(ေအာ္တိုဂီယာ ကားေလးမ်ား အဆင္းႀကီးရင္ဂီယာႀကီးနဲ႔ ဆင္းၾကပါ)
ျပင္ဦးလြင္ ကေန မႏၲေလး ကို အဆင္းလမ္းမွာတြဲကားႀကီးေတြ၊ ၁၂ ဘီးကားႀကီးေတြ
ဆင္းလာရာမွာ လမ္းတေလ်ွာက္ ကားဘီးကိုေရျဖန္းၿပီး ဆင္းလာၾကပါတယ္။ ဘာ့ေၾကာင့္ပါလည္း….?
ေတာင္အဆင္းလမ္းမွာ” ဂီယာႀကီးနဲ႔ ဆင္းပါလို႔ ” သတိေပးဆိုင္းဘုတ္ေတြ ေျခာက္ထပ္ေကြ႕မီးသတ္ေကြ႕ အဆင္းမွာ ေတြ႔ရတယ္။
အဆင္းႀကီး/အဆင္းရွည္ ေတာ႕ ဘရိတ္္တအားသံုးရတယ္ ၊ ဘရိတ္ဆိုတဲ့အမ်ိဳးကပူလာရင္ ေပ်ာက္တတ္တယ္၊ သတင္း
ေတြမွာေရးသလို “ဘရိတ္ ေပါက္တာမဟုတ္ဘူးဗ်၊” ဘရိတ္ေပ်ာက္သြားၾကတာ။
အဲသလို ပူၿပီး ဘရိတ္မေပ်ာက္ေအာင္ကားဘီးကို ေရေလာင္းၿပီး ဆင္းၾကတာ။
ေအာ္တိုဂီယာ ကားေလးေတြလည္း ဂီယာႀကီးေျပာင္းသင့္တယ္။
12.4.2019 က်ေနာ္ ျပင္ဦးလြင္က ဆင္းလာရာမွာ၁၈ မိုင္ ေကြ႕အဆင္းမွာ အိမ္စီးကား Suzukiကားအနက္ေရာင္ တဖက္ယာဥ္ေၾကာ၀င္ၿပီးေက်ာက္နံရံဘက္ ဦးတိုက္ ဖင္ေထာင္ ေနပါတယ္။
အရိွန္မထိန္းႏိုင္ဘဲ ေဂ်ာက္ထဲ က်မွာေၾကာင့္တဖက္နံရံ ကို ေျပးေဆာင့္တဲ့သေဘာပါဘဲ။
ေအာ္တိုဂီယာ ဆိုၿပီး အဆင္းမွာ ဂီယာႀကီး ကိုကားက ေအာ္တိုေျပာင္းမေပးပါ၊ ဂီယာႀကီး 2သို႔မဟုတ္ ၀ိတ္မ်ားရင္ L ကို ေျပာင္းေပးရပါမယ္။အမ်ားစုက D ျဖင့္ ဆင္းေနတာ ေတြ႕ရပါတယ္။
(တခ်ိဳ႕က OD သံုးၿပီးဆင္းတယ္လို႔ ဆိုတယ္)
က်ေနာ္ကေတာ့ အဆင္းႀကီးရင္ ဂီယာ နံပါတ္ 2 ကို ဘရိတ္ထိန္း ျပီးမွ ထည့္ပါတယ္၊ အရိွန္ထိန္းသြားတာ အရမ္းသိသာပါတယ္ ။
ကားအေသး ဘီးကို ေရေလာင္းတာ မတူတဲ့ဲအျမင္တခ်ိဳ႕။(အပူက်င့္/အေအးက်င့္တဲ့)
ျပင္ဦးလြင္ လမ္းအဆင္း ၂၁ မိုင္မွာ လူတခ်ိဳ႕ကားဘီးေရေလာင္းတယ္။(က်ေနာ္လည္းေလာင္းပါတယ္)။ ကားစက္ရပ္ၿပီး ခ်က္ခ်င္းမေလာင္းဘဲ ငါးမိနစ္ခန္႔ ၾကာမွ ေနာက္တာယာကို အရင္ေလာင္းပါတယ္၊ ၿပီးမွ ကားေဂြ ကိုေလာင္းတယ္၊ ေနာက္ဆံုးမွ ဟတ္ဒရမ္ကို ေလာင္းတယ္။
ေ႐ွ႕ဘီးေလာင္းရင္ ညာဘက္ဘီးက အပူခ်ိန္အရမ္းမ်ားတယ္၊ ေ႐ွ႕ ဘယ္ဘက္က ဘီးကိုတာယာ၊ ဘက္ပလိတ္ျပား၊ ကားေဂြ၊ ေနာက္္ကား ဘရိတ္ disc ျပား အစဥ္လိုက္ ေရေလာင္းပါတယ္။
“ေနာက္ဆံုး မွ ညာဘက္ဘီးကို ေဖာ္ျပပါအတိုင္းေလာင္းၿပီး “အဆံုးသတ္ ပါတယ္။
(ပူလြန္းလို႔ ေရေတြ အေငြ႕ျပန္ တဲ့ အထိပါဘဲ)
တခ်ိဳ႕က ေရေလာင္းတာ လက္မခံ မႀကိဳက္ၾကပါဘူးဘရိတ္ disc ေတြ drum ေတြ “လန္႔” ၿပီးကြဲတတ္လို႔ပါတဲ့။ (ဒီအတိုင္း ဆင္းၾကပါတယ္)။
ဘရိတ္ေပ်ာက္သြားတဲ့ က်ေနာ့သူငယ္ခ်င္း ။
ဘရိတ္ ရႈးျခမ္း ပါးရင္ / ဘရိတ္ သံုးတာမ်ားရင္္ဘရိတ္ေပ်ာက္သြားတတ္တယ္။က်ေနာ့သူငယ္ခ်င္းတေယာက္ ျပင္ဦးလြင္ အဆင္း ဘရိတ္ေပ်ာက္သြားဘူတယ္။ (ေတာင္ေျခ ၁၆ မိုင္မွာ ျဖစ္လို႔ ေတာ္ေသးတာေပါ့) ။
ဘရိတ္ေပ်ာက္ရင္ ကားဘီး ကို အေအးခံ/ခန အနားေပးၿပီးမွ ျပန္ေမာင္း သင့္ပါတယ္။ေရေလာင္းၿပီး ျပန္ထြက္မယ္ဆိုရင္….
ကားဘီးေရေလာင္းၿပီးရင္ စက္ႏိုး ကာခ်က္ခ်င္း မထြက္သင့္ပါ…ဘရိတ္ကိုႏွစ္ခ်က္ေလာက္ မိ/မမိ အရင္ စမ္းၾကည့္ၿပီးမွဆက္ၿပီး ဆင္းသင့္ပါေၾကာင္းအၾကံျပဳေရးသားလိုက္ရပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Tin Lay Zaw
#Unicode Version#
(အော်တိုဂီယာ ကားလေးများ အဆင်းကြီးရင်ဂီယာကြီးနဲ့ ဆင်းကြပါ)
ပြင်ဦးလွင် ကနေ မန္တလေး ကို အဆင်းလမ်းမှာတွဲကားကြီးတွေ၊ ၁၂ ဘီးကားကြီးတွေ
ဆင်းလာရာမှာ လမ်းတလျှောက် ကားဘီးကိုရေဖြန်းပြီး ဆင်းလာကြပါတယ်။ ဘာ့ကြောင့်ပါလည်း….?
တောင်အဆင်းလမ်းမှာ” ဂီယာကြီးနဲ့ ဆင်းပါလို့ ” သတိပေးဆိုင်းဘုတ်တွေ ခြောက်ထပ်ကွေ့မီးသတ်ကွေ့ အဆင်းမှာ တွေ့ရတယ်။
အဆင်းကြီး/အဆင်းရှည် တော့ ဘရိတ်တအားသုံးရတယ် ၊ ဘရိတ်ဆိုတဲ့အမျိုးကပူလာရင် ပျောက်တတ်တယ်၊ သတင်း
တွေမှာရေးသလို “ဘရိတ် ပေါက်တာမဟုတ်ဘူးဗျ၊” ဘရိတ်ပျောက်သွားကြတာ။
အဲသလို ပူပြီး ဘရိတ်မပျောက်အောင်ကားဘီးကို ရေလောင်းပြီး ဆင်းကြတာ။
အော်တိုဂီယာ ကားလေးတွေလည်း ဂီယာကြီးပြောင်းသင့်တယ်။
12.4.2019 ကျနော် ပြင်ဦးလွင်က ဆင်းလာရာမှာ၁၈ မိုင် ကွေ့အဆင်းမှာ အိမ်စီးကား Suzukiကားအနက်ရောင် တဖက်ယာဉ်ကြောဝင်ပြီးကျောက်နံရံဘက် ဦးတိုက် ဖင်ထောင် နေပါတယ်။
အရှိန်မထိန်းနိုင်ဘဲ ဂျောက်ထဲ ကျမှာကြောင့်တဖက်နံရံ ကို ပြေးဆောင့်တဲ့သဘောပါဘဲ။
အော်တိုဂီယာ ဆိုပြီး အဆင်းမှာ ဂီယာကြီး ကိုကားက အော်တိုပြောင်းမပေးပါ၊ ဂီယာကြီး 2သို့မဟုတ် ဝိတ်များရင် L ကို ပြောင်းပေးရပါမယ်။အများစုက D ဖြင့် ဆင်းနေတာ တွေ့ရပါတယ်။
(တချို့က OD သုံးပြီးဆင်းတယ်လို့ ဆိုတယ်)
ကျနော်ကတော့ အဆင်းကြီးရင် ဂီယာ နံပါတ် 2 ကို ဘရိတ်ထိန်း ပြီးမှ ထည့်ပါတယ်၊ အရှိန်ထိန်းသွားတာ အရမ်းသိသာပါတယ် ။
ကားအသေး ဘီးကို ရေလောင်းတာ မတူတဲ့ဲအမြင်တချို့။(အပူကျင့်/အအေးကျင့်တဲ့)
ပြင်ဦးလွင် လမ်းအဆင်း ၂၁ မိုင်မှာ လူတချို့ကားဘီးရေလောင်းတယ်။(ကျနော်လည်းလောင်းပါတယ်)။ ကားစက်ရပ်ပြီး ချက်ချင်းမလောင်းဘဲ ငါးမိနစ်ခန့် ကြာမှ နောက်တာယာကို အရင်လောင်းပါတယ်၊ ပြီးမှ ကားဂွေ ကိုလောင်းတယ်၊ နောက်ဆုံးမှ ဟတ်ဒရမ်ကို လောင်းတယ်။
ရှေ့ဘီးလောင်းရင် ညာဘက်ဘီးက အပူချိန်အရမ်းများတယ်၊ ရှေ့ ဘယ်ဘက်က ဘီးကိုတာယာ၊ ဘက်ပလိတ်ပြား၊ ကားဂွေ၊ နောက်ကား ဘရိတ် disc ပြား အစဉ်လိုက် ရေလောင်းပါတယ်။
“နောက်ဆုံး မှ ညာဘက်ဘီးကို ဖော်ပြပါအတိုင်းလောင်းပြီး “အဆုံးသတ် ပါတယ်။
(ပူလွန်းလို့ ရေတွေ အငွေ့ပြန် တဲ့ အထိပါဘဲ)
တချို့က ရေလောင်းတာ လက်မခံ မကြိုက်ကြပါဘူးဘရိတ် disc တွေ drum တွေ “လန့်” ပြီးကွဲတတ်လို့ပါတဲ့။ (ဒီအတိုင်း ဆင်းကြပါတယ်)။
ဘရိတ်ပျောက်သွားတဲ့ ကျနော့သူငယ်ချင်း ။
ဘရိတ် ရှုးခြမ်း ပါးရင် / ဘရိတ် သုံးတာများရင်ဘရိတ်ပျောက်သွားတတ်တယ်။ကျနော့သူငယ်ချင်းတယောက် ပြင်ဦးလွင် အဆင်း ဘရိတ်ပျောက်သွားဘူတယ်။ (တောင်ခြေ ၁၆ မိုင်မှာ ဖြစ်လို့ တော်သေးတာပေါ့) ။
ဘရိတ်ပျောက်ရင် ကားဘီး ကို အအေးခံ/ခန အနားပေးပြီးမှ ပြန်မောင်း သင့်ပါတယ်။ရေလောင်းပြီး ပြန်ထွက်မယ်ဆိုရင်….
ကားဘီးရေလောင်းပြီးရင် စက်နိုး ကာချက်ချင်း မထွက်သင့်ပါ…ဘရိတ်ကိုနှစ်ချက်လောက် မိ/မမိ အရင် စမ်းကြည့်ပြီးမှဆက်ပြီး ဆင်းသင့်ပါကြောင်းအကြံပြုရေးသားလိုက်ရပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:Tin Lay Zaw
Home
»
ဗဟုသုတ
»
အေတြးအျမင္
»
အေထြေထြ
» ေတာင္ အဆင္းလမ္းမွာ ကားဘီး ေရေလာင္းတာ ဘာ့ေၾကာင့္လဲ။ အရမ္းေကာင္းလို႔ ေ၀မွ်ေပးၿခင္းပါ
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။