ရွမ္းျပည္နယ္(ေတာင္ပိုင္း)ကေလာျမိဳ ့နယ္ ေအာင္ပန္းျမိဳ ့ေႏွာင္ရဲေက်းရြာေက်းရြာအုပ္စု အေနာက္ေျမာက္္ဘက္ ၁၅ မိုင္ အကြာတြင္ ဧျပီ ၅ ရက္ေန ့ ၁၀ နာရီခန္ ့အခ်ိန္ ေက်ာက္မီးေသြးတူးေဖၚေရးတာဝန္ခံမွ ေအာင္ပန္းနယ္ရဲစခန္းသုိ ့ လုပ္သား (၃) ဦး ေက်ာက္မီးေသြးတြင္းထဲတြင္ ေအာက္စီဂ်င္ျပတ္၍ ေသဆုံးေႀကာင္း ဖုန္းျဖင့္ ဆက္သြယ္လာသျဖင့္

ေအာင္ပန္းနယ္ေျမ စခန္းမႈး ရဲအုပ္စုိးဝင္းႏွင့္ ရဲတပ္ဖြဲ ့ဝင္မ်ား အသိသက္ေသ အုပ္ခ်ဳပ္ေရးမႈးတို ့ႏွင့္ အတူ သြားေရာက္ စစ္ေဆးခဲ ့ရာ ေက်ာက္မီးေသြးတြင္း အနက္ ေပ ၂၀ ခန္ ့ရွိ ဂလုိင္ ၁၅ ေပ ရွိ အတြင္းဝတြင္ လုပ္သား (၃ ) ဦးေသဆုံးေနသည္ကုိ ေတြ ့ျမင္ရသျဖင့္

၎ ေသဆုံးသူမ်ားမွာ ဦးဝင္းဦး ဘုရားျဖဴေက်းရြာ ေႏွာင္ရဲေက်းရြာအုပ္စု ဦးေအးေက်ာ္ ဘုရားျဖဴေက်းရြာေႏွာင္ရဲအုပ္စု က်င္ေဇာ္ ေပြးလွေရႊကုန္းေက်းရြာ ေနသူတို ့ျဖစ္ေႀကာင္းသိရွိရျပီး ေသဆုံးသူမ်ားမွာ ေအာက္စီဂ်င္ျပတ္၍ အသားျဖဴဖတ္ျဖဴေရာ္ မ်က္လုံးအိမ္က်ယ္ေသာလကၡဏာ မ်ားေတြ ့ ့ရွိရသျဖင့္

ေအာင္ပန္းျပည္သူ ့ေဆးရုံသုိ ့ေန ့လည္ ၁၂ နာရီအခ်ိန္ရဲေဆးစာႏွင့့္အတူပို ့ေဆာင္ထားရွိခဲ့ျပီး၎ေသဆုံးသူမ်ားမွာ ဓမၼတာ အတိုင္းေသဆုံးသည္ကုိ ဟုတ္မဟုတ္ ေအာင္ပန္းနယ္ေျမရဲစခန္းတြင္ အမႈ ဖြင္ ့စစ္ေဆးေဆာင္ရြက္ထားရွိေႀကာင္းသတင္းရ ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ် အောင်ပန်းမြို့နှောင်ရဲကျေးရွာကျေးရွာအုပ်စု အနောက်မြောက်ဘက် ၁၅ မိုင် အကွာတွင် ဧပြီ ၅ ရက်နေ့ ၁၀ နာရီခန့်အချိန် ကျောက်မီးသွေးတူးဖေါ်ရေးတာဝန်ခံမှ အောင်ပန်းနယ်ရဲစခန်းသို့ လုပ်သား (၃) ဦး ကျောက်မီးသွေးတွင်းထဲတွင် အောက်စီဂျင်ပြတ်၍ သေဆုံးကြောင်း ဖုန်းဖြင့် ဆက်သွယ်လာသဖြင့်

အောင်ပန်းနယ်မြေ စခန်းမှုး ရဲအုပ်စိုးဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ အသိသက်သေ အုပ်ချုပ်ရေးမှုးတို့နှင့် အတူ သွားရောက် စစ်ဆေးခဲ့ရာ ကျောက်မီးသွေးတွင်း အနက် ပေ ၂၀ ခန့်ရှိ ဂလိုင် ၁၅ ပေ ရှိ အတွင်းဝတွင် လုပ်သား (၃ ) ဦးသေဆုံးနေသည်ကို တွေ့မြင်ရသဖြင့်

၎င်း သေဆုံးသူများမှာ ဦးဝင်းဦး ဘုရားဖြူကျေးရွာ နှောင်ရဲကျေးရွာအုပ်စု ဦးအေးကျော် ဘုရားဖြူကျေးရွာနှောင်ရဲအုပ်စု ကျင်ဇော် ပွေးလှရွှေကုန်းကျေးရွာ နေသူတို့ဖြစ်ကြောင်းသိရှိရပြီး သေဆုံးသူများမှာ အောက်စီဂျင်ပြတ်၍ အသားဖြူဖတ်ဖြူရော် မျက်လုံးအိမ်ကျယ်သောလက္ခဏာ များတွေ့ရှိရသဖြင့်

အောင်ပန်းပြည်သူ့ဆေးရုံသို့နေ့လည် ၁၂ နာရီအချိန်ရဲဆေးစာနှင့်အတူပို့ဆောင်ထားရှိခဲ့ပြီး၎င်းသေဆုံးသူများမှာ ဓမ္မတာ အတိုင်းသေဆုံးသည်ကို ဟုတ်မဟုတ် အောင်ပန်းနယ်မြေရဲစခန်းတွင် အမှု ဖွင့်စစ်ဆေးဆောင်ရွက်ထားရှိကြောင်းသတင်းရ ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top