ဖားကန္႔တြင္ ႏြံကန္ ပြင့္က်မႈေၾကာင့္ ေသဆံုးသူႏွင့္ ေပ်ာက္ဆံုးသူ ၅၄ ဦးအနက္ လက္ရွိတြင္ ၂၈ ဦးအတြက္ တစ္ဦးလွ်င္ က်ပ္သိန္း ၃၀၀ ေလ်ာ္ေၾကးေပး ရန္ ကုမၸဏီႏွင့္ ဝန္ထမ္းမ်ားက သေဘာတူၿပီး ေလ်ာ္ေၾကးျဖင့္ သာ ၿပီးမသြားဘဲ အစိုးရအေနျဖင့္ ထိေရာက္စြာ အေရးယူရန္ အရပ္ဘက္အဖြဲ႕မ်ားက တုိက္တြန္း သည္။

ဖားကန္႔ၿမိဳ႕နယ္ ဗလခေက်း ရြာရွိ ငါးဧကခန္႔က်ယ္ေသာ ႏြံကန္တစ္ခုသည္ ဧၿပီ ၂၂ ရက္ ညက ပြင့္က်ရာ ေရႊနဂါးကိုးေကာင္ကုမၸဏီလုပ္ကြက္ႏွင့္ ကုမၸဏီ အခ်ိဳ႕ စုေပါင္းတူးေဖာ္ေနေသာ လုပ္ကြက္အတြင္းရွိ ကုမၸဏီဝန္ထမ္း ၅၄ ဦး ေမ်ာပါေပ်ာက္ဆံုးခဲ့ သည္။

ဧၿပီ ၂၆ ရက္အထိ ႐ုပ္အ ေလာင္းငါးခုသာ ေတြ႕ရွိၿပီး ၄၉ ဦး ႏြံမ်ားေအာက္ ေပ်ာက္ဆံုးေန ဆဲျဖစ္သည္။

‘‘တစ္ဦးကို သိန္း ၃၀၀ နဲ႔ ကုမၸဏီနဲ႔ အလုပ္သမားေတြ ညႇိ ႏိႈင္းၾကတယ္။ ၂၈ ဦးအတြက္ အ ဆင္ေျပသြားတယ္’’ဟု ဖားကန္႔ ၿမိဳ႕နယ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမွဴး ဦးဖုန္ဂရိန္က ေျပာသည္။

ကုမၸဏီမ်ား စုေပါင္းလုပ္ ကိုင္ေနေသာ လုပ္ကြက္အတြင္းရွိ ဝန္ထမ္း ၂၈ ဦးအတြက္ ေလ်ာ္ ေၾကးျဖင့္ ညႇိႏိႈင္းၿပီး ေရႊနဂါးကိုး ေကာင္ ကုမၸဏီဝန္ထမ္း ၂၆ ဦး အတြက္ အျငင္းပြားေနဆဲျဖစ္ သည္။

အဆုိပါ ျဖစ္စဥ္ႏွင့္ ပတ္ သက္၍ သက္ဆုိင္သည့္ ကုမၸဏီ မ်ားသို႔ 7Day Daily သတင္းစာ က ဆက္သြယ္ေမးျမန္းရန္ ႀကိဳး စားေသာ္လည္း မရခဲ့ေပ။

ေသဆံုးႏွင့္ ေပ်ာက္ဆံုးဝန္ ထမ္းမ်ားအတြက္ ေလ်ာ္ေၾကးေပး ေျဖရွင္းေနေသာ္လည္း ကုမၸဏီ မ်ားကို အေရးယူရန္ သဘာဝပတ္ ဝန္းက်င္အေရး ေဆာင္ရြက္ေနေသာ အရပ္ဘက္အဖြဲ႕မ်ားက တိုက္တြန္းသည္။

‘‘ဘာေၾကာင့္ အေရးမယူၾက တာလဲ၊ ကုမၸဏီေတြကို ထိန္းခ်ဳပ္ တာမေတြ႕ရဘူး။ ၫႊန္ၾကားၿပီးပဲ ျပန္သြားၾကမွာလား’’ဟု Green Land သဘာဝပတ္ဝန္းက်င္ထိန္း သိမ္းေရး အရပ္ဘက္အဖြဲ႕မွ ဦးေနာ္လတ္က ေျပာသည္။

ႏြံကန္ပြင့္က်ၿပီး ေနာက္တစ္ ေန႔တြင္ ကခ်င္ျပည္နယ္ အစိုးရ အဖြဲ႕ တာဝန္ရွိသူအခ်ိဳ႕ ဖားကန္႔ ေဒသသို႔ လာေရာက္ၿပီး အခင္းျဖစ္ေနရာသို႔ သြားေရာက္ခဲ့သည္။ လူ ၅၀ ေက်ာ္ ေသဆံုးသည့္ ျဖစ္ ရပ္သည္ ႀကိဳတင္ကာကြယ္မႈ အားနည္းၿပီး ကုမၸဏီတာဝန္ရွိသူမ်ား အလြန္တာဝန္မဲ့ခဲ့သည္ဟု ကခ်င္ျပည္နယ္ သယံဇာတဝန္ႀကီး ဦးဒါရွီလစိုင္းက ေဝဖန္ထား သည္။ ရွာေဖြကယ္ဆယ္ေရးလုပ္ ေနစဥ္ ဧၿပီ ၂၃ ရက္ နံနက္ ၃ နာရီခန္႔တြင္ ဖားကန္႔ၿမိဳ႕နယ္ ေမာ္ ေမာ္လယန္ေက်းရြာတြင္ ႏြံကန္ တစ္ခု ထပ္ပြင့္က်ၿပီး လူႏွစ္ဦး ေသဆံုးခဲ့သည္။

နာရီပိုင္းအၾကာ ယင္းေန႔ နံနက္ ၆ နာရီခန္႔တြင္ ငိုးပင္းေက်း ရြာရွိ ေက်ာက္ကမ္းပါးယံတစ္ခု ၿပိဳက်ကာ ေက်ာက္တူးေနသူတစ္ ဦး ထပ္မံေသဆံုးသည္။ ဧၿပီ ၂၅ ရက္ နံနက္ ၃ နာရီခန္႔တြင္ ေျမစာ ပံုၿပိဳက်ၿပီး လူတစ္ဦး ေသဆံုးကာ တစ္ဦး ဒဏ္ရာရျပန္သည္။

ထို႔ေၾကာင့္ ဖားကန္႔တြင္ ႀကိဳ တင္ကာကြယ္မႈအားနည္းခဲ့ေသာ လုပ္ငန္းခြင္ မေတာ္တဆမႈ ေၾကာင့္ ေလးရက္အတြင္း ၅၈ ဦး ေသဆံုးကာ တစ္ဦးဒဏ္ရာရ သည္ဟု အရပ္ဘက္အဖြဲ႕မ်ားက ဆုိသည္။

‘‘ႏြံပံုေအာက္ ေရာက္ေနသူ ေတြက ေသဆံုးစာရင္းျဖစ္သြားပါ ၿပီ’’ဟု ဦးေနာ္လတ္က ေျပာသည္။ Green Land သဘာဝပတ္ဝန္း က်င္ထိန္းသိမ္းေရးဥကၠ႒ ဦးယိန္း ေခါက ဖားကန္႔ေဒသတြင္ ယခု ရက္ပိုင္းျဖစ္ေနေသာ လူေသဆံုးမႈ မ်ားအတြက္ ကုမၸဏီမ်ားကို ႀကီး ၾကပ္မႈအားနည္းခဲ့ေသာ သယံ ဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာနႏွင့္ ေက်ာက္စိမ္းဌာနအျပင္ ဌာန ဆုိင္ရာအားလံုးတြင္ပါ တာဝန္ရွိ ေၾကာင္း ေထာက္ျပသည္။

တာဝန္ယူမႈအားနည္းခဲ့ ေသာ ကုမၸဏီမ်ားကို ပိတ္သိမ္း သည္အထိ အေရးယူသင့္ေၾကာင္း ေဒသခံအရပ္ဘက္အဖြဲ႕မ်ားက တိုက္တြန္းေသာ္လည္း အထက္ ပါ ျဖစ္ရပ္မ်ားအတြက္ ရဲတပ္ဖြဲ႕ တြင္ ေသမႈေသခင္းမွလြဲ၍ အျခား ပုဒ္မ ဖြင့္ထားျခင္းမရွိေသးေပ။ ေသမႈေသခင္းဖြင့္ထားသည္ကို ျပည္ထဲေရးဝန္ႀကီးဌာနက ဧၿပီ ၂၄ ရက္တြင္ သတင္းထုတ္ျပန္ ထားသည္ကို ေတြ႕ရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: 7daydaily
Photo: Khit Thit
#Unicode Version#
 ဖားကန့်တွင် နွံကန် ပွင့်ကျမှုကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ ၅၄ ဦးအနက် လက်ရှိတွင် ၂၈ ဦးအတွက် တစ်ဦးလျှင် ကျပ်သိန်း ၃၀၀ လျော်ကြေးပေး ရန် ကုမ္ပဏီနှင့် ဝန်ထမ်းများက သဘောတူပြီး လျော်ကြေးဖြင့် သာ ပြီးမသွားဘဲ အစိုးရအနေဖြင့် ထိရောက်စွာ အရေးယူရန် အရပ်ဘက်အဖွဲ့များက တိုက်တွန်း သည်။

ဖားကန့်မြို့နယ် ဗလခကျေး ရွာရှိ ငါးဧကခန့်ကျယ်သော နွံကန်တစ်ခုသည် ဧပြီ ၂၂ ရက် ညက ပွင့်ကျရာ ရွှေနဂါးကိုးကောင်ကုမ္ပဏီလုပ်ကွက်နှင့် ကုမ္ပဏီ အချို့ စုပေါင်းတူးဖော်နေသော လုပ်ကွက်အတွင်းရှိ ကုမ္ပဏီဝန်ထမ်း ၅၄ ဦး မျောပါပျောက်ဆုံးခဲ့ သည်။

ဧပြီ ၂၆ ရက်အထိ ရုပ်အ လောင်းငါးခုသာ တွေ့ရှိပြီး ၄၉ ဦး နွံများအောက် ပျောက်ဆုံးနေ ဆဲဖြစ်သည်။

‘‘တစ်ဦးကို သိန်း ၃၀၀ နဲ့ ကုမ္ပဏီနဲ့ အလုပ်သမားတွေ ညှိ နှိုင်းကြတယ်။ ၂၈ ဦးအတွက် အ ဆင်ပြေသွားတယ်’’ဟု ဖားကန့် မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးဖုန်ဂရိန်က ပြောသည်။

ကုမ္ပဏီများ စုပေါင်းလုပ် ကိုင်နေသော လုပ်ကွက်အတွင်းရှိ ဝန်ထမ်း ၂၈ ဦးအတွက် လျော် ကြေးဖြင့် ညှိနှိုင်းပြီး ရွှေနဂါးကိုး ကောင် ကုမ္ပဏီဝန်ထမ်း ၂၆ ဦး အတွက် အငြင်းပွားနေဆဲဖြစ် သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ သက်ဆိုင်သည့် ကုမ္ပဏီ များသို့ 7Day Daily သတင်းစာ က ဆက်သွယ်မေးမြန်းရန် ကြိုး စားသော်လည်း မရခဲ့ပေ။

သေဆုံးနှင့် ပျောက်ဆုံးဝန် ထမ်းများအတွက် လျော်ကြေးပေး ဖြေရှင်းနေသော်လည်း ကုမ္ပဏီ များကို အရေးယူရန် သဘာဝပတ် ဝန်းကျင်အရေး ဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့များက တိုက်တွန်းသည်။

‘‘ဘာကြောင့် အရေးမယူကြ တာလဲ၊ ကုမ္ပဏီတွေကို ထိန်းချုပ် တာမတွေ့ရဘူး။ ညွှန်ကြားပြီးပဲ ပြန်သွားကြမှာလား’’ဟု Green Land သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး အရပ်ဘက်အဖွဲ့မှ ဦးနော်လတ်က ပြောသည်။

နွံကန်ပွင့်ကျပြီး နောက်တစ် နေ့တွင် ကချင်ပြည်နယ် အစိုးရ အဖွဲ့ တာဝန်ရှိသူအချို့ ဖားကန့် ဒေသသို့ လာရောက်ပြီး အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သည်။ လူ ၅၀ ကျော် သေဆုံးသည့် ဖြစ် ရပ်သည် ကြိုတင်ကာကွယ်မှု အားနည်းပြီး ကုမ္ပဏီတာဝန်ရှိသူများ အလွန်တာဝန်မဲ့ခဲ့သည်ဟု ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလစိုင်းက ဝေဖန်ထား သည်။ ရှာဖွေကယ်ဆယ်ရေးလုပ် နေစဉ် ဧပြီ ၂၃ ရက် နံနက် ၃ နာရီခန့်တွင် ဖားကန့်မြို့နယ် မော် မော်လယန်ကျေးရွာတွင် နွံကန် တစ်ခု ထပ်ပွင့်ကျပြီး လူနှစ်ဦး သေဆုံးခဲ့သည်။

နာရီပိုင်းအကြာ ယင်းနေ့ နံနက် ၆ နာရီခန့်တွင် ငိုးပင်းကျေး ရွာရှိ ကျောက်ကမ်းပါးယံတစ်ခု ပြိုကျကာ ကျောက်တူးနေသူတစ် ဦး ထပ်မံသေဆုံးသည်။ ဧပြီ ၂၅ ရက် နံနက် ၃ နာရီခန့်တွင် မြေစာ ပုံပြိုကျပြီး လူတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရပြန်သည်။

ထို့ကြောင့် ဖားကန့်တွင် ကြို တင်ကာကွယ်မှုအားနည်းခဲ့သော လုပ်ငန်းခွင် မတော်တဆမှု ကြောင့် လေးရက်အတွင်း ၅၈ ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရ သည်ဟု အရပ်ဘက်အဖွဲ့များက ဆိုသည်။

‘‘နွံပုံအောက် ရောက်နေသူ တွေက သေဆုံးစာရင်းဖြစ်သွားပါ ပြီ’’ဟု ဦးနော်လတ်က ပြောသည်။ Green Land သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဥက္ကဋ္ဌ ဦးယိန်း ခေါက ဖားကန့်ဒေသတွင် ယခု ရက်ပိုင်းဖြစ်နေသော လူသေဆုံးမှု များအတွက် ကုမ္ပဏီများကို ကြီး ကြပ်မှုအားနည်းခဲ့သော သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ကျောက်စိမ်းဌာနအပြင် ဌာန ဆိုင်ရာအားလုံးတွင်ပါ တာဝန်ရှိ ကြောင်း ထောက်ပြသည်။

တာဝန်ယူမှုအားနည်းခဲ့ သော ကုမ္ပဏီများကို ပိတ်သိမ်း သည်အထိ အရေးယူသင့်ကြောင်း ဒေသခံအရပ်ဘက်အဖွဲ့များက တိုက်တွန်းသော်လည်း အထက် ပါ ဖြစ်ရပ်များအတွက် ရဲတပ်ဖွဲ့ တွင် သေမှုသေခင်းမှလွဲ၍ အခြား ပုဒ်မ ဖွင့်ထားခြင်းမရှိသေးပေ။ သေမှုသေခင်းဖွင့်ထားသည်ကို ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီ ၂၄ ရက်တွင် သတင်းထုတ်ပြန် ထားသည်ကို တွေ့ရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit: 7daydaily

Photo: Khit Thit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top