20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

မတ္လအတြင္းျဖစ္ပြားခဲ့တဲ့ လူကုန္ကူးမႈေတြမွာ ရန္ကုန္တုိင္းေဒသၾကီးနဲ႔ ရွမ္းျပည္နယ္က လူေတြ ကုန္ကူးခံရမႈအမ်ားဆုံးျဖစ္ပြားခဲ့တယ္လုိ႔ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔ကသိရပါတယ္။

မတ္လအတြင္းမွာ လူကုန္ကူးခံရမႈေပါင္း ၂၂ မႈျဖစ္ခဲ့ျပီး က်ဴးလြန္သူေပါင္း ၅၀ ကုိ လူကုန္ကူးမႈနဲ႔ အေရးယူႏုိင္ခဲ့ပါတယ္။

စုစုေပါ့င္း လူကုန္ကူးခံရခဲ့တဲသူ ၂၅ ေယာက္ရွိျပီး ကေလးငယ္ ၃ ေယာက္အပါအ၀င္ အမ်ိဳးသမီး ၂၄ ေယာက္နဲ႔ အမ်ိဳးသား ၁ ေယာက္တုိ႔ျဖစ္ၾကပါတယ္။

ရွမ္းျပည္နယ္နဲ႔ ရန္ကုန္က အမ်ားဆုံးျဖစ္ေနၿပီးေတာ့ ကခ်င္ျပည္နယ္က ဒုတိယအမ်ားဆုံးအေနနဲ႔ ရပ္တည္ေနၿပီးဧရာ၀တီတုိင္းတုိ႕ရွိေနၿပီးေတာ့ ပဲခူး၊ခ်င္း၊မြန္၊ မႏၱေလးတုိင္းတုိ႔က ရွိေနတာျဖစ္ပါတယ္။

လူကုန္ကူးမႈအမ်ားဆုံးက တရုတ္ကုိအတင္းအဓမၼလက္ထပ္ေစမႈက ၁၉ မႈျဖစ္ၿပီး ၊ေစခိုင္းမႈက ၃ မႈနဲ႔ ျပည့္တန္ဆာအျဖစ္လုပ္ကုိင္ခုိင္းတာက ၁ မႈတုိ႔ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကလည္း တရုတ္ႏုိ္င္ငံအတြင္းေနထုိင္သူတစ္ဦးက လူကုန္ကူးခံရသူတစ္ဦးကိုရုိက္နွက္ေနတဲ့ video က လူမႈကြန္ယက္မွာပ်႕ံနွံ႕လာၿပီး လူကုန္ကူးမႈနဲ႕ ပါတ္သတ္ၿပီး လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ က ျဖန္႔ေ၀ထားတာျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun
လူကုန္ကူးမႈပေပ်ာက္ေရးအတြက္ ေဟာေျပာေနမႈ (ဓါတ္ပုံ -လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔)
#Unicode Version#
မတ်လအတွင်းဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှုတွေမှာ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်က လူတွေ ကုန်ကူးခံရမှုအများဆုံးဖြစ်ပွားခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကသိရပါတယ်။

မတ်လအတွင်းမှာ လူကုန်ကူးခံရမှုပေါင်း ၂၂ မှုဖြစ်ခဲ့ပြီး ကျူးလွန်သူပေါင်း ၅၀ ကို လူကုန်ကူးမှုနဲ့ အရေးယူနိုင်ခဲ့ပါတယ်။

စုစုပေါ့င်း လူကုန်ကူးခံရခဲ့တဲသူ ၂၅ ယောက်ရှိပြီး ကလေးငယ် ၃ ယောက်အပါအဝင် အမျိုးသမီး ၂၄ ယောက်နဲ့ အမျိုးသား ၁ ယောက်တို့ဖြစ်ကြပါတယ်။

ရှမ်းပြည်နယ်နဲ့ ရန်ကုန်က အများဆုံးဖြစ်နေပြီးတော့ ကချင်ပြည်နယ်က ဒုတိယအများဆုံးအနေနဲ့ ရပ်တည်နေပြီးဧရာဝတီတိုင်းတို့ရှိနေပြီးတော့ ပဲခူး၊ချင်း၊မွန်၊ မန္တလေးတိုင်းတို့က ရှိနေတာဖြစ်ပါတယ်။

လူကုန်ကူးမှုအများဆုံးက တရုတ်ကိုအတင်းအဓမ္မလက်ထပ်စေမှုက ၁၉ မှုဖြစ်ပြီး ၊စေခိုင်းမှုက ၃ မှုနဲ့ ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ခိုင်းတာက ၁ မှုတို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း တရုတ်နိုင်ငံအတွင်းနေထိုင်သူတစ်ဦးက လူကုန်ကူးခံရသူတစ်ဦးကိုရိုက်နှက်နေတဲ့ video က လူမှုကွန်ယက်မှာပျံ့နှံ့လာပြီး လူကုန်ကူးမှုနဲ့ ပါတ်သတ်ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က ဖြန့်ဝေထားတာဖြစ်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Duwun
လူကုန်ကူးမှုပပျောက်ရေးအတွက် ဟောပြောနေမှု (ဓါတ်ပုံ -လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top