မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ၿမိဳ႕နယ္အတြင္း ဧၿပီ ၁၈ ရက္ေန႕ ညေနပိုင္းအခ်ိန္က ေလျပင္းမ်ားတိုက္ခတ္၍ မိုးသီးေၾကြက်ျခင္းေၾကာင့္ သရက္စိုက္ေတာင္သူမ်ား၏ သရက္ၿခံအခ်ဳိ႔ ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚခ့ဲရသၿဖင့္ အရႈံးႏွင့္ ရင္ဆုိင္ေနရေႀကာင္း သရက္စုိက္ ေတာင္သူမ်ားထံက သိရသည္။

စိန္တစ္လုံးႏွင့္ ေရႊဟသၤာအပါအဝင္ သရက္သီးမ်ိဳးစုံ စိုက္ပ်ိဳးရာနယ္ေျမတစ္ခုျဖစ္သည့္ ေက်ာက္ဆည္ၿမိဳ႕နယ္ ၊သံရြာေက်းရြာအနီးဝန္က်င္း ေက်းရြာ ၁၃ ရြာခန္႕မွ သရက္စိုက္ေတာင္သူမ်ား၏ သရက္ၿခံမ်ားမွ ေရာင္းတန္းဝင္ ခူးဆြတ္ရန္အိတ္စြတ္ထားသည့္ သရက္သီးမ်ားအပါအဝင္ အခ်ိဳ႕သရက္သီးမ်ားစြာသည္ ေလျပင္းမ်ားတိုက္ခတ္၍ မိုးသီးေၾကြက်ျခင္းေၾကာင့္ ေၾကြက်ပ်က္စီးခဲ့မႈ ၿဖစ္ေပၚခဲ့သၿဖင့္ သရက္စိုက္ေတာင္သူမ်ားအတြက္ မ်ားစြာ နစ္နာမႈမ်ားရွိခဲ့ေႀကာင့္ ေပါင္ေလာင္ႀကီးေက်းရြာေန သရက္စိုက္ေတာင္သူ ကိုစန္းလင္းက ေျပာသည္။

” ေလက ေတာ္ေတာ္ၾကမ္းတဲ့အတြက္ သရက္စိုက္ေတာင္သူေတြရဲ႕ သရက္ၿခံေတြက သရက္သီးေတြလည္း အေတာ္ေၾကြကုန္တယ္ ၊ဒါအျပင္ မိုးသီးပါက်ေတာ့ အပင္မွာက်န္ေနတ့ဲသရက္ေတာင္ ေစ်းေကာင္းမရႏိုင္ဘူး ”ဟု ၄င္းက ေျပာသည္ ။

ေလျပင္းတိုက္ခတ္မႈႏွင့္ မိုးသီးေၾကြက်မႈေႀကာင့္ ေက်ာက္ဆည္ၿမဳိ႔နယ္ရွိ သရက္ျခံမ်ား ပ်က္စီးဆုံးရႈံးခဲ့မႈ ၿဖစ္ေပၚခဲ့ရသည့္ အျပင္ ၿမစ္သားၿမိဳ႕နယ္အတြင္းရွိ ေက်းရြာအခ်ိဳ႕မွ သရက္စိုက္ေတာင္သူမ်ား၏ သရက္ျခံမ်ားလည္း ပ်က္စီးဆုံးရႈံးခဲ့မႈ ၿဖစ္ေပၚခဲ့သၿဖင့္ နစ္နာဆံုးရံႈးမႈမ်ားျဖစ္ေပၚခ့ဲရေၾကာင္း သိရသည္ ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ရတနာပံု
#Unicode Version#
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်း ဧပြီ ၁၈ ရက်နေ့ ညနေပိုင်းအချိန်က လေပြင်းများတိုက်ခတ်၍ မိုးသီးကြွေကျခြင်းကြောင့် သရက်စိုက်တောင်သူများ၏ သရက်ခြံအချို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသဖြင့် အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သရက်စိုက် တောင်သူများထံက သိရသည်။

စိန်တစ်လုံးနှင့် ရွှေဟင်္သာအပါအဝင် သရက်သီးမျိုးစုံ စိုက်ပျိုးရာနယ်မြေတစ်ခုဖြစ်သည့် ကျောက်ဆည်မြို့နယ် ၊သံရွာကျေးရွာအနီးဝန်ကျင်း ကျေးရွာ ၁၃ ရွာခန့်မှ သရက်စိုက်တောင်သူများ၏ သရက်ခြံများမှ ရောင်းတန်းဝင် ခူးဆွတ်ရန်အိတ်စွတ်ထားသည့် သရက်သီးများအပါအဝင် အချို့သရက်သီးများစွာသည် လေပြင်းများတိုက်ခတ်၍ မိုးသီးကြွေကျခြင်းကြောင့် ကြွေကျပျက်စီးခဲ့မှု ဖြစ်ပေါ်ခဲ့သဖြင့် သရက်စိုက်တောင်သူများအတွက် များစွာ နစ်နာမှုများရှိခဲ့ကြောင့် ပေါင်လောင်ကြီးကျေးရွာနေ သရက်စိုက်တောင်သူ ကိုစန်းလင်းက ပြောသည်။

” လေက တော်တော်ကြမ်းတဲ့အတွက် သရက်စိုက်တောင်သူတွေရဲ့ သရက်ခြံတွေက သရက်သီးတွေလည်း အတော်ကြွေကုန်တယ် ၊ဒါအပြင် မိုးသီးပါကျတော့ အပင်မှာကျန်နေတဲ့သရက်တောင် ဈေးကောင်းမရနိုင်ဘူး ”ဟု ၎င်းက ပြောသည် ။

လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုကြောင့် ကျောက်ဆည်မြို့နယ်ရှိ သရက်ခြံများ ပျက်စီးဆုံးရှုံးခဲ့မှု ဖြစ်ပေါ်ခဲ့ရသည့် အပြင် မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ သရက်စိုက်တောင်သူများ၏ သရက်ခြံများလည်း ပျက်စီးဆုံးရှုံးခဲ့မှု ဖြစ်ပေါ်ခဲ့သဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည် ။


ဖိုးသူတော်(www.phothutaw.com)
Credit:ရတနာပုံ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top