ဗီယက္နမ္ ႏိုင္ငံက အမ်ိဳးသမီး တစ္ေယာက္က ဘဲဥေတြကို စားဖို႔ ဝယ္ခဲ့ပါတယ္ ဒါေပမယ့္ ရာသီဥတု ပူျပင္းမႈေၾကာင့္ ဘဲဥေလးေတြက အေကာင္ေပါက္ လာပါတယ္ ဒီႏွစ္ေႏြဟာ အေရွ႕ေတာင္အာရွ အတြက္ အေတာ္ကို ပူျပင္းလွပါတယ္။

ဒါေပမယ့္ ဒီအျဖစ္အပ်က္ ေလးကေတာ့ ထူးဆန္းပါတယ္။ ဗီယက္နမ္ အမ်ိဳးသမီးတစ္ဦးက ဘဲဥ ႏွစ္ဒါဇင္ကို ဝယ္လာၿပီး မီးဖိုထဲ ထည့္ထားပါတယ္။ သူမဟာ ဘဲဥေတြရဲ႕ သေႏၶသားေလာင္း (balut) ကို စားဖို႔ ဝယ္လာခဲ့တာပါ။

ဒီအစားအစာကို ထိုင္း၊ ကေမာၻဒီးယား၊ ဖိလစ္ပိုင္ ႏိုင္ငံနဲ႔ ဗီယက္နမ္ လူမ်ိဳးေတြက ႏွစ္ႏွစ္သက္သက္ စားၾကပါတယ္။ ဒါေပမယ့္ ရာသီဥတုက တဟုန္ထိုး ပူျပင္းလာတဲ့ အတြက္ေၾကာင့္ ဘဲဥေလးေတြက အေကာင္ေပါက္ လာပါတယ္။

အဲဒီေနာက္မွာေတာ့ ခ်စ္စရာ ေကာင္းတဲ့ ဘဲေလး ၂၄ ေကာင္ ထြက္လာပါတယ္။ ဗီယက္နမ္ အမ်ိဳးသမီးက ဘဲ ၂၄ ေကာင္နဲ႔ ေတာ္ေတာ္ အလုပ္ရွဴပ္သြားတယ္ ထင္ပါတယ္။ သူမရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြကို ဘဲေလး တစ္ေကာင္စီ ေပးလိုက္ပါတယ္။

ဘဲေလးေတြကလည္း ေမြးစားခ်င္စရာ ေလးေတြပါပဲ သူတို႔ရဲ႕ အျပစ္ကင္းတဲ့ မ်က္ႏွာေလးေတြက ခ်စ္စရာေလးေနာ္..
ဖိုးသူေတာ္(www.phothutaw.com)
Credit:thadinyatkwat
Source – World of Buzz
#Unicode Version#
ဗီယက်နမ် နိုင်ငံက အမျိုးသမီး တစ်ယောက်က ဘဲဥတွေကို စားဖို့ ဝယ်ခဲ့ပါတယ် ဒါပေမယ့် ရာသီဥတု ပူပြင်းမှုကြောင့် ဘဲဥလေးတွေက အကောင်ပေါက် လာပါတယ် ဒီနှစ်နွေဟာ အရှေ့တောင်အာရှ အတွက် အတော်ကို ပူပြင်းလှပါတယ်။

ဒါပေမယ့် ဒီအဖြစ်အပျက် လေးကတော့ ထူးဆန်းပါတယ်။ ဗီယက်နမ် အမျိုးသမီးတစ်ဦးက ဘဲဥ နှစ်ဒါဇင်ကို ဝယ်လာပြီး မီးဖိုထဲ ထည့်ထားပါတယ်။ သူမဟာ ဘဲဥတွေရဲ့ သန္ဓေသားလောင်း (balut) ကို စားဖို့ ဝယ်လာခဲ့တာပါ။

ဒီအစားအစာကို ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် နိုင်ငံနဲ့ ဗီယက်နမ် လူမျိုးတွေက နှစ်နှစ်သက်သက် စားကြပါတယ်။ ဒါပေမယ့် ရာသီဥတုက တဟုန်ထိုး ပူပြင်းလာတဲ့ အတွက်ကြောင့် ဘဲဥလေးတွေက အကောင်ပေါက် လာပါတယ်။

အဲဒီနောက်မှာတော့ ချစ်စရာ ကောင်းတဲ့ ဘဲလေး ၂၄ ကောင် ထွက်လာပါတယ်။ ဗီယက်နမ် အမျိုးသမီးက ဘဲ ၂၄ ကောင်နဲ့ တော်တော် အလုပ်ရှူပ်သွားတယ် ထင်ပါတယ်။ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘဲလေး တစ်ကောင်စီ ပေးလိုက်ပါတယ်။

ဘဲလေးတွေကလည်း မွေးစားချင်စရာ လေးတွေပါပဲ သူတို့ရဲ့ အပြစ်ကင်းတဲ့ မျက်နှာလေးတွေက ချစ်စရာလေးနော်..
ဖိုးသူတော်(www.phothutaw.com)
Credit:thadinyatkwat
Source – World of Buzz
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top