ယမန္ေန႔ နံနက္ ၄ နာရီ ၁၅ မိနစ္အခ်ိန္ ပဲခူးတိုင္းေဒသႀကီး၊ ဒိုက္ဦးၿမိဳ႕၊ ဝါဆိုရပ္ကြက္ေန ဦးလွတိုး(၅၉)ႏွစ္သည္ သားျဖစ္သူ တစ္ရပ္ကြက္တည္းေန ဉာဏ္လင္းထြန္း(၃၅)ႏွစ္အား ဓားျဖင့္ ထိုး သတ္ခဲ့ေၾကာင္း

သတင္းေပး လာေရာက္အဖမ္းခံခဲ့သျဖင့္ ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သက္ ေသမ်ားႏွင့္အတူ စစ္ေဆးခဲ့သည္။

ျဖစ္စဥ္မွာ  ဦးလွတိုး သည္ ေနအိမ္၌ အိပ္ေပ်ာ္ေနစဥ္ သား ျဖစ္သူ ဉာဏ္လင္းထြန္း မွာ အရက္ေၾကာင္ေၾကာင္ၿပီး ဦးလွတိုး ထံ အရက္ဖိုးေပးရန္ေတာင္းစဥ္

၎မွ မေပးခဲ့သျဖင့္ တစ္ေယာက္တစ္ခြန္းစကားမ်ားၾကၿပီး သားျဖစ္သူ ဉာဏ္လင္းထြန္း က ေနအိမ္ရွိ အရိုး အသြား(၈)လက္မခန႔္ ၾကက္သြန္လွီးဓားအား ယူ၍ လိုက္လံထိုးခဲ့သျဖင့္

အျပန္အလွန္လုံးေထြး သတ္ပုတ္ ၾကစဥ္ ဓားျဖင့္ ျပန္လည္ထိုးမိ၍ သားျဖစ္သူ ဉာဏ္လင္းထြန္း တြင္ ဒဏ္ရာမ်ားရရွိကာ ေသဆုံး သြားျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိရေသာေၾကာင့္

ဦးလွတိုး အား ဒိုက္ဦးၿမိဳ႕မရဲစခန္း (ပ)၃၉၃/ ၂၀၁၉၊ ရာဇသတ္ ႀကီးပုဒ္မ ၃၀၂ ျဖင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ရဲဇာနည္

#Unicode Version#
 ယမန်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ဝါဆိုရပ်ကွက်နေ ဦးလှတိုး(၅၉)နှစ်သည် သားဖြစ်သူ တစ်ရပ်ကွက်တည်းနေ ဉာဏ်လင်းထွန်း(၃၅)နှစ်အား ဓားဖြင့် ထိုး သတ်ခဲ့ကြောင်း

သတင်းပေး လာရောက်အဖမ်းခံခဲ့သဖြင့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက် သေများနှင့်အတူ စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှာ  ဦးလှတိုး သည် နေအိမ်၌ အိပ်ပျော်နေစဉ် သား ဖြစ်သူ ဉာဏ်လင်းထွန်း မှာ အရက်ကြောင်ကြောင်ပြီး ဦးလှတိုး ထံ အရက်ဖိုးပေးရန်တောင်းစဉ်

၎င်းမှ မပေးခဲ့သဖြင့် တစ်ယောက်တစ်ခွန်းစကားများကြပြီး သားဖြစ်သူ ဉာဏ်လင်းထွန်း က နေအိမ်ရှိ အရိုး အသွား(၈)လက်မခန့် ကြက်သွန်လှီးဓားအား ယူ၍ လိုက်လံထိုးခဲ့သဖြင့်

အပြန်အလှန်လုံးထွေး သတ်ပုတ် ကြစဉ် ဓားဖြင့် ပြန်လည်ထိုးမိ၍ သားဖြစ်သူ ဉာဏ်လင်းထွန်း တွင် ဒဏ်ရာများရရှိကာ သေဆုံး သွားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသောကြောင့်

ဦးလှတိုး အား ဒိုက်ဦးမြို့မရဲစခန်း (ပ)၃၉၃/ ၂၀၁၉၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:ရဲဇာနည်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top