ကေလးေမြးၿပီးတဲ့အခါမ်ိဳးမွာ၊ ဝိတ္၊ အတက္အက်ျဖစ္ၿပီးတဲ့အခါမ်ိဳးမွာနဲ႔ အသက္အရြယ္ႀကီးရင့္လာခ်ိန္ေတြမွာ ရင္သားစတြဲလာပါေတာ့တယ္။ စာေရးသူဟာ ေလ်ာ့တြဲေနတဲ့ရင္သားေတြကို ျပန္လည္တင္းရင္းဖို႔အတြက္နဲ႔ ႏို႔သီးေခါင္းပန္းေရာင္တစ္ဖန္ျပန္သန္းႏိုင္ဖို႔အတြက္ အင္တာနက္ကေနေရာ စာေစာင္ေတြကေနေရာ ႏွစ္ခ်ီေလ့လာၿပီး စမ္းလုပ္ၾကည့္ခဲ့ဖူးပါတယ္။

အဲဒီထဲကမွ အေကာင္းဆံုးနဲ႔ အထိေရာက္အလ်င္ျမန္ဆံုးနည္းလမ္းေတြကို Mystyle Myanmar ပ်ိဳေမတို႔အတြက္ ျပန္လည္ေဝမွ်ေပးခ်င္ပါတယ္။

၁။ ေလ့က်င့္ခန္း

အိပ္ယာေပၚမွာ (သို႔) ၾကမ္းျပင္ေပၚမွာ ပက္လက္အေနအထားနဲ႔ လွဲခ်လိုက္ပါ။

ၿပီးရင္ေတာ့ လက္တစ္ဖက္ဆီမွာ (၅) ေပါင္အဆလးခ်ိန္ရွိတဲ့ ဝိတ္တံုးေတြကို ရင္ဘတ္နဲ႔ တည့္တည့္ေျမႇာက္ကိုင္လိုက္ၿပီး အဲဒီအတည့္အတိုင္း ရင္ဘတ္နားျပန္ဆြဲခ်ပါ။

ျပန္ေျမႇာက္လိုက္ ျပန္ခ်လိုက္ျဖင့္ ဒီေလ့က်င့္ခန္းကို တစ္ႀကိမ္လုပ္ (၁၀) ခါနဲ႔ ေန႔စဥ္ (၅) ခါေလာက္ျပဳလုပ္ေပးပါ။

၂။ နိပ္နယ္ေပးျခင္း

ပထမဦးဆံုးအေနနဲ႔ အိပ္ယာေပၚမွာအရင္လွဲခ်ၿပီး ေက်ာေနာက္မွာ ေခါင္းအံုးခံလိုက္ပါ။

ၿပီးရင္ေတာ့ သံလြင္ဆီကို လက္ဖဝါးႏွစ္ဖက္မွာပြတ္ၿပီး ရင္သားေတြေပၚစက္ဝိုင္းပံုအတိုင္း (၁၀) မိနစ္ေလာက္ ႏွိပ္နယ္ၿပီး လိမ္းေပးပါ။

ဒီနည္းလမ္းေလးကိုေတာ့ တစ္ပတ္ကို (၃) ႀကိမ္ေလာက္ ပံုမွန္လုပ္ေပးသင့္ပါတယ္။

၃။ Mask

မ်က္ႏွာကပ္တဲ့ Mask ေတြလိုပဲ ရင္သားအတြက္ Mask ေတြလည္းရွိေနၿပီမို႔ ႀကိဳက္ႏွစ္သက္ရာတံဆိပ္ကို ေရြးခ်ယ္ဝယ္ယူၿပီး အသံုးျပဳေပးႏိုင္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:mystylemyanmar

#Unicode Version#
ကလေးမွေးပြီးတဲ့အခါမျိုးမှာ၊ ဝိတ်၊ အတက်အကျဖြစ်ပြီးတဲ့အခါမျိုးမှာနဲ့ အသက်အရွယ်ကြီးရင့်လာချိန်တွေမှာ ရင်သားစတွဲလာပါတော့တယ်။ စာရေးသူဟာ လျော့တွဲနေတဲ့ရင်သားတွေကို ပြန်လည်တင်းရင်းဖို့အတွက်နဲ့ နို့သီးခေါင်းပန်းရောင်တစ်ဖန်ပြန်သန်းနိုင်ဖို့အတွက် အင်တာနက်ကနေရော စာစောင်တွေကနေရော နှစ်ချီလေ့လာပြီး စမ်းလုပ်ကြည့်ခဲ့ဖူးပါတယ်။

အဲဒီထဲကမှ အကောင်းဆုံးနဲ့ အထိရောက်အလျင်မြန်ဆုံးနည်းလမ်းတွေကို Mystyle Myanmar ပျိုမေတို့အတွက် ပြန်လည်ဝေမျှပေးချင်ပါတယ်။

၁။ လေ့ကျင့်ခန်း

အိပ်ယာပေါ်မှာ (သို့) ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားနဲ့ လှဲချလိုက်ပါ။

ပြီးရင်တော့ လက်တစ်ဖက်ဆီမှာ (၅) ပေါင်အဆလးချိန်ရှိတဲ့ ဝိတ်တုံးတွေကို ရင်ဘတ်နဲ့ တည့်တည့်မြှောက်ကိုင်လိုက်ပြီး အဲဒီအတည့်အတိုင်း ရင်ဘတ်နားပြန်ဆွဲချပါ။

ပြန်မြှောက်လိုက် ပြန်ချလိုက်ဖြင့် ဒီလေ့ကျင့်ခန်းကို တစ်ကြိမ်လုပ် (၁၀) ခါနဲ့ နေ့စဉ် (၅) ခါလောက်ပြုလုပ်ပေးပါ။

၂။ နိပ်နယ်ပေးခြင်း

ပထမဦးဆုံးအနေနဲ့ အိပ်ယာပေါ်မှာအရင်လှဲချပြီး ကျောနောက်မှာ ခေါင်းအုံးခံလိုက်ပါ။

ပြီးရင်တော့ သံလွင်ဆီကို လက်ဖဝါးနှစ်ဖက်မှာပွတ်ပြီး ရင်သားတွေပေါ်စက်ဝိုင်းပုံအတိုင်း (၁၀) မိနစ်လောက် နှိပ်နယ်ပြီး လိမ်းပေးပါ။

ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်ကို (၃) ကြိမ်လောက် ပုံမှန်လုပ်ပေးသင့်ပါတယ်။

၃။ Mask

မျက်နှာကပ်တဲ့ Mask တွေလိုပဲ ရင်သားအတွက် Mask တွေလည်းရှိနေပြီမို့ ကြိုက်နှစ်သက်ရာတံဆိပ်ကို ရွေးချယ်ဝယ်ယူပြီး အသုံးပြုပေးနိုင်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top