆံုး႐ံႈးတယ္။”ဆိုၿပီးေျပာသြားပါတယ္။

ေနာက္ထပ္ေမးခြန္းေတြျဖစ္တဲ့ ဘတ္ဂ်တ္ေတာ္ေတာ္သံုးရမွာေပါ့ဆိုတဲ့ေမးခြန္းနဲ႔ဘယ္ေတာ့ေလာက္စ႐ိုက္ၿပီး ၊
ဘာေတြျပင္ဆင္ၿပီးၿပီလဲဆိုတဲ့ေမးခြန္းကိုေတာ့ “သံုးပါလိမ့္မယ္ အနည္းဆံုးငါးေထာင္ကေနခုႏွစ္ေထာင္ၾကားကုန္မယ္ထင္တယ္။ မိုးတြင္းထုတ္မယ္။
က်ေနာ္တို႔အခက္ခဲမ႐ိွဘူးမဟုတ္ဘူး႐ွိမယ္။ ဘာေတြအခက္ခဲ႐ိွမလဲဆိုတာကို ႀကိဳတင္ျပင္ဆင္ထားရင္ေလ်ာ့သြားမယ္။ အခုဇာတ္ကားမွာ ဆရာေမာင္ယဥ္ေအာင္ကသူ႔အလုပ္သူလုပ္ရေတာ့မွာ။
ေနာင္တြင္ဥဒါန္းတြင္ေစသတည္းမွာတုန္းက ဆရာကအကုန္လိုက္လုပ္ေပးေနရတာ ။
ေနာက္ၿပီးေတာ့ က်ေနာ့္တို႔ႏိုင္ငံမွာ အားအနညး္ဆံုးလို႔ေျပာလို႔ရတဲ့အဝတ္အစား ေ႐ွးေခတ္အဝတ္အစားေတြကို Creation လုပ္တဲ့အခါျပန္ၿပီးေတာ့ဖန္တီးတဲ့ေနရာမွာ အင္မတန္အားနည္းတယ္။
 အဲ့ဒါေတြကို သမိုင္းအေထာက္အထားေတြနဲ႔ အဓိကထားၿပီးေ႐ွးတုန္းကပံုစံအနီးစပ္ဆံုးျဖစ္ေအာင္ရယ္။ က်ေနာ္တို႔ကတစ္ခါလာလည္းနန္းဝတ္နန္းစားဆိုရင္ေဘာၾကယ္ထိုးေတြနဲ႔ဆိုေတာ့ တအားမွားတာ”ဆိုၿပီးေျပာျပသြားပါတယ္။
 
ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
ခေတ်သစ်ဇာတ်သဘင်လောက ရဲ့အဓိကနေရာကနေဦးဆောင်လှုပ်ရှားသူတွေထဲမှာ မြို့ရွှေမန်းသား ဖိုးချစ်ဆိုတဲ့မင်းသားတစ်ယောက်လည်းပါပါတယ်။
သူရဲ့အကအလှတွေနဲ့ဇာတ်သဘင်ဘက်မှာ အောင်မြင်ခဲ့သလိုပဲ ပြီးခဲ့တဲ့နှစ်ကရုံတင်ပြသခဲ့တဲ့
 နောင်တွင်ဥဒါန်းတွင်စသတည်းရုပ်ရှင်ကားကြီးကိုလည်း ထုတ်လုပ်သူတစ်ယောက်အနေနဲ့ရော သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ပါဝင်ထားသူတစ်ယောက်ပါ။
 သူကဘောလုံးကန်ဝါသနာတစ်ယောက်လည်းဖြစ်ပါသေးတယ်။ သူရဲ့မီဒီယာတွေနဲ့အင်တာဗျူးတစ်ခုမှာ
နောက်ရိုက်မယ့်ရုပ်ရှင်ကားအကြောင်းပြောပြသွားတာတွေရှိပါတယ်။သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့မိတ်ဆွေတွေသိရအောင်ပြောပြပေးလိုက်ပါတယ်။

ဆရာမောင်ယဉ်အောင် နဲ့နောက်ထပ်ရိုက်ဖြစ်မယ့်ဇာတ်ကားအကြောင်းကို ဖိုးချစ်က “ငါသည်အောင်ဆန်းကတော့ ဆရာကစဉ်းစားတုန်း ၊
မိုင်းမွန်းဧကရီကတော့ရိုက်ဖြစ်မှာ။ အနော်ရထာမင်းနဲ့ရှမ်းမင်းသမီးစောမွန်လှအကြောင်း တိုးရင်းသားချစ်ကြည်ရေးတွေလည်းပါမယ်။ တခမ်းတနားရိုက်ပြသွားမှာ ။
နောက်ပြီးတော့ဆရာမွေးထားတဲ့ ဒီဇာတ်မျိုးကိုဆရာရိုက်ပေးချင်နေတာလည်းကြာပြီ အရင်တုန်းကအယူအဆအမှားတွေ အမြင်အမှားတွေအားလုံးခြေဖျက်မယ်။
ဆရာပြောတဲ့ဟာပြန်ပြောရတာပေါ့နော် ကျနော်ကအခုချိန်ထိဇာတ်ညွှန်းမဖတ်ရသေးဘူး ။ဒါပေမယ့် ဆရာနဲ့အမြဲတမ်းထိုင်ပြီးဆရာနားမှာနေရင်းနဲ့
ဆရာသွန်သင်တာနားထောင်ရင်း ဆုံးမတာသိလာရင်းနဲ့ဒီအကြောင်းကိုသိလာတဲ့အခါမှာ
ကျနော်တို့တောင်းလိုက်ပြီးရင်တော့ အကျိုးတစ်ခုတော့ဖြစ်လာဖို့လိုတာပေါ့ ။ကြည့်တဲ့သူအတွက် ပတ်ဝန်းကျင်အတွက်၊ နိုင်ငံအတွက်လား ဘာအတွက်လဲ အကုန်စဉ်းစားရမှာ အနုပညာအတွက်လားပေါ့။
 ဘာတစ်ခုမှအကျိုးမရှိဘူးဆိုရင်တော့ ဆုံးရှုံးတယ်။”ဆိုပြီးပြောသွားပါတယ်။

နောက်ထပ်မေးခွန်းတွေဖြစ်တဲ့ ဘတ်ဂျတ်တော်တော်သုံးရမှာပေါ့ဆိုတဲ့မေးခွန်းနဲ့ဘယ်တော့လောက်စရိုက်ပြီး ၊
ဘာတွေပြင်ဆင်ပြီးပြီလဲဆိုတဲ့မေးခွန်းကိုတော့ “သုံးပါလိမ့်မယ် အနည်းဆုံးငါးထောင်ကနေခုနှစ်ထောင်ကြားကုန်မယ်ထင်တယ်။ မိုးတွင်းထုတ်မယ်။
ကျနော်တို့အခက်ခဲမရှိဘူးမဟုတ်ဘူးရှိမယ်။ ဘာတွေအခက်ခဲရှိမလဲဆိုတာကို ကြိုတင်ပြင်ဆင်ထားရင်လျော့သွားမယ်။ အခုဇာတ်ကားမှာ ဆရာမောင်ယဉ်အောင်ကသူ့အလုပ်သူလုပ်ရတော့မှာ။
နောင်တွင်ဥဒါန်းတွင်စေသတည်းမှာတုန်းက ဆရာကအကုန်လိုက်လုပ်ပေးနေရတာ ။
နောက်ပြီးတော့ ကျနော့်တို့နိုင်ငံမှာ အားအနည်းဆုံးလို့ပြောလို့ရတဲ့အဝတ်အစား ရှေးခေတ်အဝတ်အစားတွေကို Creation လုပ်တဲ့အခါပြန်ပြီးတော့ဖန်တီးတဲ့နေရာမှာ အင်မတန်အားနည်းတယ်။
 အဲ့ဒါတွေကို သမိုင်းအထောက်အထားတွေနဲ့ အဓိကထားပြီးရှေးတုန်းကပုံစံအနီးစပ်ဆုံးဖြစ်အောင်ရယ်။ ကျနော်တို့ကတစ်ခါလာလည်းနန်းဝတ်နန်းစားဆိုရင်ဘောကြယ်ထိုးတွေနဲ့ဆိုတော့ တအားမှားတာ”ဆိုပြီးပြောပြသွားပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top