ကခ်င္ျပည္နယ္၊ ေရႊကူၿမိဳ႕နယ္၊ ေနာင္လက္ႀကီးေက်းရြာအုပ္စု ၊ ပူခိုင္ေက်းရြာ တြင္ (၁၈.၄.၂၀၁၉)ရက္ေန႔၊ည ၂၂း၀၀ ခ်ိန္ခန္႔က လူသတ္မႈျဖစ္ပြားခ့ဲပါသည္။

အခင္းျဖစ္ပြားရာေနရာသို႔ ၁၂း၁၀ နာရီခန္႔ကသတင္းရလ်င္ရခ်င္း ယင္းေန့ည ေရႊကူၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးဟန္ေမႊး ႏွင့္အတူ နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ား၊ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး အပါအဝင္ ရာအိမ္မွဴး၊ ဆယ္အိမ္မွဴးမ်ားျဖင့္ သြားေရာက္ကာအခ်ိန္ႏွင့္တေျပးညီစစ္ေဆးေဖာ္ထုတ္ၿပီး တရားခံအား ဖမ္းဆီးကာ အမႈစြဲဆိုႏိုင္ရန္ ဆက္လက္ေဆာင္ရြက္လ်က္ရိွေၾကာင္းသတင္းအရ သိရိွရပါသည္။

အမႈျဖစ္စဥ္အက်ဥ္းမွာသံသယတရားခံ ဦးေအာင္ျမင့္(၆၂)ႏွစ္၊(ဘ)ဦးတင္ေအာင္ ၊ ၁/ရကန(ႏိုင္)၀၀၃၆၇၃ ၊ ဗမာ/ဗုဒၶ ၊ ေတာင္သူ ပူခိုင္ေက်းရြာေနသူသည္ အရက္ေသစာမ်ားေသာက္စားမူးယစ္ေနၿပီးဇနီးျဖစ္သူ ေဒၚေသာင္းေမ (၆၂)ႏွစ္၊ (ဘ) ဦးေအးေမာင္ (၁/ရကန(ႏိုင္)၀၃၀၀၃၉ )ႏွင့္ စကားအေခ်တင္မ်ားရာမွ ေဒါသအေလ်ာက္ ဇနီးျဖစ္သူအားလူသတ္က်ဴးလြန္ခ့ဲျခင္းျဖစ္ပါသည္။

ရြာအစြန္ ယာခင္းတဲတြင္ တြင္ တဲေလွကားအတက္ၾကမ္းျပင္ေပၚ၌ ပက္လက္အေနအထားျဖင့္လဲက်ေသဆုံးလ်က္ရိွေၾကာင္း၊ ၎င္းရင္ဘတ္မွ ေသြးမ်ားယိုစီးက်ေနကာ တရားခံမွ လူသတ္ရာတြင္ အသုံးျပဳခ့ဲေသာဓားေျမႇာင္ ႏွင့္အတူ ဖမ္းဆီးကာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ႏွင့္ ဆယ္အိမ္မွဴး ၊ရာအိမ္မွဴး တို႔ႏွင့္တကြ ႐ွာေဖြပုံစံျဖင့္ သက္ေသ မ်ားေရွ့တြင္ သိမ္းဆည္းကာ ရာဇသတ္ျကီးပုဒ္မ ၃၀၂ အရ ေရႊကူၿမိဳ႕မရဲစခန္းမွ ဥပေဒႏွင့္အညီ ဆက္လက္အေရးယူႏိုင္ရန္ ေဆာင္ရြက္လ်က္ရိွေၾကာင္း သတင္းအရ သိရိွရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:thutasone

#Unicode Version# ျဖင့္ဖတ္ပါ ။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ နောင်လက်ကြီးကျေးရွာအုပ်စု ၊ ပူခိုင်ကျေးရွာ တွင် (၁၈.၄.၂၀၁၉)ရက်နေ့၊ည ၂၂း၀၀ ချိန်ခန့်က လူသတ်မှုဖြစ်ပွားခဲ့ပါသည်။

အခင်းဖြစ်ပွားရာနေရာသို့ ၁၂း၁၀ နာရီခန့်ကသတင်းရလျင်ရချင်း ယင်းနေ့ည ရွှေကူမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဟန်မွှေး နှင့်အတူ နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများဖြင့် သွားရောက်ကာအချိန်နှင့်တပြေးညီစစ်ဆေးဖော်ထုတ်ပြီး တရားခံအား ဖမ်းဆီးကာ အမှုစွဲဆိုနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းအရ သိရှိရပါသည်။

အမှုဖြစ်စဉ်အကျဉ်းမှာသံသယတရားခံ ဦးအောင်မြင့်(၆၂)နှစ်၊(ဘ)ဦးတင်အောင် ၊ ၁/ရကန(နိုင်)၀၀၃၆၇၃ ၊ ဗမာ/ဗုဒ္ဓ ၊ တောင်သူ ပူခိုင်ကျေးရွာနေသူသည် အရက်သေစာများသောက်စားမူးယစ်နေပြီးဇနီးဖြစ်သူ ဒေါ်သောင်းမေ (၆၂)နှစ်၊ (ဘ) ဦးအေးမောင် (၁/ရကန(နိုင်)၀၃၀၀၃၉ )နှင့် စကားအချေတင်များရာမှ ဒေါသအလျောက် ဇနီးဖြစ်သူအားလူသတ်ကျူးလွန်ခဲ့ခြင်းဖြစ်ပါသည်။

ရွာအစွန် ယာခင်းတဲတွင် တွင် တဲလှေကားအတက်ကြမ်းပြင်ပေါ်၌ ပက်လက်အနေအထားဖြင့်လဲကျသေဆုံးလျက်ရှိကြောင်း၊ ၎င်းင်းရင်ဘတ်မှ သွေးများယိုစီးကျနေကာ တရားခံမှ လူသတ်ရာတွင် အသုံးပြုခဲ့သောဓားမြှောင် နှင့်အတူ ဖမ်းဆီးကာ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဆယ်အိမ်မှူး ၊ရာအိမ်မှူး တို့နှင့်တကွ ရှာဖွေပုံစံဖြင့် သက်သေ များရှေ့တွင် သိမ်းဆည်းကာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ ရွှေကူမြို့မရဲစခန်းမှ ဥပဒေနှင့်အညီ ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ သိရှိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top