“ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပန္ၿမိဳ႕၊ မန္ေကာင္းရပ္ကြက္တြင္ ဧၿပီလ ၁ ရက္ေန႔က မိခင္ရင္းျဖစ္သူကို သားျဖစ္သူက ဓားျဖင့္ခုတ္ကာ သတ္ျဖတ္ခဲ့မႈ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ယင္းေန႔ နံနက္က မိခင္ျဖစ္သူ ေဒၚေအာင္ျမသည္ ေရခ်ိဳးခန္းအတြင္း မ်က္ႏွာသစ္ေနစဥ္ သားျဖစ္သူ အိုက္စိုင္း ၂၃ ႏွစ္သည္ ေရာက္ရွိလာၿပီး ဓားျဖင့္ ခုတ္သတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အဆိုပါ ျဖစ္ရပ္တြင္ ဝင္ေရာက္တားဆီးခဲ့သည့္ ၎၏ညီမျဖစ္သူမွာလည္း ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

က်ဴးလြန္သူသည္ မူးယစ္ေဆးဝါး သံုးစြဲတတ္သူတစ္ဦးျဖစ္သည္ဟု အိမ္နီးခ်င္းမ်ား၏ အဆိုအရ သိရွိရသျဖင့္ မူးယစ္ေဆးဝါး သံုးစြဲထားျခင္း ရွိ၊ မရွိ ေဆးစစ္ထားေၾကာင္း၊ မူးယစ္ေဆးဝါး သံုးစြဲေၾကာင္း ေပၚေပါက္ပါက လူသတ္မႈအျပင္ မူးယစ္ေဆးဝါးမႈႏွင့္ပါအမႈ ဖြင့္လွစ္ရန္ရွိေၾကာင္း ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ လူသတ္မႈက်ဴးလြန္သူ အိုက္စိုင္းကို ဖမ္းဆီးကာ ဟိုပန္ၿမိဳ႕မရဲစခန္းတြင္ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ / ၃၂၆ ျဖင့္ အမႈဖြင့္ အေရးယူ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoicemyanmar

#Unicode Version#
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပန်မြို့၊ မန်ကောင်းရပ်ကွက်တွင် ဧပြီလ ၁ ရက်နေ့က မိခင်ရင်းဖြစ်သူကို သားဖြစ်သူက ဓားဖြင့်ခုတ်ကာ သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေ့ နံနက်က မိခင်ဖြစ်သူ ဒေါ်အောင်မြသည် ရေချိုးခန်းအတွင်း မျက်နှာသစ်နေစဉ် သားဖြစ်သူ အိုက်စိုင်း ၂၃ နှစ်သည် ရောက်ရှိလာပြီး ဓားဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဖြစ်ရပ်တွင် ဝင်ရောက်တားဆီးခဲ့သည့် ၎င်း၏ညီမဖြစ်သူမှာလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကျူးလွန်သူသည် မူးယစ်ဆေးဝါး သုံးစွဲတတ်သူတစ်ဦးဖြစ်သည်ဟု အိမ်နီးချင်းများ၏ အဆိုအရ သိရှိရသဖြင့် မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိ ဆေးစစ်ထားကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲကြောင်း ပေါ်ပေါက်ပါက လူသတ်မှုအပြင် မူးယစ်ဆေးဝါးမှုနှင့်ပါအမှု ဖွင့်လှစ်ရန်ရှိကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှုကျူးလွန်သူ အိုက်စိုင်းကို ဖမ်းဆီးကာ ဟိုပန်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ / ၃၂၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top