လာမယ့္ ေမ ၁ ရက္ေန႔ ဖြင့္လွစ္မယ့္ က်ပ္ ၁ ေထာင္တန္ ေအာင္ဘာေလထီေတြထဲက က်ပ္သိန္းေပါင္း ၂ ေသာင္းခြဲ ေက်ာ္ဖိုးဟာ ေရာင္းမကုန္ထီအျဖစ္ က်န္ခဲ့တယ္လို႔ ေၾကညာပါတယ္။

၃ ႀကိမ္ေျမာက္ ၁ ေထာင္တန္ ေအာင္ဘာေလထီအတြက္ “က” အကၡရာကေန “ကဃ” အထိ စုစုေပါင္း ၃၇ လံုး၊ ထီစာအုပ္ ၃,၀၂၇,၂၆၆ အုပ္ ထုတ္ေဝထားခဲ့တယ္လို႔ ဆိုပါတယ္။

ဒီထဲမွာ ၂,၇၆၅,၉၇၁ အုပ္ပဲ ေရာင္းရၿပီး ၂၆၁,၂၉၅ အုပ္ဟာ ေရာင္းမကုန္ထီေတြ အျဖစ္ က်န္ခဲ့တာပါ။

ဒါေၾကာင့္ ဆုမဲေတြဖြင့္ရာမွာ အထူးဆုႀကီးစနစ္နဲ႔ ဆုတဆုခ်င္းစနစ္မွာ ေရာင္းမကုန္ ထီလက္မွတ္က ထြက္လာခဲ့ရင္ ျပန္ဖြင့္ေပးမွာျဖစ္ၿပီး ေဝေဝဆာဆာ ဆုမဲစနစ္ကေန ထြက္လာခဲ့ရင္ေတာ့ ဆုမဲတန္ဖိုးေတြကို စုေပါင္းၿပီး တျခား သင့္ေတာ္တဲ့ ဆုမဲေတြကို အစားထိုး ျပန္ဖြင့္ေပးမယ္လို႔ ဆိုပါတယ္။

စုစုေပါင္း ဆုအျဖစ္ ခြဲေဝေပးမယ့္ ဆုေငြကေတာ့ က်ပ္သန္းေပါင္း ၁၆,၅၉၅ ေက်ာ္ ျဖစ္ပါတယ္။ ဆုမဲေတြကေတာ့ က်ပ္သိန္း ၁ ေသာင္းခြဲကေန က်ပ္ ၅ ေသာင္းအထိ ျဖစ္ပါတယ္။

ေရာင္းမကုန္ထီလက္မွတ္ေတြကိုေတာ့ ျပည္တြင္းအခြန္မ်ားဦးစီးဌာန ဝက္ဘ္ဆိုက္နဲ႔ ေအာင္ဘာေလ သိန္းဆုဌာနခြဲ ေၾကာ္ျငာသင္ပုန္းမွာ ေၾကညာထားပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီ ၁ ရက္မွာ ဖြင့္လွစ္ခဲ့တဲ့ ၂၅ ႀကိမ္ေျမာက္ က်ပ္ ၅၀၀ တန္ ထီတန္းက အုပ္ေရေပါင္း ၂၀၃,၄၄၈ ေရာင္းမကုန္ဘဲ က်န္ခဲ့ၿပီး ၂ ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ထီမွာေတာ့ အုပ္ေရေပါင္း ၄၃၅,၅၇၇ ေရာင္းမကုန္ခဲ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version# ျဖင့္ဖတ္ပါ ။

လာမယ့် မေ ၁ ရက်နေ့ ဖွင့်လှစ်မယ့် ကျပ် ၁ ထောင်တန် အောင်ဘာလေထီတွေထဲက ကျပ်သိန်းပေါင်း ၂ သောင်းခွဲ ကျော်ဖိုးဟာ ရောင်းမကုန်ထီအဖြစ် ကျန်ခဲ့တယ်လို့ ကြေညာပါတယ်။

၃ ကြိမ်မြောက် ၁ ထောင်တန် အောင်ဘာလေထီအတွက် “က” အက္ခရာကနေ “ကဃ” အထိ စုစုပေါင်း ၃၇ လုံး၊ ထီစာအုပ် ၃,၀၂၇,၂၆၆ အုပ် ထုတ်ဝေထားခဲ့တယ်လို့ ဆိုပါတယ်။

ဒီထဲမှာ ၂,၇၆၅,၉၇၁ အုပ်ပဲ ရောင်းရပြီး ၂၆၁,၂၉၅ အုပ်ဟာ ရောင်းမကုန်ထီတွေ အဖြစ် ကျန်ခဲ့တာပါ။

ဒါကြောင့် ဆုမဲတွေဖွင့်ရာမှာ အထူးဆုကြီးစနစ်နဲ့ ဆုတဆုချင်းစနစ်မှာ ရောင်းမကုန် ထီလက်မှတ်က ထွက်လာခဲ့ရင် ပြန်ဖွင့်ပေးမှာဖြစ်ပြီး ဝေဝေဆာဆာ ဆုမဲစနစ်ကနေ ထွက်လာခဲ့ရင်တော့ ဆုမဲတန်ဖိုးတွေကို စုပေါင်းပြီး တခြား သင့်တော်တဲ့ ဆုမဲတွေကို အစားထိုး ပြန်ဖွင့်ပေးမယ်လို့ ဆိုပါတယ်။

စုစုပေါင်း ဆုအဖြစ် ခွဲဝေပေးမယ့် ဆုငွေကတော့ ကျပ်သန်းပေါင်း ၁၆,၅၉၅ ကျော် ဖြစ်ပါတယ်။ ဆုမဲတွေကတော့ ကျပ်သိန်း ၁ သောင်းခွဲကနေ ကျပ် ၅ သောင်းအထိ ဖြစ်ပါတယ်။

ရောင်းမကုန်ထီလက်မှတ်တွေကိုတော့ ပြည်တွင်းအခွန်များဦးစီးဌာန ဝက်ဘ်ဆိုက်နဲ့ အောင်ဘာလေ သိန်းဆုဌာနခွဲ ကြော်ငြာသင်ပုန်းမှာ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ ၂၅ ကြိမ်မြောက် ကျပ် ၅၀၀ တန် ထီတန်းက အုပ်ရေပေါင်း ၂၀၃,၄၄၈ ရောင်းမကုန်ဘဲ ကျန်ခဲ့ပြီး ၂ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်ထီမှာတော့ အုပ်ရေပေါင်း ၄၃၅,၅၇၇ ရောင်းမကုန်ခဲ့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top