တရားမ၀င္သစ္ေတြကို အရင္ကထက္ ပိုမိုဖမ္းဆီးလာနိုင္ေပမယ့္ သစ္ခိုးသမားေတြရဲ႕နည္းပညာေတြ၊ စက္ယႏၱရားေတြက ပိုမိုျမင့္မားေနတဲ့အတြက္ လိုက္လံဖမ္းဆီးတဲ့ေနရာမွာ အခက္ခဲေတြ ရွိေနတယ္လို႔ ပဲခူးတိုင္း သစ္ေတာ၀န္ႀကီး ေဒါက္တာေစာညိဳ၀င္းက ေျပာပါတယ္။

ပဲခူးတိုင္းအတြင္း ၿပီးခဲ့တဲ့ ၂၀၁၈ ခုနွစ္ ဧၿပီကေန စက္တင္ဘာထိ ၆ လတာ ကာလမွာ တရားမ၀င္သစ္ ၂၂၇၀ တန္ဖမ္းဆီးနိုင္ခဲ့ၿပီး အခု ၂၀၁၈ ေအာက္တိုဘာကေန မတ္လအထိ ၆ လတာကာလမွာ တရားမ၀င္သစ္ ၃၆၉၃ တန္အထိ တိုးျမႇင့္ဖမ္းဆီးနိုင္ခဲ့ပါတယ္၊။

ပဲခူးတိုင္းအတြင္းမွာ ဆည္ေပါင္း ၃၀ ေက်ာ္ရွိၿပီး တရားမ၀င္သစ္ေတြက ဆည္ေတြဘက္ကေန ထြက္ေနတာလုိ႔ သိရပါတယ္။

ဒါ့အျပင္ အရင္က ကားလမ္းတလမ္းနွစ္လမ္းသာရွိခဲ့ေပမယ့္ အခုအခါ သစ္ခိုးသမားေတြက ထြန္စက္ေတြမွာ ေျမေကာ္စက္ေတြတပ္ၿပီး သူတို႔ သြားျခင္တဲ့ေနရာေတြမွာ ခ်က္ျခင္းလမ္းေဖာက္ပစ္လိုက္တာေတြ၊ ၿပီးေတာ့ ဆိုင္ကယ္ေတြေပၚမွာ သစ္ခဲြတဲ့ လႊစက္ေတြ၊ မီးစက္ေတြ တင္လာၿပီး ေတာထဲမွာတင္ သစ္ခဲြသြားတာလုိ႔ သစ္ေတာ၀န္ႀကီးက ေျပာပါတယ္။

“သူတို႔ရဲ႕ နည္းပညာေတြ၊ စက္ယႏၱရားေတြက က်ေနာ္တုိ႔ထက္ျမင့္ေနတယ္။ အခုဖမ္းေနတယ္ဆိုတာက တပ္မေတာ္ကပါ ပါလာလို႔ ဖမ္းဆီးနိုင္တာျဖစ္တယ္။ ဒါေၾကာင့္ က်ေနာ္တုိ႔ဘက္က အမီလိုက္ႏုိင္ဖို႔လိုတယ္။ ၿပီးေတာ့ အဲဒီေဒသက သစ္ေတာကိုမီွၿပီး အသက္ေမြး၀မ္းေၾကာင္းျပဳတဲ့ သူေတြရဲ႕ဘ၀ကို ျမႇင့္တင္ေပးနိုင္မွသာ ဒီသစ္ခိုးထုတ္တဲ့ အရာေတြက ေလ်ာ့နည္းသြားမွာ ျဖစ္တယ္။”

သစ္ခိုးထုတ္မႈေတြကို ကာကြယ္ဖမ္းဆီးနိုင္ဖို႔ဆိုရင္ သစ္ခိုးသမားေတြရဲ႕ ၀စ္ေသာက္ကားေတြက အရမ္းေကာင္းၿပီး သစ္ေတာဌာနက ကားေတြက အိုေဟာင္းေနတာေတြ အစားထိုးျဖည္းဆည္းေပးဖို႔လုိတယ္လုိ႔ ဆုိပါတယ္။

ဒါ့အျပင္ ေလယဥ္ပ်ံ မသံုးနိုင္ေသးတဲ့အတြက္ ဒ႐ုန္း နဲ႔ ေစာင္ၾကည့္နိုင္ေအာင္ စီစဥ္ေပးဖို ့ GOOGLE Map ကို အပ္တူဒိတ္ သံုးနိုင္းဖုိ႔ ၿပီးေတာ့ ဂိတ္ေတြမွာ CCTV တပ္ဆင္ၿပီး ေစာင္ၾကည့္ဖို႔အတြက္  ျဖည့္ဆည္းေပးနိုင္ဖုိ႔အစီစဥ္ေတြကိုေတာ့ စဥ္းစားေနတယ္လို႔ သစ္ေတာ၀န္ႀကီးက ေျပာပါတယ္။

ဖမ္းဆီးရမိတဲ့သစ္ေတြကိုေတာ့ ေဒသဖံြ႔ၿဖိဳးေရးလုပ္ငန္းေတြမွာ သံုးဖို႔အတြက္ အစိုးရေစ်းနႈန္းနဲ႔ ျပန္လည္ေရာင္းခ်ေပးပါတယ္၊ အစိုးရသစ္လက္ထပ္မွာ တႀကိမ္ကို တန္ ၂၀၀ နဲ ့ ၇ ႀကိမ္ ေရာင္းခ်ေပးထားေၾကာင္း၊ ကြ်န္းခဲြသားတစ္တန္ကို ၃ သိန္းနဲ႔ ေရာင္းခ်ေပးတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

တရားမဝင်သစ်တွေကို အရင်ကထက် ပိုမိုဖမ်းဆီးလာနိုင်ပေမယ့် သစ်ခိုးသမားတွေရဲ့နည်းပညာတွေ၊ စက်ယန္တရားတွေက ပိုမိုမြင့်မားနေတဲ့အတွက် လိုက်လံဖမ်းဆီးတဲ့နေရာမှာ အခက်ခဲတွေ ရှိနေတယ်လို့ ပဲခူးတိုင်း သစ်တောဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောပါတယ်။

ပဲခူးတိုင်းအတွင်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီကနေ စက်တင်ဘာထိ ၆ လတာ ကာလမှာ တရားမဝင်သစ် ၂၂၇၀ တန်ဖမ်းဆီးနိုင်ခဲ့ပြီး အခု ၂၀၁၈ အောက်တိုဘာကနေ မတ်လအထိ ၆ လတာကာလမှာ တရားမဝင်သစ် ၃၆၉၃ တန်အထိ တိုးမြှင့်ဖမ်းဆီးနိုင်ခဲ့ပါတယ်၊။

ပဲခူးတိုင်းအတွင်းမှာ ဆည်ပေါင်း ၃၀ ကျော်ရှိပြီး တရားမဝင်သစ်တွေက ဆည်တွေဘက်ကနေ ထွက်နေတာလို့ သိရပါတယ်။

ဒါ့အပြင် အရင်က ကားလမ်းတလမ်းနှစ်လမ်းသာရှိခဲ့ပေမယ့် အခုအခါ သစ်ခိုးသမားတွေက ထွန်စက်တွေမှာ မြေကော်စက်တွေတပ်ပြီး သူတို့ သွားခြင်တဲ့နေရာတွေမှာ ချက်ခြင်းလမ်းဖောက်ပစ်လိုက်တာတွေ၊ ပြီးတော့ ဆိုင်ကယ်တွေပေါ်မှာ သစ်ခွဲတဲ့ လွှစက်တွေ၊ မီးစက်တွေ တင်လာပြီး တောထဲမှာတင် သစ်ခွဲသွားတာလို့ သစ်တောဝန်ကြီးက ပြောပါတယ်။

“သူတို့ရဲ့ နည်းပညာတွေ၊ စက်ယန္တရားတွေက ကျနော်တို့ထက်မြင့်နေတယ်။ အခုဖမ်းနေတယ်ဆိုတာက တပ်မတော်ကပါ ပါလာလို့ ဖမ်းဆီးနိုင်တာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ဘက်က အမီလိုက်နိုင်ဖို့လိုတယ်။ ပြီးတော့ အဲဒီဒေသက သစ်တောကိုမှီပြီး အသက်မွေးဝမ်းကြောင်းပြုတဲ့ သူတွေရဲ့ဘဝကို မြှင့်တင်ပေးနိုင်မှသာ ဒီသစ်ခိုးထုတ်တဲ့ အရာတွေက လျော့နည်းသွားမှာ ဖြစ်တယ်။”

သစ်ခိုးထုတ်မှုတွေကို ကာကွယ်ဖမ်းဆီးနိုင်ဖို့ဆိုရင် သစ်ခိုးသမားတွေရဲ့ ဝစ်သောက်ကားတွေက အရမ်းကောင်းပြီး သစ်တောဌာနက ကားတွေက အိုဟောင်းနေတာတွေ အစားထိုးဖြည်းဆည်းပေးဖို့လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေယဉ်ပျံ မသုံးနိုင်သေးတဲ့အတွက် ဒရုန်း နဲ့ စောင်ကြည့်နိုင်အောင် စီစဉ်ပေးဖို့ GOOGLE Map ကို အပ်တူဒိတ် သုံးနိုင်းဖို့ ပြီးတော့ ဂိတ်တွေမှာ CCTV တပ်ဆင်ပြီး စောင်ကြည့်ဖို့အတွက်  ဖြည့်ဆည်းပေးနိုင်ဖို့အစီစဉ်တွေကိုတော့ စဉ်းစားနေတယ်လို့ သစ်တောဝန်ကြီးက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့သစ်တွေကိုတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးဖို့အတွက် အစိုးရဈေးနှုန်းနဲ့ ပြန်လည်ရောင်းချပေးပါတယ်၊ အစိုးရသစ်လက်ထပ်မှာ တကြိမ်ကို တန် ၂၀၀ နဲ့ ၇ ကြိမ် ရောင်းချပေးထားကြောင်း၊ ကျွန်းခွဲသားတစ်တန်ကို ၃ သိန်းနဲ့ ရောင်းချပေးတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top