ထိုင္းေလဆိပ္တခုတြင္းမွာ စိန္ေျခခ်င္းေတြ ဝတ္ဆင္ထားခဲ့တဲ့ ၾကက္မကေလးတေကာင္ေၾကာင့္ ခရီးသည္ေတြၾကားမွာ အုတ္ေအာ္ေသာင္းတင္း ျဖစ္သြားခဲ့ရတယ္လို႔ ဘန္ေကာက္ပို႔စ္သတင္းမွာ ဒီကေန႔ ေဖာ္ျပပါတယ္။
အသက္ ၆၀ အရြယ္ ကလ်ာနီယင္မ္ဆီရိအမည္ရ အမ်ိဳးသမီးဟာ သူမ ေမြးျမဴထားတဲ့ ၾကက္မေလးနဲ႔အတူ တ႐ုတ္မိတ္ေဆြတဦးကို ေတြ႔ဆံုဖို႔ ဒီကေန႔မနက္ပိုင္းက သုဝဏၰဘူမိေလဆိပ္ကို ေရာက္လာခဲ့တာပါ။
အဲဒီအခ်ိန္မွာ ၾကက္မေလးရဲ႕ ေျခေထာက္ ႏွစ္ဖက္စလံုးမွာ ဝတ္ဆင္ေပးထားတဲ့ စိန္ေျခခ်င္းေတြဟာ ကမၻာလွည့္ခရီးသြားေတြအတြက္ မ်က္စိက် စိတ္ဝင္စားစရာ ျဖစ္သြားခဲ့ၿပီး သူမနဲ႔ လာေရာက္ေတြ႔ဆံုကာ ဓာတ္ပံု႐ုိက္တာေတြ၊ စကားေျပာတာေတြ ျပဳလုပ္ခဲ့ၾကပါတယ္။
သတင္းမွာေတာ့ ဒီစိန္ေျခခ်င္းေတြရဲ႕ တန္ဖိုးဟာ ဘတ္ေငြ ၅ ေသာင္းေလာက္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ေနာက္ဆံုးမွာေတာ့ ေလဆိပ္တြင္းမွာ လူေတြ စုစု႐ုန္း႐ုန္း ျဖစ္လာတဲ့အတြက္ သူ႔ကို ေလဆိပ္တာဝန္က် လံုၿခံဳေရးဝန္ထမ္းေတြက အေဆာက္အအံုျပင္ပကုိ ေခၚထုတ္သြားခဲ့ရတာပါ။
ၾကက္မေလးရဲ႕ နာမည္ကိုေတာ့ ေဂ်ာ့ခ္လို႔ သိရၿပီး ငယ္စဥ္ကတည္းက ေမြးျမဴထားခဲ့တာလို႔ ကလ်ာနီက ဆိုပါတယ္။သူ႔ရဲ႕သမီးျဖစ္သူက ဒီၾကက္ကေလးကို လမ္းေဘးတေနရာက ေကာက္ရခဲ့ၿပီးေနာက္ အိမ္ကို သယ္လာခဲ့ခ်ိန္မွာ ၾကက္မေလးဟာ ေနမေကာင္းျဖစ္ေနခဲ့တာပါ။အဲဒီေနာက္မွာေတာ့ ၾကက္မကေလးကို အိမ္မွာ ေကာင္းေကာင္း ျပဳစုေစာင့္ေရွာက္ထားၿပီး ခုလိုပဲ သူဘယ္သြားသြား ေခၚေဆာင္သြားေလ့ရွိတယ္လို႔ ကလ်ာနီက ေျပာပါတယ္။
ၾကက္မကေလးဟာ အိမ္ရဲ႕ အသည္းေက်ာ္လည္း ျဖစ္ေနၿပီး ေန႔စဥ္သန္႔စင္ ေရခ်ိဳးေပးတာ၊ အစားေကာင္းေကာင္းစားေစၿပီး ျပဳစုေစာင့္ေရွာက္တာေတြ လုပ္ေပးထားတယ္လို႔ သူက ဆိုပါတယ္။“ထိုင္းလူမ်ိဳးေတြေရာ၊ ႏိုင္ငံျခားသား ခရီးသြားေတြပါ ေလဆိပ္မွာ က်မရဲ႕ ၾကက္မေလးကို ခ်စ္ခင္ၾကတဲ့အတြက္ အရမ္းေပ်ာ္ရႊင္မိပါတယ္” လုိ႔ ကလ်ာနီက ေျပာပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:thutasone
#Unicode Version# ျဖင့္ဖတ္ပါ ။
ထိုင်းလေဆိပ်တခုတွင်းမှာ စိန်ခြေချင်းတွေ ဝတ်ဆင်ထားခဲ့တဲ့ ကြက်မကလေးတကောင်ကြောင့် ခရီးသည်တွေကြားမှာ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
အသက် ၆၀ အရွယ် ကလျာနီယင်မ်ဆီရိအမည်ရ အမျိုးသမီးဟာ သူမ မွေးမြူထားတဲ့ ကြက်မလေးနဲ့အတူ တရုတ်မိတ်ဆွေတဦးကို တွေ့ဆုံဖို့ ဒီကနေ့မနက်ပိုင်းက သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်လာခဲ့တာပါ။
အဲဒီအချိန်မှာ ကြက်မလေးရဲ့ ခြေထောက် နှစ်ဖက်စလုံးမှာ ဝတ်ဆင်ပေးထားတဲ့ စိန်ခြေချင်းတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် မျက်စိကျ စိတ်ဝင်စားစရာ ဖြစ်သွားခဲ့ပြီး သူမနဲ့ လာရောက်တွေ့ဆုံကာ ဓာတ်ပုံရိုက်တာတွေ၊ စကားပြောတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
သတင်းမှာတော့ ဒီစိန်ခြေချင်းတွေရဲ့ တန်ဖိုးဟာ ဘတ်ငွေ ၅ သောင်းလောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။နောက်ဆုံးမှာတော့ လေဆိပ်တွင်းမှာ လူတွေ စုစုရုန်းရုန်း ဖြစ်လာတဲ့အတွက် သူ့ကို လေဆိပ်တာဝန်ကျ လုံခြုံရေးဝန်ထမ်းတွေက အဆောက်အအုံပြင်ပကို ခေါ်ထုတ်သွားခဲ့ရတာပါ။
ကြက်မလေးရဲ့ နာမည်ကိုတော့ ဂျော့ခ်လို့ သိရပြီး ငယ်စဉ်ကတည်းက မွေးမြူထားခဲ့တာလို့ ကလျာနီက ဆိုပါတယ်။သူ့ရဲ့သမီးဖြစ်သူက ဒီကြက်ကလေးကို လမ်းဘေးတနေရာက ကောက်ရခဲ့ပြီးနောက် အိမ်ကို သယ်လာခဲ့ချိန်မှာ ကြက်မလေးဟာ နေမကောင်းဖြစ်နေခဲ့တာပါ။အဲဒီနောက်မှာတော့ ကြက်မကလေးကို အိမ်မှာ ကောင်းကောင်း ပြုစုစောင့်ရှောက်ထားပြီး ခုလိုပဲ သူဘယ်သွားသွား ခေါ်ဆောင်သွားလေ့ရှိတယ်လို့ ကလျာနီက ပြောပါတယ်။
ကြက်မကလေးဟာ အိမ်ရဲ့ အသည်းကျော်လည်း ဖြစ်နေပြီး နေ့စဉ်သန့်စင် ရေချိုးပေးတာ၊ အစားကောင်းကောင်းစားစေပြီး ပြုစုစောင့်ရှောက်တာတွေ လုပ်ပေးထားတယ်လို့ သူက ဆိုပါတယ်။“ထိုင်းလူမျိုးတွေရော၊ နိုင်ငံခြားသား ခရီးသွားတွေပါ လေဆိပ်မှာ ကျမရဲ့ ကြက်မလေးကို ချစ်ခင်ကြတဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်” လို့ ကလျာနီက ပြောပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:thutasone
Home
»
ထူးဆန္းေထြလာ
»
သတင္း
»
ႏိုင္ငံတကာ
» ေလဆိပ္ထဲမွာ အုတ္ေအာ္ေသာင္းတင္း ျဖစ္ေစခဲ့တဲ့ စိန္ေျခခ်င္းႏွင့္ ၾကက္မေလး
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။