နွစ္ဆန္းတစ္ရက္ေန့က ေတာင္ဒဂံုၿမိဳ႕နယ္ (၁၀၇) ရပ္ကြက္တြင္ အႏၲရာယ္ကင္းပရိတ္ရြတ္ေနစဥ္ အမ်ိုးသမီးတစ္ဦးကို ျမျမလို့ အမည္ရတဲ့ ဝိညာဥ္က ဝင္ေရာက္ပူးကပ္ခဲ့တဲ့ ဗီဒီယိုတစ္ခုက ေဖ့စ္ဘုတ္မွာ ဂယက္ထေနခဲ့တာျဖစ္ပါတယ္ ျမျမက သျကၤန္အျကိုေန့က ေမြ့ယာစက္ရံုမွ လူသံုးဦးရဲ့ မုဒိန္းက်င့္ သတ္ျဖတ္ျပီး အေလာင္းေဖ်ာက္ျခင္း ခံခဲ့ရတာလို့ ဝင္ေရာက္ပူးကပ္ျပီး ေျပာဆိုခဲ့တာ ျဖစ္ျပီး ထိုဗီဒီယိုက ေဖ့စ္ဘုတ္စာမ်က္နွာမွာ လူေျပာမ်ားေနတာ ျဖစ္ပါတယ္

ျမျမရဲ့ ဝိညာဥ္က မေန့က ဧျပီလ(၂၃) ရက္ေန့ ေန့လည္ပိုင္းက ေက်ာက္စိမ္းဖိနပ္စက္႐ုံ၀င္းအတြင္း႐ွိ အမ်ဳိးသမီးဝန္ထမ္းတဦးအား ထပ္မံပူးကပ္ခဲ့ေၾကာင္းသိရပါတယ္။ ေက်ာက္စိမ္းဖိနပ္စက္ရံုသည္ ဝန္ထမ္းအင္အား (၁၄၀၀)ဝန္က်င္းရွိၿပီး သႀကၤန္အတြင္း စက္ရံုပိတ္ထားေသာေၾကာင့္ စက္ရံုျပန္လည္ဖြင့္လွစ္သည့္ ဧၿပီ (၂၃) ရက္ေန႔တြင္ မျမျမဆိုသည့္ ဝန္ထမ္းရွွိမရွိကိုစစ္ေဆးေနခ်ိန္တြင္ စက္ရံုဝန္ထမ္းအမ်ဳိးသမီးတဦးအား ထပ္မံဝင္ေရာက္ပူးကပ္ျခင္းျဖစ္တယ္လို့ လည္းသိရပါတယ္။

ထိုအျဖစ္နဲ့ ပတ္သတ္ျပီး ေကာလဟာလေတြ ထြက္ေပၚေနသလို ပရိသတ္ေတြကလဲ စိတ္ဝင္တစားနဲ့ ေစာင့္ျကည့္ေနျကတာျဖစ္ပါတယ္။ မျမျမေျပာဆိုခဲ့သည့္ အေလာင္းျမွပ္ႏွံထားသည္ဆိုသည့္ ေနရာပတ္ဝန္းက်င္းကိုလည္း ရဲတပ္ဖြဲ႔ဝင္မ်ားမွ လိုက္လံရွာေဖြစံုစမ္းခဲ့ေသာ္လည္း တစံုတရာ မေတြ႔ရွိခဲ့ရေသးပါဘူး။

ျမျမရဲ့ ဘဝဇာတ္ေျကာင္းနဲ့ ပတ္သတ္ျပီး ဒါရိုက္တာ ညိုမင္းလြင္က “Facebook ေပၚက ေရပန္းစားေသာကိစၥမ်ားကို ဝင္ပါေလ့မရွိေသာ္လည္း ယခုတစ္ႀကိမ္မွာေတာ့ တရားဝင္ေၾကျငာပါသည္၊ ကြ်န္ေတာ္ ” ျမျမ ” အေၾကာင္းကို ႐ုပ္ရွင္႐ိုက္ပါမည္၊” ဆိုျပီး ပရိသတ္ေတြကို တရားဝင္အသိေပးထားတာေတြ႔ရပါတယ္

ဒါရုိက္တာ ညိဳမင္းလြင္ကေတာ့ လွ်ိဳ့ဝွက္ဆန္းျကယ္တဲ့ အျဖစ္အပ်က္ေတြကို ပိုင္နိုင္စြာ ရိုက္ကူးနိုင္တဲ့ ဒါရိုက္တာတစ္ဦးပဲ ျဖစ္ပါတယ္။ ဒီတစ္ေခာက္ “ျမျမ” နဲ့ ပက္သတ္ျပီးလဲ ညိဳမင္းလြင္တစ္ေယာက္ သူ့ရဲ့ ပညာေတြကို ဘယ္လို အစြမ္းကုန္ ထုတ္ျပဦးမလဲ ဆိုတာ စိတ္ဝင္စားစြာနဲ႔ ေစာင့္ျကည့္ရမွာျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Rowena
Source: Nyo Min Lwin’s fb & News Watch
#Unicode Version#
နှစ်ဆန်းတစ်ရက်နေ့က တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက်တွင် အန္တရာယ်ကင်းပရိတ်ရွတ်နေစဉ် အမျိုးသမီးတစ်ဦးကို မြမြလို့ အမည်ရတဲ့ ဝိညာဉ်က ဝင်ရောက်ပူးကပ်ခဲ့တဲ့ ဗီဒီယိုတစ်ခုက ဖေ့စ်ဘုတ်မှာ ဂယက်ထနေခဲ့တာဖြစ်ပါတယ် မြမြက သြင်္ကန်အကြိုနေ့က မွေ့ယာစက်ရုံမှ လူသုံးဦးရဲ့ မုဒိန်းကျင့် သတ်ဖြတ်ပြီး အလောင်းဖျောက်ခြင်း ခံခဲ့ရတာလို့ ဝင်ရောက်ပူးကပ်ပြီး ပြောဆိုခဲ့တာ ဖြစ်ပြီး ထိုဗီဒီယိုက ဖေ့စ်ဘုတ်စာမျက်နှာမှာ လူပြောများနေတာ ဖြစ်ပါတယ်

မြမြရဲ့ ဝိညာဉ်က မနေ့က ဧပြီလ(၂၃) ရက်နေ့ နေ့လည်ပိုင်းက ကျောက်စိမ်းဖိနပ်စက်ရုံဝင်းအတွင်းရှိ အမျိုးသမီးဝန်ထမ်းတဦးအား ထပ်မံပူးကပ်ခဲ့ကြောင်းသိရပါတယ်။ ကျောက်စိမ်းဖိနပ်စက်ရုံသည် ဝန်ထမ်းအင်အား (၁၄၀၀)ဝန်ကျင်းရှိပြီး သြင်္ကန်အတွင်း စက်ရုံပိတ်ထားသောကြောင့် စက်ရုံပြန်လည်ဖွင့်လှစ်သည့် ဧပြီ (၂၃) ရက်နေ့တွင် မမြမြဆိုသည့် ဝန်ထမ်းရှိမရှိကိုစစ်ဆေးနေချိန်တွင် စက်ရုံဝန်ထမ်းအမျိုးသမီးတဦးအား ထပ်မံဝင်ရောက်ပူးကပ်ခြင်းဖြစ်တယ်လို့ လည်းသိရပါတယ်။

ထိုအဖြစ်နဲ့ ပတ်သတ်ပြီး ကောလဟာလတွေ ထွက်ပေါ်နေသလို ပရိသတ်တွေကလဲ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ မမြမြပြောဆိုခဲ့သည့် အလောင်းမြှပ်နှံထားသည်ဆိုသည့် နေရာပတ်ဝန်းကျင်းကိုလည်း ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေစုံစမ်းခဲ့သော်လည်း တစုံတရာ မတွေ့ရှိခဲ့ရသေးပါဘူး။

မြမြရဲ့ ဘဝဇာတ်ကြောင်းနဲ့ ပတ်သတ်ပြီး ဒါရိုက်တာ ညိုမင်းလွင်က “Facebook ပေါ်က ရေပန်းစားသောကိစ္စများကို ဝင်ပါလေ့မရှိသော်လည်း ယခုတစ်ကြိမ်မှာတော့ တရားဝင်ကြေငြာပါသည်၊ ကျွန်တော် ” မြမြ ” အကြောင်းကို ရုပ်ရှင်ရိုက်ပါမည်၊” ဆိုပြီး ပရိသတ်တွေကို တရားဝင်အသိပေးထားတာတွေ့ရပါတယ်

ဒါရိုက်တာ ညိုမင်းလွင်ကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေကို ပိုင်နိုင်စွာ ရိုက်ကူးနိုင်တဲ့ ဒါရိုက်တာတစ်ဦးပဲ ဖြစ်ပါတယ်။ ဒီတစ်ခောက် “မြမြ” နဲ့ ပက်သတ်ပြီးလဲ ညိုမင်းလွင်တစ်ယောက် သူ့ရဲ့ ပညာတွေကို ဘယ်လို အစွမ်းကုန် ထုတ်ပြဦးမလဲ ဆိုတာ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Rowena
Source: Nyo Min Lwin’s fb & News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top