








Credit:thithtoolwin
# Unicode Version # ဖြင့် ဖတ်ပါ #

- မိမိအုံးသော ခေါင်းအုံးစွပ်များက သန့်ရှင်းမှုမရှိပဲ ချေးညှော်နှင့် ဆီချေးများ ရှိနေလျှင် မိမိ၏မျက်နှာ အသားအရေပေါ်၌ ဝက်ခြံဖုများ ဖြစ်စေမည်ဟု Dr. David E Bank ဖော်ပြခဲ့သည်။ သို့ဖြစ်၍ ပုံမှန် အားဖြင့် မိမိ၏ခေါင်းအုံးစွပ်များအား ပုံမှန်အားဖြင့် လဲလှယ်လျှော်ဖွပ်သင့် သည်။

- သို့ဖြစ်၍ ပုံမှန်အားဖြင့် မိမိ ခေါင်းအုံးစွပ်များအား လဲလှယ် လျှော်ဖွပ်သင့်သည်။ နေ့စဉ် ကြုံတွေ့ ရသော ပတ်ဝန်းကျင်မှ အညစ် အကြေးများသည် ဆံပင်နှင့် မျက်နှာ တွင် ကပ်ငြိလာရာမှ ညအိပ်ချိန် ခေါင်းအုံး၌ ကပ်ငြိပြီး မိမိတို့၏ မျက်နှာရှိ ချွေးပေါက်များ ပိတ်ခြင်း၊ အသားရောင်ကွက်မဲ၍ တင်းတိတ် ကွက်များ ဖြစ်စေမည်။

- ခေါင်းအုံးစွပ်များသည် များသော အားဖြင့် ချည်သားများ ဖြစ်ကြသည်။ သို့ဖြစ်၍ ချည်သားထက် ပိုး(သို့) ဖဲသားကို အသုံးပြုသင့်သည်။

- အရောင်ချွတ်ထားသော (သို့) အရောင်များသော၊ အရောင်ရင့်သော ခေါင်းအုံးစွပ်များက အရောင်များ တစတစကျွတ်၍ မိမိမျက်နှာကို ငြိစွန်းစေပြီး မျက်နှာပေါ်တွင် ဝက်ခြံ ဖုများ ဖြစ်စေသည်။

- Control Corrective Skincare System ၏ အဆိုအရ လူတိုင်း၌ ခေါင်းအုံးစွပ်ကြောင့် မျက်နှာအသား အရေ ထိခိုက်ခြင်းသည် လူတိုင်း၌ ခံစားရခြင်း မဟုတ်ဘဲ အထူးသဖြင့် ဟိုမုန်း(သို့) မျိုးရိုးအရ (သို့) စိတ် ဖိစီးမှုကြောင့် အခြေအနေဆိုးရွား မှုကို ဖြစ်စေသည်။

- Benzoyl Peroxide (သို့) retinol ပါဝင်သော acne လိမ်းဆေးများက ခေါင်းအုံးတွင် ချေးအဖြစ် စုစည်းနေ တတ်သည်။

- သို့ဖြစ်၍ အရောင်နုခေါင်းအုံးစွပ် များ ဥပမာ- အဖြူရောင်၊ ပန်းရောင်၊ အပြာနုရောင် စသည်တို့ကို ပြောင် စင်အောင် ဖွတ်လျှော်သင့်သည်။

- ထို့အပြင် ခေါင်းအုံးစွပ်ကို ရနံ့ပါသော ပျော့ဆေးများသုံး၍ လျှော်ဖွပ်ခြင်းမပြုလုပ်ပဲ အနံ့ကင်း သော Softener ကို အသုံးပြုခြင်း အားဖြင့် ဝက်ခြံ၊ တင်းတိတ်ဖြစ်ခြင်း ကင်းစေမည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top