လူရြယ္တစ္ေယာက္ဟာ သူ႔အေဖဆံုးသြားေတာ့ သူ႔အေမအုိကို အိမ္မွာ မထားခ်င္တာနဲ႔ လူအိုရံုကို ပိုထားလိုက္တယ္။ တစ္လမွာ တစ္ခါေလာက္ေတာ့ အေမကို သြားၾကည့္တယ္။

တစ္ရက္မွာ လူအိုရံုကေန သူ႔ဆီကို ဖုန္းဆက္လာတယ္။ သူ႔အေမဟာ အပ်င္းဖ်ားျပီး ေသမလို ျဖစ္ေနတယ္။ ခ်က္ခ်င္းလာပါတဲ့။

သူလည္း သူ႔အလုပ္ကို ရပ္လိုက္ျပီး လူအိုရံုကို တက္စီကားငွားျပီး သြားလိုက္တယ္။ သူေရာက္သြားေတာ့ အေမဟာ ကုတင္ေပၚမွာ အေမာေဖာက္ျပီး ေသခါနီး ျဖစ္ေနျပီ။

သူက အေမ့ပါးနားကို ကပ္ျပီး “ကၽြန္ေတာ္ ဘာလုပ္ေပးရမလဲ အေမ”လို႔ ေမးလိုက္တယ္။

အေမဟာ မ်က္လံုးပြင့္လာျပီး ခုလိုစကားကို ေမာေနတဲ့ၾကားက အားတင္းျပီး ေျပာလိုက္တယ္။

“လူအိုရံုမွာ ပန္ကာေတြ ၀ယ္ျပီး လွဴေပးပါ။ ေနာက္ျပီး ေရခဲေသတၱာတစ္လံုးလည္း လွဴေပးပါ။ ညဆာတဲ့အခါ စားဖို႔ အစားအေသာက္ေတြ ထည့္ထားဖို႔ပါ”

လူရြယ္ဟာ အေမ့စကားေၾကာင့္ အေတာ့္ကို အံ့အားသင့္သြားျပီး ခုလို ေမးလိုက္ျပန္တယ္။

“အေမ ဒီမွာ ေနတာ ၾကာေနျပီ။ ဒါမ်ိဳးလိုခ်င္တယ္လို႔ အေမ ကၽြန္ေတာ့္ကို တစ္ခါမွ မေျပာဖူးခဲ့ပါဘူး။

အခု အေမ့မွာ ေနရဖို႔ နာရီပိုင္းေလးပဲ က်န္ေတာ့မွ ဘာေၾကာင့္ ဒါေတြ လိုခ်င္ရတာလဲ အေမရာ”

အေမက ခုလို တိုးတိုးေလး ျပန္ေျဖလိုက္တယ္။

“ဟုတ္ပါတယ္ သားရယ္။ အေမေလ ဒီမွာ ေနစဥ္တေလွ်ာက္လံုးမွာ ပူအိုက္တာေတြ၊ စားစရာမရွိလို႔ ဗိုက္ဆာတာေတြ၊ နာက်င္တာေတြကို ခံနိုင္ခဲ့ပါတယ္။

အေမ အခု ေျပာတာေတြဟာ အေမ့အတြက္ မဟုုတ္ပါဘူးကြယ္။ မင္းအသက္ၾကီးလာရင္ မင္းကေလးေတြ မင္းကို လူအိုရံုမွာ လာပို႔ထားတဲ့အခါ အဲဒီဒဏ္ေတြကို မင္း မခံနိုင္မွာ စိုးလို႔ မင္းအတြက္ပါကြယ္”

အေမဆိုတာ သားသမီးအတြက္ ေသခါနီးအခ်ိန္ထိ စိုးရိမ္ပူပန္ေနတတ္ပါတယ္။ အေမ့ေက်းဇူးကို မေမ့ၾကပါနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


လူရွယ်တစ်ယောက်ဟာ သူ့အဖေဆုံးသွားတော့ သူ့အမေအိုကို အိမ်မှာ မထားချင်တာနဲ့ လူအိုရုံကို ပိုထားလိုက်တယ်။ တစ်လမှာ တစ်ခါလောက်တော့ အမေကို သွားကြည့်တယ်။

တစ်ရက်မှာ လူအိုရုံကနေ သူ့ဆီကို ဖုန်းဆက်လာတယ်။ သူ့အမေဟာ အပျင်းဖျားပြီး သေမလို ဖြစ်နေတယ်။ ချက်ချင်းလာပါတဲ့။

သူလည်း သူ့အလုပ်ကို ရပ်လိုက်ပြီး လူအိုရုံကို တက်စီကားငှားပြီး သွားလိုက်တယ်။ သူရောက်သွားတော့ အမေဟာ ကုတင်ပေါ်မှာ အမောဖောက်ပြီး သေခါနီး ဖြစ်နေပြီ။

သူက အမေ့ပါးနားကို ကပ်ပြီး “ကျွန်တော် ဘာလုပ်ပေးရမလဲ အမေ”လို့ မေးလိုက်တယ်။

အမေဟာ မျက်လုံးပွင့်လာပြီး ခုလိုစကားကို မောနေတဲ့ကြားက အားတင်းပြီး ပြောလိုက်တယ်။

“လူအိုရုံမှာ ပန်ကာတွေ ဝယ်ပြီး လှူပေးပါ။ နောက်ပြီး ရေခဲသေတ္တာတစ်လုံးလည်း လှူပေးပါ။ ညဆာတဲ့အခါ စားဖို့ အစားအသောက်တွေ ထည့်ထားဖို့ပါ”

လူရွယ်ဟာ အမေ့စကားကြောင့် အတော့်ကို အံ့အားသင့်သွားပြီး ခုလို မေးလိုက်ပြန်တယ်။

“အမေ ဒီမှာ နေတာ ကြာနေပြီ။ ဒါမျိုးလိုချင်တယ်လို့ အမေ ကျွန်တော့်ကို တစ်ခါမှ မပြောဖူးခဲ့ပါဘူး။

အခု အမေ့မှာ နေရဖို့ နာရီပိုင်းလေးပဲ ကျန်တော့မှ ဘာကြောင့် ဒါတွေ လိုချင်ရတာလဲ အမေရာ”

အမေက ခုလို တိုးတိုးလေး ပြန်ဖြေလိုက်တယ်။

“ဟုတ်ပါတယ် သားရယ်။ အမေလေ ဒီမှာ နေစဉ်တလျှောက်လုံးမှာ ပူအိုက်တာတွေ၊ စားစရာမရှိလို့ ဗိုက်ဆာတာတွေ၊ နာကျင်တာတွေကို ခံနိုင်ခဲ့ပါတယ်။

အမေ အခု ပြောတာတွေဟာ အမေ့အတွက် မဟုတ်ပါဘူးကွယ်။ မင်းအသက်ကြီးလာရင် မင်းကလေးတွေ မင်းကို လူအိုရုံမှာ လာပို့ထားတဲ့အခါ အဲဒီဒဏ်တွေကို မင်း မခံနိုင်မှာ စိုးလို့ မင်းအတွက်ပါကွယ်”

အမေဆိုတာ သားသမီးအတွက် သေခါနီးအချိန်ထိ စိုးရိမ်ပူပန်နေတတ်ပါတယ်။ အမေ့ကျေးဇူးကို မမေ့ကြပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top