














Credit:burmese.asia
# Unicode Version # ဖြင့် ဖတ်ပါ #


6.4.2019 ပူတာအိုကစထွက်ခဲ့တဲ့ ဖန်ဂရန်ရာဇီရေခဲတောင်ခရီးစဉ်မှာThe Summiter အဖွဲ့ဝင်တွေရဲ့စိတ်ဓာတ်၊ဇွဲ၊လုံ့လ၊ဝီရိယ မာကျောမှုကို အသိအမှတ်ပြုခဲ့တဲ့တဲ့ ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ် ။

အဖွဲ့ဝင် အားလုံးချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးမဆုတ်မနှစ်သောစိတ်ဓာတ်တွေနဲ့ ဖန်ဂရန်ရာဇီတောင်ထိပ်ကိုရောက်အောင်အတူတူကြိုးစားခဲ့ကြတယ်။

၁၂.၄.၂၀၁၉ မနက် ၈:၅၀ မှာအဖွဲ့ဝင် အယောက် ၂၀ တောင်ထိပ်မှာ အောင်ပွဲခံခဲ့ တယ်။အောင်မြင် မှု့နဲ့အတူပါလာတဲ့ ပီတိမျက်ရည်တွေနဲ့ထွေးပွေ့အောင်ပွဲခံခဲ့တယ် အတိုင်းအဆမဲ့ပျော်ရွှင်မှု့တွေနဲ့အ တူ အမိမြေအတွက်နိုင်ငံတော်အလံလွှင့်ထူရင်း နိုင်ငံတော်သီချင်းကိုသံပြိုင်သီဆိုဟစ်ကြွေးခဲ့ကြ တယ်။

တောင်ထိပ်က အဆင်းမနက် ၉:၃၀ မှာအဖွဲ့ဝင် ညီမ Saint Htet တစ်ယောက် မတော် တဆခြေချော်ပြီးအသက်ဆုံးရှုံးခဲ့ရတဲ့ အတွက် အဖွဲ့သားအားလုံးရဲ့ရင်ထဲ အောင်မြင်မှု့ရဲ့နောက် မှာဆုံးရှုံးမှု့ကြီးမားခဲ့တယ်။

အစွမ်းကုန်ကြိုးစားရှာဖွေပီးတွေ့ရှိခဲ့သော်လည်း မည်သို့မျှပြန်လည်သယ်ဆောင်ရန်မဖြစ်နိုင် သည့်အနေအထားကြောင့်အဖွဲ့သားအားလုံး၏ရင်ထဲဆို့နင့်ဝမ်းနည်းစွာဖြင့်လက်လျှော့၍လှည့်ပြန်ခဲ့ကြရပါတယ်။

မိသားစုနဲ့ထပ်တူဝမ်းနည်းမှု့တွေဝင်ရောက်လာခဲ့ရသော တောင်တက်စက်ဘီးစီး Outdoor Adventure Athlete မျိုးဆက်သစ် ညီမတစ်ယောက် ဆုံးရှုံးခဲ့ရသောခရီးစဉ်တစ်ခုလည်းဖြစ်ခဲ့ပါ တယ်။

အကိုတို့နဲ့အတူကောင်းမွန်ရာ ဘုံဘဝကနေ ညီမလေးရဲ့အောင်မြင်မှု အတွက် ညီမလေးကိုယ်တိုင် ဂုဏ်ယူဝမ်းမြောက်နေမယ်ဆိုတာ အဖွဲ့သူ အဖွဲ့သားတွေအားလုံးကယုံကြည်ပါကြောင်းဝမ်း နည်းပူဆွေးစွာဖြင့် . .The Summiter Group

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top