ခ်ာလီက သူ႔ရဲ႕ အၿပဳံးေတြကုိ ပရိသတ္ေတြက အားေပးတာမ်ားတယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ သူ႔ကုိ အမ်ားႀကီး ဝန္းရံေပးဦးမယ့္ Fan ေလးေတြလည္း ထပ္လုိခ်င္ေသးတယ္လုိ႔ ေျပာပါတယ္။

ေမာ္ဒယ္ေလာကမွာ မိန္းကေလးပရိသတ္အမ်ားဆုံး ဝန္းရံ ခံထားရသူေတြထဲမွာ ခ်ာလီလည္း တစ္ဦး အပါအဝင္ျဖစ္ပါတယ္။ သူ႔ရဲ႕ ပရိသတ္ေတြက သူ႔ရဲ႕ အၿပဳံးေလးကုိ ပုိႀကိဳက္ၾကတယ္ ဆုိတာကုိ Duwun Media ကေန ေျပာျပခဲ့ပါတယ္။

‘’ အၿပဳံးထင္တယ္။ သူတုိ႔က ၿပဳံးရင္ ႀကိဳက္ၾကတယ္၊ တစ္ခါတေလက်ရင္ အစ္ကုိ မျပဳံးပါနဲ႔၊ အစ္ကုိ ၿပဳံးေနပါ။ သူတုိ႔ေတြက အျမဲတမ္း ကၽြန္ေတာ့္ကုိ အျပဳံးနဲ႔ပဲ ေျပာၾကတာမ်ားပါတယ္။ အမွန္အတုိင္းေျပာရရင္ေတာ့ ကၽြန္ေတာ္က အျမဲ ျပဳံးဖုိ႔အတြက္ကုိ ေၾကာက္တာ။



အရင္တုန္းက ျပဳံးလုိက္ရင္ ကုိယ့္ကုိယ္ကုိ ရုပ္ဆုိးတယ္လုိ႔ထင္တာ။ ေမာ္ဒယ္စလုပ္ေတာ့ ၿပဳံးေနတ့ဲပုံ ၁ ပုံ ၂ ပုံတင္လုိက္ေတာ့ ပရိသတ္က အရမ္းႀကိဳက္သြားတယ္။ အဲဒီေတာ့မွ ကုိယ့္ကုိယ္ကုိယ္ ယုံၾကည္မႈရွိလာတယ္’’ ဆုိၿပီးေတာ့ Posh ပြဲမွာ ေျဖဆုိခဲ့တာပါ။

ျပဳံးရမွာ ေၾကာက္တဲ့ သူ႔ရဲ႕ ခံစားခ်က္ေတြက ပရိသတ္ရဲ႕ အားေပးမႈေၾကာင့္ ေပ်ာ္ရႊင္လာခဲ့ရၿပီလုိ႔ ခ်ာလီက ဆုိပါတယ္။ သူ႔ကုိလည္း ဒီ့ထက္ပုိၿပီးခ်စ္ခင္အားေပးမယ့္ ပရိသတ္ေတြ ပိုင္ဆုိင္ခ်င္ေသးတယ္လုိ႔ ေျပာပါတယ္။

‘’ ေပ်ာ္တယ္။ ထပ္ၿပီးေတာ့လည္း အမ်ားႀကီး ဝန္းရံအားေပးၾကပါဦး။ ဘာေၾကာင့္လဲဆုိေတာ့ ကၽြန္ေတာ္က ေလာဘရွိတယ္ေလ။ Fan ေလာဘ ပါ။ Fan ေတြ အမ်ားႀကီး တုိးခ်င္ပါတယ္။ ကၽြန္ေတာ္က ႀကီး၊ လတ္၊ ငယ္ မေရြး အကုန္လုံးႀကိဳက္တဲ့ အႏုပညာရွင္တစ္ေယာက္ ျဖစ္ဖုိ႔ အမ်ားႀကီး ႀကိဳးစားရဦးမွာပါ။ ကၽြန္ေတာ္ကုိယ္တုိင္ကလည္း ႀကိဳးစားေနပါတယ္ခင္ဗ်’’ လုိ႔ သေဘာက်ရယ္ေမာရင္း ေျပာျပခဲ့ပါတယ္။



အဲဒီေနာက္ ခ်ာလီက သူ႔တစ္ေယာက္တည္းကုိပဲ အားေပးခ်စ္ခင္တဲ့ ပရိသတ္ေတြက အေယာက္ ၂၀ ခန္႔ေလာက္သာ ရွိတယ္လုိ႔ ဆုိပါတယ္။ ဒီ ပရိသတ္ေတြေၾကာင့္ပဲ အႏုပညာေလာကထဲမွာ အခုလုိ ရပ္တည္ေနတာပါတဲ့။

‘’ ကၽြန္ေတာ့္ Fan ေတြက ဒီေန႔ ဒီအခ်ိန္အထိ တျခား ဘယ္ေလာက္ပဲ တက္လာတက္လာ၊ ကၽြန္ေတာ္မွ ကၽြန္ေတာ္ ျဖစ္တဲ့ Fan ေတြကုိ တကယ့္ကုိ ေလးစားပါတယ္။ ကၽြန္ေတာ့္အေနနဲ႔လည္း အရမ္းခ်စ္ပါတယ္။ ဘာေၾကာင့္လဲ ဆုိေတာ့ အသစ္အသစ္ အႏုပညာရွင္ေတြဆုိတာ အျမဲတမ္းေပၚထြက္လာေပမယ့္ ကၽြန္ေတာ့္မွ ကၽြန္ေတာ္ပဲ ခ်စ္တဲ့ အမာခံ ပရိသတ္ကေတာ့ အေယာက္ ၂၀ ေလာက္ပဲ ရွိပါတယ္။

ဘယ္သူပဲ တက္လာလာ သူတုိ႔ မ်က္လုံးထဲ မတုိးဘူးဆုိၿပီး ကၽြန္ေတာ့္ကုိ အားေပးလာၾကလုိ႔လည္း အခုလုိရပ္တည္ေနႏုိင္တာပါ” လို႔ ဆက္လက္ေျပာျပလာပါတယ္။

ခ်ာလီရဲ႕ နာမည္အရင္းကေတာ့ ေက်ာ္ရဲျမင့္ျငိမ္းျဖစ္ပါတယ္။ သူ႔ကုိေတာ့ ပရိသတ္ေတြက ေမာ္ဒယ္တစ္ေယာက္အျဖစ္နဲ႔ ပုိသိတာျဖစ္ပါတယ္။ ဒါေပမယ့္ ရုပ္ရွင္ဇာတ္ကားႀကီးေတြလည္း မၾကာခဏဆုိသလုိ ရုိက္ကူးေနရတဲ့သူတစ္ေယာက္ပါ။ အရပ္ျမင့္ျမင့္၊ ရုပ္ေျဖာင့္ေျဖာင့္နဲ႔ စမတ္က်တဲ့ ေမာ္ဒယ္တစ္ေယာက္ျဖစ္လုိ႔ မိန္းကေလးပရိသတ္မ်ားစြာတုိ႔ရဲ႕ အားေပးမႈကုိ ရရွိထားသူျဖစ္ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


ချာလီက သူ့ရဲ့ အပြုံးတွေကို ပရိသတ်တွေက အားပေးတာများတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ကို အများကြီး ဝန်းရံပေးဦးမယ့် Fan လေးတွေလည်း ထပ်လိုချင်သေးတယ်လို့ ပြောပါတယ်။

မော်ဒယ်လောကမှာ မိန်းကလေးပရိသတ်အများဆုံး ဝန်းရံ ခံထားရသူတွေထဲမှာ ချာလီလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေက သူ့ရဲ့ အပြုံးလေးကို ပိုကြိုက်ကြတယ် ဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ အပြုံးထင်တယ်။ သူတို့က ပြုံးရင် ကြိုက်ကြတယ်၊ တစ်ခါတလေကျရင် အစ်ကို မပြုံးပါနဲ့၊ အစ်ကို ပြုံးနေပါ။ သူတို့တွေက အမြဲတမ်း ကျွန်တော့်ကို အပြုံးနဲ့ပဲ ပြောကြတာများပါတယ်။ အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်က အမြဲ ပြုံးဖို့အတွက်ကို ကြောက်တာ။

အရင်တုန်းက ပြုံးလိုက်ရင် ကိုယ့်ကိုယ်ကို ရုပ်ဆိုးတယ်လို့ထင်တာ။ မော်ဒယ်စလုပ်တော့ ပြုံးနေတဲ့ပုံ ၁ ပုံ ၂ ပုံတင်လိုက်တော့ ပရိသတ်က အရမ်းကြိုက်သွားတယ်။ အဲဒီတော့မှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတယ်’’ ဆိုပြီးတော့ Posh ပွဲမှာ ဖြေဆိုခဲ့တာပါ။

ပြုံးရမှာ ကြောက်တဲ့ သူ့ရဲ့ ခံစားချက်တွေက ပရိသတ်ရဲ့ အားပေးမှုကြောင့် ပျော်ရွှင်လာခဲ့ရပြီလို့ ချာလီက ဆိုပါတယ်။ သူ့ကိုလည်း ဒီ့ထက်ပိုပြီးချစ်ခင်အားပေးမယ့် ပရိသတ်တွေ ပိုင်ဆိုင်ချင်သေးတယ်လို့ ပြောပါတယ်။

‘’ ပျော်တယ်။ ထပ်ပြီးတော့လည်း အများကြီး ဝန်းရံအားပေးကြပါဦး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က လောဘရှိတယ်လေ။ Fan လောဘ ပါ။ Fan တွေ အများကြီး တိုးချင်ပါတယ်။ ကျွန်တော်က ကြီး၊ လတ်၊ ငယ် မရွေး အကုန်လုံးကြိုက်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ဖို့ အများကြီး ကြိုးစားရဦးမှာပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း ကြိုးစားနေပါတယ်ခင်ဗျ’’ လို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

အဲဒီနောက် ချာလီက သူ့တစ်ယောက်တည်းကိုပဲ အားပေးချစ်ခင်တဲ့ ပရိသတ်တွေက အယောက် ၂၀ ခန့်လောက်သာ ရှိတယ်လို့ ဆိုပါတယ်။ ဒီ ပရိသတ်တွေကြောင့်ပဲ အနုပညာလောကထဲမှာ အခုလို ရပ်တည်နေတာပါတဲ့။

‘’ ကျွန်တော့် Fan တွေက ဒီနေ့ ဒီအချိန်အထိ တခြား ဘယ်လောက်ပဲ တက်လာတက်လာ၊ ကျွန်တော်မှ ကျွန်တော် ဖြစ်တဲ့ Fan တွေကို တကယ့်ကို လေးစားပါတယ်။ ကျွန်တော့်အနေနဲ့လည်း အရမ်းချစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အသစ်အသစ် အနုပညာရှင်တွေဆိုတာ အမြဲတမ်းပေါ်ထွက်လာပေမယ့် ကျွန်တော့်မှ ကျွန်တော်ပဲ ချစ်တဲ့ အမာခံ ပရိသတ်ကတော့ အယောက် ၂၀ လောက်ပဲ ရှိပါတယ်။

ဘယ်သူပဲ တက်လာလာ သူတို့ မျက်လုံးထဲ မတိုးဘူးဆိုပြီး ကျွန်တော့်ကို အားပေးလာကြလို့လည်း အခုလိုရပ်တည်နေနိုင်တာပါ” လို့ ဆက်လက်ပြောပြလာပါတယ်။

ချာလီရဲ့ နာမည်အရင်းကတော့ ကျော်ရဲမြင့်ငြိမ်းဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက မော်ဒယ်တစ်ယောက်အဖြစ်နဲ့ ပိုသိတာဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း မကြာခဏဆိုသလို ရိုက်ကူးနေရတဲ့သူတစ်ယောက်ပါ။ အရပ်မြင့်မြင့်၊ ရုပ်ဖြောင့်ဖြောင့်နဲ့ စမတ်ကျတဲ့ မော်ဒယ်တစ်ယောက်ဖြစ်လို့ မိန်းကလေးပရိသတ်များစွာတို့ရဲ့ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top