‘’ ကၽြန္မက မေဟသီ’’ရုပ္သံဇာတ္လမ္းတြဲထဲက မိန္းမေခ်ာကာရုိက္တာနဲ႔ ေဝဖန္မႈေတြ ခံခဲ့ရတဲ့ သံသာမုိးသိမ့္ ဟာ ဒီကာရုိက္တာကုိ လက္ခံရုိက္ကူးျဖစ္ခဲ့တ့ဲအေၾကာင္းေျပာျပလာပါတယ္။

သရုပ္ေဆာင္ သံသာမုိးသိမ့္ကုိေတာ့ ‘’ကၽြန္မက မေဟသီ’’ရုပ္သံဇာတ္လမ္းတြဲထဲက မိန္းမေခ်ာ ဆုိတဲ့ကာရုိက္တာနဲ႔ ပရိသတ္ေတြ စတင္သိရွိလာၾကတာပါ။ ဒီကာရုိက္တာဟာ ဗီလိန္ အမ်ဳိးအစားျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ ေဝဖန္ေျပာဆုိခံေနရသလုိ သူမကုိယ္တုိင္ကလည္း စိတ္မေကာင္းျဖစ္တယ္လုိ႔ Duwun Media ကေနေျပာျပလာပါတယ္။

‘’ စိတ္မေကာင္းျဖစ္တာေပါ့။ အရင္တုန္းကေတာ့ မိန္းမေခ်ာကုိ သူတုိ႔ ဆဲေနၾကတာေပါ့ေနာ္။ မယမုံကုိ ဇက္ ဆုိတဲ့ေကာင္ေလးနဲ႔ ေခ်ာက္တြန္းတဲ့ အခါ ကေလးကုိ ေျမြနဲ႔တုိက္တဲ့အခါေတြက်ေတာ့ ေတာ္ေတာ္မ်ားေနၿပီေပါ့ေနာ္။ ကုိယ္ကုိယ္တုိင္လည္းသိပါတယ္။

အဲဒီအခါမွာ သူတုိ႔က မိ္န္းမေခ်ာတင္မဟုတ္ေတာ့ဘူး။ သံသာမုိးသိမ့္ကုိပါ သူတုိ႔က ဆဲခ်င္လာၾကတယ္။ အဲဒီလုိ ဆဲလာတဲ့အခါက်ေတာ့ စိတ္မေကာင္းျဖစ္တာေပါ့ေနာ္’’ လုိ႔ သူကဆုိပါတယ္။

မိန္းမေခ်ာ ကာရုိက္တာအတြက္ ပရိသတ္ေတြရဲ႕ အေျပာအဆုိခံရဖုိ႔ကုိလည္း သံသာမုိးသိမ့္က ျပင္ဆင္ထားၿပီးသားပါတဲ့။ အႏုပညာရွင္တစ္ေယာက္ျဖစ္တာေၾကာင့္လည္း သည္းခံေနတယ္လုိ႔ Star Awards ဆုေပးပြဲကုိ တက္ေရာက္ရင္း ေျဖဆုိခဲ့ပါတယ္။

‘’ အႏုပညာရွင္ဆုိတာ အဆဲခံရမယ္။ ပရိသတ္ေျပာတာလည္းခံရမယ္၊ ဆုိတာလည္းခံရမယ္။ ပရိသတ္က ရုိက္သြားမယ္ဆုိရင္ေတာင္ ခံရမယ့္ အမ်ဳိးကုိး။ ဒါလည္း ကုိယ္က ႀကိတ္မွတ္သည္းခံရတယ္။ ကုိယ္ကုိယ္တုိင္ကလည္း ဒီကာရုိက္တာကုိ ေရြးၿပီးသြားၿပီ လုပ္ၿပီးသြားၿပီဆုိေတာ့ ျပန္လွည့္လုိ႔မွ မရတာ။

ဒီဇာတ္ကားမတက္ခင္က အဆဲခံ၊အေျပာခံရမယ္ဆုိတာသိတယ္။ ျပင္လည္း ျပင္ဆင္ထားတယ္။ ဒါေပမယ့္ တကယ္တမ္း လက္ေတြ႔ၾကေတာ့ မခံစားႏုိင္ဘူးေပါ့ေနာ္’’ လုိ႔ ဆက္လက္ေျပာျပထားပါတယ္။

သံသာမိုးသိမ့္ဟာ ‘’ကၽြန္မက မေဟသီ’’ရုပ္သံဇာတ္လမ္းတြဲထဲက မိန္းမေခ်ာဆုိတဲ့ ကာရုိက္တာကုိ လက္ခံျဖစ္ခဲ့ပုံကုိ ေျပာလာပါတယ္။ သူ႔ရဲ႕ အႏုပညာအရည္အခ်င္းေတြကုိလည္း ပရိသတ္ေတြ အသိအမွတ္ျပဳေစခ်င္ပါတယ္တဲ့။

‘’ ဒီကာရုိက္တာေလးကုိ ပရိသတ္ဆီကုိ ခ်ျပခ်င္တယ္။ ပရိသတ္ေရာလက္ခံခ်င္လားေပါ့။ ညီမက သရုပ္ေဆာင္လုိက္ရင္ ခ်စ္ဖို႔ေကာင္းတာေလးေတြ၊ ရွပ္ျပာ ရွပ္ျပာ ပုံစံမ်ဳိးေတြ သရုပ္ေဆာင္တာမ်ားေတာ့ ပရိသတ္က အဲဒီလုိမ်ဳိးေတြ ျမင္ေနေတာ့ အဲဒီဟာကုိ ညီမက ေျပာင္းခ်င္တယ္။

သူတုိ႔ရဲ႕ မ်က္စိထဲမွာ ဒီသရုပ္ေဆာင္တစ္ေယာက္က မိုက္ရုိင္းခ်င္လည္းရတယ္၊ မုန္းခ်င္လည္းရတယ္၊ ခ်စ္ခ်င္လည္းရတယ္ဆုိတဲ့ အသိကုိ ညီမက သူတုိ႔ကုိေပးခ်င္တယ္။ အဲဒါေၾကာင့္ ဒီကာရုိက္တာကုိ ရဲရဲဝံ့ဝံ့ နဲ႔ ညီမလုပ္ခဲ့တာျဖစ္ပါတယ္’’ လုိ႔ဆုိပါတယ္။

သံသာမုိးသိမ့္ ကုိေတာ့ ရုပ္သံဇာတ္လမ္းတြဲေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာတာပါ။ အခုလက္ရွိမွာလည္း ‘’ ကၽြန္မက မေဟသီ’’ဆုိတဲ့ ရုပ္သံဇာတ္လမ္းတြဲကုိ ရုိက္ကူးထားတာျဖစ္ပါတယ္။ သူဟာ အခုဆုိရင္ေတာ့ ဇာတ္လမ္းတြဲေတြသာမက ရုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း ပါဝင္သရုပ္ေဆာင္လာရတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version# ျဖင့္ဖတ္ပါ ။

‘’ ကျွန်မက မဟေသီ’’ရုပ်သံဇာတ်လမ်းတွဲထဲက မိန်းမချောကာရိုက်တာနဲ့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့ သံသာမိုးသိမ့် ဟာ ဒီကာရိုက်တာကို လက်ခံရိုက်ကူးဖြစ်ခဲ့တဲ့အကြောင်းပြောပြလာပါတယ်။

သရုပ်ဆောင် သံသာမိုးသိမ့်ကိုတော့ ‘’ကျွန်မက မဟေသီ’’ရုပ်သံဇာတ်လမ်းတွဲထဲက မိန်းမချော ဆိုတဲ့ကာရိုက်တာနဲ့ ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ ဒီကာရိုက်တာဟာ ဗီလိန် အမျိုးအစားဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုခံနေရသလို သူမကိုယ်တိုင်ကလည်း စိတ်မကောင်းဖြစ်တယ်လို့ Duwun Media ကနေပြောပြလာပါတယ်။

‘’ စိတ်မကောင်းဖြစ်တာပေါ့။ အရင်တုန်းကတော့ မိန်းမချောကို သူတို့ ဆဲနေကြတာပေါ့နော်။ မယမုံကို ဇက် ဆိုတဲ့ကောင်လေးနဲ့ ချောက်တွန်းတဲ့ အခါ ကလေးကို မြွေနဲ့တိုက်တဲ့အခါတွေကျတော့ တော်တော်များနေပြီပေါ့နော်။ ကိုယ်ကိုယ်တိုင်လည်းသိပါတယ်။

အဲဒီအခါမှာ သူတို့က မိန်းမချောတင်မဟုတ်တော့ဘူး။ သံသာမိုးသိမ့်ကိုပါ သူတို့က ဆဲချင်လာကြတယ်။ အဲဒီလို ဆဲလာတဲ့အခါကျတော့ စိတ်မကောင်းဖြစ်တာပေါ့နော်’’ လို့ သူကဆိုပါတယ်။

မိန်းမချော ကာရိုက်တာအတွက် ပရိသတ်တွေရဲ့ အပြောအဆိုခံရဖို့ကိုလည်း သံသာမိုးသိမ့်က ပြင်ဆင်ထားပြီးသားပါတဲ့။ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့်လည်း သည်းခံနေတယ်လို့ Star Awards ဆုပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

‘’ အနုပညာရှင်ဆိုတာ အဆဲခံရမယ်။ ပရိသတ်ပြောတာလည်းခံရမယ်၊ ဆိုတာလည်းခံရမယ်။ ပရိသတ်က ရိုက်သွားမယ်ဆိုရင်တောင် ခံရမယ့် အမျိုးကိုး။ ဒါလည်း ကိုယ်က ကြိတ်မှတ်သည်းခံရတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဒီကာရိုက်တာကို ရွေးပြီးသွားပြီ လုပ်ပြီးသွားပြီဆိုတော့ ပြန်လှည့်လို့မှ မရတာ။

ဒီဇာတ်ကားမတက်ခင်က အဆဲခံ၊အပြောခံရမယ်ဆိုတာသိတယ်။ ပြင်လည်း ပြင်ဆင်ထားတယ်။ ဒါပေမယ့် တကယ်တမ်း လက်တွေ့ကြတော့ မခံစားနိုင်ဘူးပေါ့နော်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

သံသာမိုးသိမ့်ဟာ ‘’ကျွန်မက မဟေသီ’’ရုပ်သံဇာတ်လမ်းတွဲထဲက မိန်းမချောဆိုတဲ့ ကာရိုက်တာကို လက်ခံဖြစ်ခဲ့ပုံကို ပြောလာပါတယ်။ သူ့ရဲ့ အနုပညာအရည်အချင်းတွေကိုလည်း ပရိသတ်တွေ အသိအမှတ်ပြုစေချင်ပါတယ်တဲ့။

‘’ ဒီကာရိုက်တာလေးကို ပရိသတ်ဆီကို ချပြချင်တယ်။ ပရိသတ်ရောလက်ခံချင်လားပေါ့။ ညီမက သရုပ်ဆောင်လိုက်ရင် ချစ်ဖို့ကောင်းတာလေးတွေ၊ ရှပ်ပြာ ရှပ်ပြာ ပုံစံမျိုးတွေ သရုပ်ဆောင်တာများတော့ ပရိသတ်က အဲဒီလိုမျိုးတွေ မြင်နေတော့ အဲဒီဟာကို ညီမက ပြောင်းချင်တယ်။

သူတို့ရဲ့ မျက်စိထဲမှာ ဒီသရုပ်ဆောင်တစ်ယောက်က မိုက်ရိုင်းချင်လည်းရတယ်၊ မုန်းချင်လည်းရတယ်၊ ချစ်ချင်လည်းရတယ်ဆိုတဲ့ အသိကို ညီမက သူတို့ကိုပေးချင်တယ်။ အဲဒါကြောင့် ဒီကာရိုက်တာကို ရဲရဲဝံ့ဝံ့ နဲ့ ညီမလုပ်ခဲ့တာဖြစ်ပါတယ်’’ လို့ဆိုပါတယ်။

သံသာမိုးသိမ့် ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာပါ။ အခုလက်ရှိမှာလည်း ‘’ ကျွန်မက မဟေသီ’’ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သူဟာ အခုဆိုရင်တော့ ဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာရတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top