


Credit:nanmalgyi

#Unicode Version# ဖြင့်ဖတ်ပါ ။

နှုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်အားပေးနေတဲ့ ကမ္ဘာကျော်Music Video တွေကပို အမိုက်စားCover တွေပြန်ရိုက်နေတဲ့ နေရွှေသွေးအောင် ကတော့ သူရဲ့My Day မှာပြီးခဲ့တဲ့ရက်ပိုင်းမှာတင်ခဲ့တဲ့ “မြန်မာပြည်မှာ ရုန်းကန်လှုပ်ရှားနေရတာ ကျနော်တစ်ယောက်တည်းလား”ဆိုပြီးတင်ထားခဲ့တာကိုမှတ်မိကြဦးမယ်ထင်ပါတယ်။ အခုနောက်ထပ်လည်း သူ့MyDay မှာနောက်ထပ်တစ်ခုထပ်တင်လိုက်ပြန်ပါပြီ။သူဘာတွေထပ်ပြီးတင်လိုက်လည်းဆိုတာကို မိတ်ဆွေတို့သိအောင်ပြောပြပေးလိုက်ပါတယ်။

မြန်မာပြည်မှာမဟုတ်ပါဘူး လူရယ်လို့ဖြစ်လာရင် သူ့အတိုင်းအတာနဲ့သူလှုပ်ရှားရုန်းကန်နေကြရတာချည်းပါပဲ။ ဖိုးလပြည့်ကတော့ သူ့ရဲ့My Day မှာ “ ကျနော်လှုပ်ရှားရုန်းကန်နေရတယ်ဆိုတာ ယုံပါသည်၊ လုံးဝမယုံပါ” ဆိုပြီး တင်ထားခဲ့ပါတယ်။သူရဲ့My Day ကိုဝင်ကြည့်တဲ့သူတွေထဲက ၃၉ရာခိုင်နှုန်းက လက်ခံပြီး ၊ ၆၁ ရာခိုင်နှုန်းကတော့ လက်မခံကြောင်း Vote ပေးထားကြပါတယ်။ ဆိုတော့ သူရုန်းကန်လှုပ်ရှားနေရတယ်ဆိုတာကို မယုံကြတဲ့သူတွေများတယ်လို့ဆိုရပါတော့မယ်။

ပြေချင်လွန်းလို့ မိတ်ဆွေတွေရော သူရုန်းကန်လှုပ်ရှားနေရတယ်ဆိုတာ ယုံလား ၊ မယုံဘူးလားဆိုတာကို ပြောပြကြည့်ပေးကြပါဦးနော် ။ တကယ်တော့ လူတွေအားလုံး သူ့အတိုင်းတာနဲ့သူတော့ ရုန်းကန်နေကြရတယ်ဆိုတာကိုလည်း သဘောတူမတူပြောပြသွားပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top