

Credit:burmese.asia
#Unicode Version# ဖြင့်ဖတ်ပါ ။
အနုပညာရှင်တွေဆိုရင် ချစ်သူရည်စားထား အိမ်ထောင်ပြုတဲ့အခါ နားလည်ပေးနိုင်တဲ့ချစ်သူမျိုးက ရှားတဲ့အတွက် တော်တော်များများက အချိန်ခဏလေးတွဲပြီး ချစ်လိုက် ပြတ်သွားလိုက်ဖြစ်ကြမှာပါ။ဒါပေမယ့် နှစ်တွေအကြာကြီးတွဲပြီး သစ္စာရှိရှိနဲ့ လက်တွဲမြဲနေတဲ့ ဆယ်လီ စုံတွဲလေးထဲမှာ အဆိုတော် နေဝင်း တို့ စုံတွဲလည်း ပါဝင်နေပါတယ်။ Snare အဖွဲ့ဝင် ရက်ပါ အဆိုတော် နေဝင်းဟာ OMG ဆိုတဲ့ ဖက်ရှင်ဆိုင်လေးကို ဖွင့်ထားသလို သူ့ရဲ့ ချစ်သူ့ကောင်မလေးကလည်း Travel Blogger တစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းကတော့ ၉နှစ်တိုင်ခဲ့ပြီ ဖြစ်သလို သူတို့ကိုချစ်တဲ့ပရိသတ်တွေကလည်း မင်္ဂလာပွဲလေးကို အရမ်းကို မြင်ချင်နေကြပါပြီနော် ။
မင်္ဂလာပွဲအတွက်တော့ ပြင်ဆင်နေတယ်ဆိုပေမယ့် တစ်နှစ်လောက်တော့ လိုဦးမယ်လို့ လည်း သိရပါတယ် ။ တစ်ယောက်အလုပ်ကို တစ်ယောက်က ကူညီရင်း လက်ထက်ဖို့အလုပ်တွေ ကြိုးစားရင်းနဲ့ အလုပ်ထဲမှာ မျောမျောသွားပြီး အချိန်ကြာသွားခဲ့တာဖြစ်တယ်လို့ နေဝင်းကဆိုပါတယ် ။ နေဝင်းက ယောက်ျားလေးဖြစ်တဲ့အတွက် မင်္ဂလာဆောင်ချင်ပေမယ့် နေဝင်းရဲ့ချစ်သူ ကတော့ သူ့ရဲ့ အလုပ်ထဲမှာ သူပျော်နေတဲ့ အတွက် မင်္ဂလာဆောင်ဖို့ကို အတင်းမတိုက်တွန်းချင်ဘူးလို့ နေဝင်းက ပြောပြခဲ့ပါတယ် ။ ပရိသတ်တွေ အရမ်းမြင်ချင်နေတဲ့ မင်္ဂလာပွဲလေးကိုတော့ နောင်နှစ်ထဲလောက်မှာ မြင်တွေ့ရတော့မှာဖြစ်လို့ ပရိသတ်တွေလည်း သူတို့အစားရင်ခုန်နေမယ်ထင်ပါတယ်နော် ။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia