လက္ရွိျမန္မာႏုိင္ငံ တ၀န္းမွာ အပူခ်ိန္ေတြ စံခ်ိန္တင္ျမင့္တက္ေနေပမယ့္ မၾကာခင္ရက္ပိုင္းမွာ မိုးရြာႏိုင္တာေၾကာင့္ အပူခိ်န္ေလ်ာ့လာႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒ ၫႊန္ၾကားေရးမႉးခ်ဳပ္က ခန္႔မွန္း ေျပာပါတယ္။

လက္ရွိမွာေတာ့ ေခ်ာက္ၿမိဳ႕မွာ အပူခ်ိန္ ၄၆ ဒီဂရီစင္တီဂရိတ္အထိ ရွိေနၿပီး ေန႔အပူခ်ိန္ေတြကေတာ့ စစ္ကိုင္းတိုင္း (ေအာက္ပိုင္း)၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္နဲ႔ ရခိုင္ျပည္နယ္တို႔မွာ ဧၿပီလရဲ႕ ပ်မ္းမၽွအပူခ်ိန္ထက္ ၁.၅ ဒီဂရီစင္တီဂရိတ္ ပိုေနႏိုင္တယ္လို႔ မိုးဇလက ထုတ္ျပန္ထား ပါတယ္။

မိုးဇလဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက “လာမယ့္ တရက္ ၂ ရက္အတြင္းမွာ အေရွ႕ဘက္က လာတဲ့ တိမ္တိုက္ေတြေၾကာင့္ မိုးရြာရင္ အပူခ်ိန္ေတြ ျပန္ၿပီးေတာ့ က်လာႏိုင္ပါတယ္။   အဓိက ကေတာ့ မိုးရြာတဲ့ ေဒသေတြမွာေပါ့။ တႏိုင္ငံလံုးမွာလည္း နည္းနည္းေတာ့ ေလ်ာ့ႏိုင္ပါတယ္” လို႔ ေျပာပါတယ္။

ဒီေန႔ညေနအထိ ခန္႔မွန္းခ်က္အေနနဲ႔ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ ပဲခူးတိုင္း၊ တနသၤာရီတိုင္း၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္နဲ႔ ကယားျပည္နယ္ တို႔မွာ ေနရာကြက္က်ား မိုးနည္းနည္းရြာႏိုင္တယ္လို႔လည္း မိုးဇလက ထုတ္ျပန္ထားပါတယ္။ 

မိုးရြာလို႔ အပူခ်ိန္ေလ်ာ့ႏိုင္ေပမယ့္ ဧၿပီလရဲ႕ ပ်မ္းမွ်အပူခ်ိန္ထက္ေတာ့ ပိုေနႏိုင္ေသး တယ္လို႔လည္း ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။

ဧၿပီ တတိယ ၁၀ ရက္ပတ္ထဲမွာ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းမွာ  ေလဖိအားနည္းရပ္ဝန္း တ ႀကိမ္ ျဖစ္ေပၚႏုိင္ၿပီး စစ္ကိုင္းတိုင္းအထက္ပိုင္း၊ တနသၤာရီတိုင္းနဲ႔ ကခ်င္ျပည္နယ္တို႔မွာ ၄ ရက္ကေန ၆ ရက္ေလာက္၊ စစ္ကိုင္းတိုင္းေအာက္ပိုင္း၊ မႏၲေလးတိုင္း၊ မေကြးတုိင္း၊ ပဲခူးတုိင္း၊ ရန္ကုန္တုိင္း၊ ဧရာဝတီတိုင္း၊ ခ်င္း၊ ရွမ္း၊ ကယား၊ ကရင္၊ မြန္နဲ႔ ရခိုင္ျပည္နယ္တို႔မွာ ၁ ရက္ကေန ၃ ရက္ေလာက္ အထိ ရြာႏိုင္တယ္လို႔ မိုးဇလက ခန္႔မွန္းထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

လက်ရှိမြန်မာနိုင်ငံ တဝန်းမှာ အပူချိန်တွေ စံချိန်တင်မြင့်တက်နေပေမယ့် မကြာခင်ရက်ပိုင်းမှာ မိုးရွာနိုင်တာကြောင့် အပူချိန်လျော့လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးချုပ်က ခန့်မှန်း ပြောပါတယ်။

လက်ရှိမှာတော့ ချောက်မြို့မှာ အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်အထိ ရှိနေပြီး နေ့အပူချိန်တွေကတော့ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၁.၅ ဒီဂရီစင်တီဂရိတ် ပိုနေနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထား ပါတယ်။

မိုးဇလဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက “လာမယ့် တရက် ၂ ရက်အတွင်းမှာ အရှေ့ဘက်က လာတဲ့ တိမ်တိုက်တွေကြောင့် မိုးရွာရင် အပူချိန်တွေ ပြန်ပြီးတော့ ကျလာနိုင်ပါတယ်။   အဓိက ကတော့ မိုးရွာတဲ့ ဒေသတွေမှာပေါ့။ တနိုင်ငံလုံးမှာလည်း နည်းနည်းတော့ လျော့နိုင်ပါတယ်” လို့ ပြောပါတယ်။

ဒီနေ့ညနေအထိ ခန့်မှန်းချက်အနေနဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ် တို့မှာ နေရာကွက်ကျား မိုးနည်းနည်းရွာနိုင်တယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။ 

မိုးရွာလို့ အပူချိန်လျော့နိုင်ပေမယ့် ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက်တော့ ပိုနေနိုင်သေး တယ်လို့လည်း ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

ဧပြီ တတိယ ၁၀ ရက်ပတ်ထဲမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ  လေဖိအားနည်းရပ်ဝန်း တ ကြိမ် ဖြစ်ပေါ်နိုင်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ၄ ရက်ကနေ ၆ ရက်လောက်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်း၊ ရှမ်း၊ ကယား၊ ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာ ၁ ရက်ကနေ ၃ ရက်လောက် အထိ ရွာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top