စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း ဧၿပီလ ၁၈ ရက္ေန႔ ညေနပိုင္းက စတင္တိုက္ခတ္ခဲ့သည့္ ေလျပင္းေၾကာင့္ ေနအိမ္ ၄၀၀ ေက်ာ္ ပ်က္ဆီးခဲ့ေၾကာင္း တိုင္းေဒသႀကီး လူမႈေရး႐ုံး၏ စာရင္းမ်ားအရသိရသည္။

ေလျပင္းတိုက္ခတ္မႈေၾကာင့္ ယင္းမာပင္ခ႐ိုင္ ဆားလင္းႀကီးၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ား၊ မုံ႐ြာခ႐ိုင္ အရာေတာ္ၿမိဳ႕နယ္ရွိ ေက်း႐ြာမ်ားႏွင့္ ေ႐ႊဘိုခ႐ိုင္ ဝက္လက္ၿမိဳ႕တြင္ လူေနအိမ္ပ်က္ဆီးျခင္းမ်ား၊ သာသနိက အေဆာက္အဦမ်ား၊ ေက်းလက္ေဆးေပးခန္းမ်ား၊ ဓာတ္မီးတိုင္မ်ား၊ သစ္ပင္မ်ား ၿပိဳလဲပ်က္ဆီးခဲ့ေၾကာင္း သိရသည္။

"ဆာလင္းႀကီး ၿမိဳ႕နယ္ထဲက အိမ္ေျခ ၂၁၇ လုံး၊ အရာေတာ္ဘက္က ၂၀၀၊ ဝက္လက္က ၆၈ အိမ္၊ မုံ႐ြာက အိမ္ ၄ လုံးပ်က္ဆီးၿပီး အားလုံးေပါင္း ၄၀၀ ေက်ာ္ေလာက္ရွိတယ္။ အခု ကြၽန္ေတာ္တို႔ ေလျပင္းဒဏ္ခံခဲ့ရတဲ့ ေက်း႐ြာ ေတြကိုဆင္းၿပီး ေထာက္ပံ့ေရး ပစၥည္းေတြ လိုက္ေပးေနတာ ဒီေန႔က ဆာလင္းႀကီး၊ မနက္ျဖန္ အရာေတာ္ ဘက္ကိုသြားမွာ"ဟု တိုင္းေဒသႀကီး လူမႈဖူလုံေရး ၫႊန္ၾကားေရးမႉး ဦးစဝစ္ဝီလီလ်ံဖရန႔္ မွ မဇၩိမသို႔ ေျပာသည္။

အဆိုပါ ေလျပင္းတိုက္ခတ္ခဲ့သည့္ ေနရာမ်ားသို႔ ဧၿပီလ ၁၉ ရက္ မနက္ပိုင္း၌တိုင္းေဒသႀကီး လူမႈေရးဝန္ႀကီး၊ နယ္လုံဝန္ႀကီးႏွင့္ တိုင္းမီးသတ္ဦးစီးမႉး၊ တိုင္းလူမႈဖူလုံေရး ၫႊန္ၾကားေရးမႉးတို႔ သြားေရာက္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ မီးသတ္တပ္ဖြဲ႕ဝင္ေတြက သဘာဝေဘးအႏၲရာယ္ျဖစ္တဲ့အခ်ိန္မွာ သတင္းရရခ်င္း ရွာေဖြ ကယ္ဆယ္ေရး လုပ္ငန္းေတြကို လုပ္ေဆာင္ခဲ့ပါတယ္။ ကိုယ္တိုင္လဲ ဒီေန႔မနက္ကိုသြားေရာက္ၿပီး လိုအပ္တဲ့ ေပါင္းစပ္ညႇိႏႈိင္းၿပီး လုပ္ေဆာင္ရမယ့္ လုပ္ငန္းေတြကို ၫႊန္ၾကားခဲ့ပါတယ္" ဟု တိုင္းေဒသႀကီး မီးသတ္ဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးမင္းစန္းေအးမွ မဇၩိမသို႔ ေျပာသည္။

အဆိုပါ ေလျပင္းတိုက္ခတ္မႈေၾကာင့္ လမ္းပိတ္မႈမ်ား၊ ေနအိပ္ၿပိဳလဲမႈမ်ားျဖစ္ေပၚခဲ့ၿပီး မီးသတ္တပ္ဖြဲ႕မ်ား၊ တပ္မေတာ္သားမ်ား၊ ေဒသအရပ္ဘက္အဖြဲ႕အစည္းမ်ားမွ ရွင္းလင္းေဆာင္႐ြက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းက စတင်တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် နေအိမ် ၄၀၀ ကျော် ပျက်ဆီးခဲ့ကြောင်း တိုင်းဒေသကြီး လူမှုရေးရုံး၏ စာရင်းများအရသိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မုံရွာခရိုင် အရာတော်မြို့နယ်ရှိ ကျေးရွာများနှင့် ရွှေဘိုခရိုင် ဝက်လက်မြို့တွင် လူနေအိမ်ပျက်ဆီးခြင်းများ၊ သာသနိက အဆောက်အဦများ၊ ကျေးလက်ဆေးပေးခန်းများ၊ ဓာတ်မီးတိုင်များ၊ သစ်ပင်များ ပြိုလဲပျက်ဆီးခဲ့ကြောင်း သိရသည်။

"ဆာလင်းကြီး မြို့နယ်ထဲက အိမ်ခြေ ၂၁၇ လုံး၊ အရာတော်ဘက်က ၂၀၀၊ ဝက်လက်က ၆၈ အိမ်၊ မုံရွာက အိမ် ၄ လုံးပျက်ဆီးပြီး အားလုံးပေါင်း ၄၀၀ ကျော်လောက်ရှိတယ်။ အခု ကျွန်တော်တို့ လေပြင်းဒဏ်ခံခဲ့ရတဲ့ ကျေးရွာ တွေကိုဆင်းပြီး ထောက်ပံ့ရေး ပစ္စည်းတွေ လိုက်ပေးနေတာ ဒီနေ့က ဆာလင်းကြီး၊ မနက်ဖြန် အရာတော် ဘက်ကိုသွားမှာ"ဟု တိုင်းဒေသကြီး လူမှုဖူလုံရေး ညွှန်ကြားရေးမှူး ဦးစဝစ်ဝီလီလျံဖရန့် မှ မဇ္ဈိမသို့ ပြောသည်။

အဆိုပါ လေပြင်းတိုက်ခတ်ခဲ့သည့် နေရာများသို့ ဧပြီလ ၁၉ ရက် မနက်ပိုင်း၌တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ နယ်လုံဝန်ကြီးနှင့် တိုင်းမီးသတ်ဦးစီးမှူး၊ တိုင်းလူမှုဖူလုံရေး ညွှန်ကြားရေးမှူးတို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေက သဘာဝဘေးအန္တရာယ်ဖြစ်တဲ့အချိန်မှာ သတင်းရရချင်း ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ကိုယ်တိုင်လဲ ဒီနေ့မနက်ကိုသွားရောက်ပြီး လိုအပ်တဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို ညွှန်ကြားခဲ့ပါတယ်" ဟု တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစန်းအေးမှ မဇ္ဈိမသို့ ပြောသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လမ်းပိတ်မှုများ၊ နေအိပ်ပြိုလဲမှုများဖြစ်ပေါ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့များ၊ တပ်မတော်သားများ၊ ဒေသအရပ်ဘက်အဖွဲ့အစည်းများမှ ရှင်းလင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top