



#Unicode Version#
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၅ လမ်း ၅၈- ၅၉ လမ်းကြားရှိ Hotel Apex တွင် နိုင်ငံခြားသားတဦး ရေချိုးခန်းအတွင်း သေးဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟိုတယ်၏ တာဝန်ရှိသူများက သတင်းပေးချက်အရ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်မှူးအဖွဲ့တို့က အခင်းဖြစ်ရာသို့သွားရောက်စစ်ဆေးခဲ့ရာ

သေဆုံးသူမှာ အက်စတိုးနီးယားနိုင်ငံသား Mr Tal Vistu Fero အသက် (၄၃)နှစ် ဖြစ်သူဖြစ်ကြောင်း၊ သေဆုံးသူမှာ ခါးပတ်ဖြင့်လည်ပင်းကိုပတ်ကာ ခါးပတ်၏ အခြားတစအား အခန်းရှိ ရေချိုးခန်းတံခါးဖြင့် ညှပ်ပိတ်ပြီး ကြိုးဆွဲချသေဆုံးနေကြောင်း၊

ပြင်ပဒဏ်ရာ တစုံတရာ မတွေ့ရဘဲ သေဆုံးနေသည်ကိုတွေ့ရကြောင်း၊ အလောင်းအား ရင်ခွဲစစ်ဆေးနိုင်ရန်အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဆက်လက်၍ Mr Tal Vistu Fero သေဆုံးမှုအား သက်ဆိုင်ရာ သံရုံးသို့ အကြောင်းကြားခြင်း၊ အခင်းဖြစ်ပွားရာနေရာကို မှတ်တမ်းဓာက်ပုံများရိုက်ကူးထားရှိကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:စိုင်းထူးခန့် News Watch
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top