ထိုုင္းႏိုုင္ငံ ပတၱရားနဲ႔ ခြ်န္ဘူရီေဒသေတြမွာ မေန႔က(ဧျပီ ၂ရက္) မနက္ပိုုင္းက ႏွစ္နာရီဆက္ တိုက္ မိုးၾကီးခဲ့တာေၾကာင္ ့ လမ္းတိုင္းမွာေရၾကီးေရလွ်ံမႈျဖစ္ခဲ့ပါတယ္။ ဆူခြန္ဗစ္ကေန ပတၲရားအထိလမ္းေတြက ပိတ္ဆို႔မႈုုျဖစ္ခဲ့တယ္ လို ့သိရပါတယ္။ ေမာ္ေတာ္ကားေတြ သြားမရေအာင္ ေရကသံုးေပ၀န္း က်င္အထိလႊမ္းေနျပီး လမ္းေတြလည္းပိတ္သြားခဲ့ပါတယ္။

ကမၻာလွည့္ဧည္သည္ေတြရဲ ့ကားေတြပါသြားမရတာကိုု စြန္႔စားျပီးေမာင္းၾကမွကိုုစိုုးရိမ္တာေၾကာင့္ သက္ဆိုင္ရာက လမ္းေတြကို ယာယီပိတ္ခဲ့ပါတယ္။ ညေနပိုုင္းေလာက္မွာေတာ့ ေရေတြစတင္ျပီး ျပန္က်ခဲ့ပါတယ္။

ထိုင္းႏိုင္ငံ မိုးေလ၀သဌာနရဲ ့ထုတ္ျပန္ခ်က္အရ မတ္လ၃၁ရက္ကေနျပီး ဧျပီ ၃ရက္ေန့ အထိ အထက္ပိုင္းေဒသေတြမွာ ေႏြဦးမုန္တိုင္း က်ေရာက္ျပီး၊ မိုၾကိဳးအႏၲရာယ္နဲ ့ ေျမျပဳိမယ့္ အႏၲရာယ္ကို သတိထားၾက ဖို ့ၾကိဳတင္ေျပာဆိုုထားတဲ့အတိုင္း အထက္ပိုင္းေဒသေတြမွာ မိုးသည္းထန္မႈေတြျဖစ္ခဲ့တယ္လိုု႔ သိရပါတယ္။

မုန္တိုင္းဟာ ထိုင္းႏိုင္ငံ အေရွ့ေျမာက္ေဒသနဲ ့အေရွ့ဖ်ားေဒသေတြမွာ အစျပဳ့ခဲျပီး ေနာက္၂၄နာရီအထိ အလယ္ပိုင္းေဒသေတြနဲ ့အေနာက္ပိုင္း ေဒသေ တြမွာ ဆက္လက္ျပီး သည္းထန္စြာရြာသြန္းဦးမယ္လို ့ ေၾကညာထားပါတယ္။ ဒီအတြက္ ျပည္သူမ်ားအေနနဲ ့သစ္ပင္ၾကီးေတြေအာက္၊ ေၾကာ္ျငာဆိုင္း ဘုတ္ၾကီး ေတြေအာက္ နဲ ့ကြင္းျပင္က်ယ္ၾကီးေတြမွာ မေနၾကဖို ့ ညႊန္ၾကားထားသလို ေတာင္သူလယ္သမားေတြကလည္း မိမိတို ့ရဲ စိုက္ပ်ိဳးသီးႏွံေတြကို အမိုးအကာေအာက္ အေရာက္ပို ့ဖို ့သတိေပး ထား ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ထိုင်းနိုင်ငံ ပတ္တရားနဲ့ ချွန်ဘူရီဒေသတွေမှာ မနေ့က(ဧပြီ ၂ရက်) မနက်ပိုင်းက နှစ်နာရီဆက် တိုက် မိုးကြီးခဲ့တာကြောင့် လမ်းတိုင်းမှာရေကြီးရေလျှံမှုဖြစ်ခဲ့ပါတယ်။ ဆူခွန်ဗစ်ကနေ ပတ္တရားအထိလမ်းတွေက ပိတ်ဆို့မှုုဖြစ်ခဲ့တယ် လို့သိရပါတယ်။ မော်တော်ကားတွေ သွားမရအောင် ရေကသုံးပေဝန်း ကျင်အထိလွှမ်းနေပြီး လမ်းတွေလည်းပိတ်သွားခဲ့ပါတယ်။

ကမ္ဘာလှည့်ဧည်သည်တွေရဲ့ကားတွေပါသွားမရတာကို စွန့်စားပြီးမောင်းကြမှကိုစိုးရိမ်တာကြောင့် သက်ဆိုင်ရာက လမ်းတွေကို ယာယီပိတ်ခဲ့ပါတယ်။ ညနေပိုင်းလောက်မှာတော့ ရေတွေစတင်ပြီး ပြန်ကျခဲ့ပါတယ်။

ထိုင်းနိုင်ငံ မိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရ မတ်လ၃၁ရက်ကနေပြီး ဧပြီ ၃ရက်နေ့ အထိ အထက်ပိုင်းဒေသတွေမှာ နွေဦးမုန်တိုင်း ကျရောက်ပြီး၊ မိုကြိုးအန္တရာယ်နဲ့ မြေပြိုမယ့် အန္တရာယ်ကို သတိထားကြ ဖို့ကြိုတင်ပြောဆိုထားတဲ့အတိုင်း အထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်မှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မုန်တိုင်းဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ဒေသနဲ့အရှေ့ဖျားဒေသတွေမှာ အစပြု့ခဲပြီး နောက်၂၄နာရီအထိ အလယ်ပိုင်းဒေသတွေနဲ့အနောက်ပိုင်း ဒေသေ တွမှာ ဆက်လက်ပြီး သည်းထန်စွာရွာသွန်းဦးမယ်လို့ ကြေညာထားပါတယ်။ ဒီအတွက် ပြည်သူများအနေနဲ့သစ်ပင်ကြီးတွေအောက်၊ ကြော်ငြာဆိုင်း ဘုတ်ကြီး တွေအောက် နဲ့ကွင်းပြင်ကျယ်ကြီးတွေမှာ မနေကြဖို့ ညွှန်ကြားထားသလို တောင်သူလယ်သမားတွေကလည်း မိမိတို့ရဲ စိုက်ပျိုးသီးနှံတွေကို အမိုးအကာအောက် အရောက်ပို့ဖို့သတိပေး ထား ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top