ဧဒင္နတ္သမီး ဇာတ္ကားႀကီးနဲ႔ပရိတ္သတ္ေတြ အားေပးမႈ မ်ားစြာ ရရွိလာတဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္က ျမႏွင္းရည္လြင္ ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႐ုပ္ခ်င္းဆင္တဲ့အတြက္ လိုင္းေပၚမွာ ေရပန္းစားသူ ျဖစ္သလို ႐ိုးရွင္းတဲ့ ေနထိုင္မႈေလးေတြနဲ႔ ခ်စ္ဖို႔ ေကာင္းသူ ျဖစ္ပါတယ္။ ဒါေပမဲ့ မထင္မွတ္ထားရေလာက္ေအာင္ အံ့ၾသေလာက္တဲ့ ေရာဂါက ငယ္႐ြယ္တဲ့ ျမႏွင္းရည္လြင္ဆီ ဆိုင္းမဆင့္ ဘုံမဆင့္ ေရာက္လာလိုက္ပါေသးတယ္။ သၾကၤန္မတိုင္ခင္က မ်က္ႏွာတစ္ျခမ္း ေလျဖန္းသလို ျဖစ္သြားၿပီး အခ်ိန္မီ ကုသႏိုင္လို႔ ျပန္ေကာင္းသြားတဲ့အေၾကာင္း ျမႏွင္းရည္လြင္က ခုလို ေျပာျပသြားပါတယ္။

“ျမႏွင္းက ကံေကာင္းသြားတာေပါ့ေနာ္။ ၅ ရက္ေန႔ မနက္ေလာက္က မ်က္ႏွာတစ္ျခမ္း ေယာင္ၿပီးေတာ့ ေလျဖန္းခ်င္သလို ျဖစ္သြားတာေပါ့။ ႏႈတ္ခမ္းက တစ္ဖက္ကို ဆြဲသြားသလို ျဖစ္သြားတာ။ သိသိခ်င္းပဲ ေမေမက စိတ္ပူေတာ့ အခ်ိန္မီကုသလိုက္လို႔ ျပန္ေကာင္းသြားတာေပါ့။ ဗမာလို အယူဆိုရင္ ႏႈတ္ခမ္း ေလျဖန္းတယ္ေပါ့။” လို႔ ဆိုပါတယ္။

ျဖစ္ပြားရတဲ့ အေၾကာင္းရင္းကိုလည္း ျမႏွင္းရည္လြင္က ခုလို သုံးသပ္ျပပါတယ္။

“ေျပာရမွာဆိုရင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္တတ္တာေပါ့။ ျမႏွင္းအထင္ေတာ့ ငယ္ငယ္ေလးတည္းက အာ႐ုံေၾကာ အားနည္းတဲ့သူဆိုေတာ့။ ဒါေပမဲ့ ကိုယ္ကလည္း ေပါ့ေပါ့တန္တန္ ေနမိတာေပါ့။ ရာသီဥတုေၾကာင့္လည္း ပါမယ္။ အကုန္စုံသြားတယ္လို႔ေတာ့ ထင္တာေပ့ါ။ ေခြၽးေတြလည္း အရမ္းထြက္တယ္။ အေရွ႕ရက္မွာ ႐ိုက္ကူးေရးေတြ သြားေတာ့ ထီးမပါဘဲ air con ကားထဲကေန ေနပူထဲကို အတက္အဆင္းလုပ္တယ္။ ညအိပ္ေတာ့ ေခါင္းေလွ်ာ္ၿပီး မေျခာက္ေသးဘဲ အိပ္တယ္။ ျမႏွင္းက အစားလည္း ေသာင္းက်န္းတယ္။ အေအးစာ ဘဲကင္ေတြလည္း စားတယ္ဆိုေတာ့ အကုန္စုံသြားၿပီးေတာ့ ျဖစ္သြားတာ။” ဆိုၿပီး ေျပာျပသြားပါတယ္။’

က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ေၾကာက္သြားတဲ့ အေၾကာင္းကို ျမႏွင္းက ခုလို ေျပာသြားပါတယ္။

“အခုေတာ့ ေတာ္ေတာ္ႀကီးကို ဂ႐ုစိုက္ရတယ္။ အရင္တုန္းက ကိုယ္က မျဖစ္ေလာက္ဘူးလို႔ ထင္ထားတာ။ က်န္းမာေရးဆိုတာက အေရးႀကီးတယ္။ မျဖစ္ေသးဘူး မျဖစ္ေလာက္ေသးဘူးလို႔ ထင္တာ။ အခုဆိုရင္ အဆီအဆိမ့္ အငန္ေတြက စလို႔ သတိထားရတယ္ ေသြးမတိုးေအာင္လို႔။” ဆိုၿပီး ေျပာျပသြားပါတယ္။

ေရာဂါဆိုတာက ႀကီးတယ္ ငယ္တယ္ မဟုတ္ဘဲ ဂ႐ုစိုက္ေနရင္း ျဖစ္သြားတတ္တာဆိုေတာ့ ရာသီဥတုနဲ႔ အစားအေသာက္ကို ဂ႐ုစိုက္ရမယ္ ဆိုတဲ့ အေၾကာင္း ျမႏွင္းရည္လြင္က ပရိသတ္ေတြကို သတိေပးသြားပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

ဧဒင်နတ်သမီး ဇာတ်ကားကြီးနဲ့ပရိတ်သတ်တွေ အားပေးမှု များစွာ ရရှိလာတဲ့ ရုပ်ရှင်သရုပ်ဆောင်က မြနှင်းရည်လွင် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ချင်းဆင်တဲ့အတွက် လိုင်းပေါ်မှာ ရေပန်းစားသူ ဖြစ်သလို ရိုးရှင်းတဲ့ နေထိုင်မှုလေးတွေနဲ့ ချစ်ဖို့ ကောင်းသူ ဖြစ်ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားရလောက်အောင် အံ့သြလောက်တဲ့ ရောဂါက ငယ်ရွယ်တဲ့ မြနှင်းရည်လွင်ဆီ ဆိုင်းမဆင့် ဘုံမဆင့် ရောက်လာလိုက်ပါသေးတယ်။ သြင်္ကန်မတိုင်ခင်က မျက်နှာတစ်ခြမ်း လေဖြန်းသလို ဖြစ်သွားပြီး အချိန်မီ ကုသနိုင်လို့ ပြန်ကောင်းသွားတဲ့အကြောင်း မြနှင်းရည်လွင်က ခုလို ပြောပြသွားပါတယ်။

“မြနှင်းက ကံကောင်းသွားတာပေါ့နော်။ ၅ ရက်နေ့ မနက်လောက်က မျက်နှာတစ်ခြမ်း ယောင်ပြီးတော့ လေဖြန်းချင်သလို ဖြစ်သွားတာပေါ့။ နှုတ်ခမ်းက တစ်ဖက်ကို ဆွဲသွားသလို ဖြစ်သွားတာ။ သိသိချင်းပဲ မေမေက စိတ်ပူတော့ အချိန်မီကုသလိုက်လို့ ပြန်ကောင်းသွားတာပေါ့။ ဗမာလို အယူဆိုရင် နှုတ်ခမ်း လေဖြန်းတယ်ပေါ့။” လို့ ဆိုပါတယ်။

ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုလည်း မြနှင်းရည်လွင်က ခုလို သုံးသပ်ပြပါတယ်။

“ပြောရမှာဆိုရင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်တာပေါ့။ မြနှင်းအထင်တော့ ငယ်ငယ်လေးတည်းက အာရုံကြော အားနည်းတဲ့သူဆိုတော့။ ဒါပေမဲ့ ကိုယ်ကလည်း ပေါ့ပေါ့တန်တန် နေမိတာပေါ့။ ရာသီဥတုကြောင့်လည်း ပါမယ်။ အကုန်စုံသွားတယ်လို့တော့ ထင်တာပေ့ါ။ ချွေးတွေလည်း အရမ်းထွက်တယ်။ အရှေ့ရက်မှာ ရိုက်ကူးရေးတွေ သွားတော့ ထီးမပါဘဲ air con ကားထဲကနေ နေပူထဲကို အတက်အဆင်းလုပ်တယ်။ ညအိပ်တော့ ခေါင်းလျှော်ပြီး မခြောက်သေးဘဲ အိပ်တယ်။ မြနှင်းက အစားလည်း သောင်းကျန်းတယ်။ အအေးစာ ဘဲကင်တွေလည်း စားတယ်ဆိုတော့ အကုန်စုံသွားပြီးတော့ ဖြစ်သွားတာ။” ဆိုပြီး ပြောပြသွားပါတယ်။’

ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကြောက်သွားတဲ့ အကြောင်းကို မြနှင်းက ခုလို ပြောသွားပါတယ်။

“အခုတော့ တော်တော်ကြီးကို ဂရုစိုက်ရတယ်။ အရင်တုန်းက ကိုယ်က မဖြစ်လောက်ဘူးလို့ ထင်ထားတာ။ ကျန်းမာရေးဆိုတာက အရေးကြီးတယ်။ မဖြစ်သေးဘူး မဖြစ်လောက်သေးဘူးလို့ ထင်တာ။ အခုဆိုရင် အဆီအဆိမ့် အငန်တွေက စလို့ သတိထားရတယ် သွေးမတိုးအောင်လို့။” ဆိုပြီး ပြောပြသွားပါတယ်။

ရောဂါဆိုတာက ကြီးတယ် ငယ်တယ် မဟုတ်ဘဲ ဂရုစိုက်နေရင်း ဖြစ်သွားတတ်တာဆိုတော့ ရာသီဥတုနဲ့ အစားအသောက်ကို ဂရုစိုက်ရမယ် ဆိုတဲ့ အကြောင်း မြနှင်းရည်လွင်က ပရိသတ်တွေကို သတိပေးသွားပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top