စစ္ကိုင္းေဒသႀကီး၊ ကသာခ႐ိုင္၊ ဝန္းသိုၿမိဳ႕နယ္၊ ေျမာက္ကုန္းေက်း႐ြာတြင္ စက်င္ေက်ာက္ျဖင့္ ျပဳလုပ္ထား သည့္ ဗုဒၶ႐ုပ္ပြားေတာ္ ၃ ဆူအား ခိုးယူခဲ့သူကို ဖမ္းဆီးထားၿပီးျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ သိရသည္။

ရဲတပ္ဖြဲ႕မွ ဖမ္းဆီးထားသူမွာ ေကာလင္းၿမိဳ႕နယ္၊ ေတာင္ၾကားေက်း႐ြာတြင္ေနထိုင္သည့္ အသက္ ၄ဝ အ႐ြယ္ ေစာလြင္ဆိုသူျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ ဧၿပီလ ၁၇ ရက္ေန႔၊ မြန္းလြဲပိုင္းတြင္ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ဧၿပီလ ၁၃ ရက္၊ ညေန႔ ၅ နာရီအခ်ိန္ခန႔္တြင္ ေျမာက္ကုန္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ၎တို႔ေက်း႐ြာ ဘုန္းႀကီးေက်ာင္းဝင္းအတြင္းရွိ ဘုရားေစတီအား သြားေရာက္ဖူးေျမာ္စဥ္ စက်င္ေက်ာက္ျဖင့္ ျပဳလုပ္ထားသည့္ ဉာဏ္ေတာ္အျမင့္ ၁ ေပခြဲခန႔္ရွိ ဗုဒၶ႐ုပ္ပြားေတာ္ ၃ ဆူ၊ (ကာလတန္ဖိုး ၃ သိန္းက်ပ္ခန႔္ရွိ) ေပ်ာက္ဆုံး ေနသည္ ကို ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေက်း႐ြာသူ/ သားမ်ားႏွင့္ ရဲတပ္ဖြဲ႕မွ ဝိုင္းဝန္းရွာေဖြခဲ့ရာ ေခ်ာင္းဖ်ားေက်း႐ြာအနီးေတာထဲ၌ ေစာလြင္ဆိုသူကို ေပ်ာက္ဆုံးေနသည့္ ဗုဒၶ႐ုပ္ပြားေတာ္မ်ားႏွင့္အတူ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ျပည္ထဲေရးထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပပါရွိသည္။

လက္ရွိတြင္ ဗုဒၶ႐ုပ္ပြားေတာ္မ်ားႏွင့္အတူေတြ႕ရွိခဲ့သည့္ အသက္ ၄ဝ အ႐ြယ္ ေစာလြင္ဆိုသူကို ဖမ္းဆီးထားၿပီး ဝန္းသိုၿမိဳ႕မ ရဲစခန္းတြင္ (ပ)၆၃/ ၂ဝ၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၈ဝ/၂၉၅(ခိုးမႈ၊ ဘာသာသာသနာၿငိဳးႏြမ္းေစမႈ) ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


စစ်ကိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ မြောက်ကုန်းကျေးရွာတွင် စကျင်ကျောက်ဖြင့် ပြုလုပ်ထား သည့် ဗုဒ္ဓရုပ်ပွားတော် ၃ ဆူအား ခိုးယူခဲ့သူကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသူမှာ ကောလင်းမြို့နယ်၊ တောင်ကြားကျေးရွာတွင်နေထိုင်သည့် အသက် ၄ဝ အရွယ် စောလွင်ဆိုသူဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဧပြီလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၃ ရက်၊ ညနေ့ ၅ နာရီအချိန်ခန့်တွင် မြောက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးက ၎င်းတို့ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဘုရားစေတီအား သွားရောက်ဖူးမြော်စဉ် စကျင်ကျောက်ဖြင့် ပြုလုပ်ထားသည့် ဉာဏ်တော်အမြင့် ၁ ပေခွဲခန့်ရှိ ဗုဒ္ဓရုပ်ပွားတော် ၃ ဆူ၊ (ကာလတန်ဖိုး ၃ သိန်းကျပ်ခန့်ရှိ) ပျောက်ဆုံး နေသည် ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကျေးရွာသူ/ သားများနှင့် ရဲတပ်ဖွဲ့မှ ဝိုင်းဝန်းရှာဖွေခဲ့ရာ ချောင်းဖျားကျေးရွာအနီးတောထဲ၌ စောလွင်ဆိုသူကို ပျောက်ဆုံးနေသည့် ဗုဒ္ဓရုပ်ပွားတော်များနှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။

လက်ရှိတွင် ဗုဒ္ဓရုပ်ပွားတော်များနှင့်အတူတွေ့ရှိခဲ့သည့် အသက် ၄ဝ အရွယ် စောလွင်ဆိုသူကို ဖမ်းဆီးထားပြီး ဝန်းသိုမြို့မ ရဲစခန်းတွင် (ပ)၆၃/ ၂ဝ၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈ဝ/၂၉၅(ခိုးမှု၊ ဘာသာသာသနာငြိုးနွမ်းစေမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top