iMyanmarHouse.com - Best Property Website for Myanmar
×


ဆီးရီးယားႏုိင္ငံ ရကၠာၿမိဳ႕မွာ ဧၿပီ ၉ ရက္ေန႔က ဗုံးခြဲတုိက္ခုိ္က္တာေၾကာင့္ လူ ၈ ဦး ေသဆုံးခဲ့တယ္လုိ႔ ႏိုင္ငံေျမာက္ပိုင္းက လုံၿခံဳေရးသတင္းရင္းျမစ္တဦးက ေျပာပါတယ္။

အရပ္သား ၄ ဦးနဲ႔ အေမရိကန္ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ဆီးရီးယား ဒီမုိကရက္တစ္တပ္ဦး (SDF) အဖြဲ႔ဝင္ ၄ ဦးတို႔ ေသဆုံးခဲ့တာပါ။

ဒါ့အျပင္ အဲဒီေပါက္ကြဲမႈေၾကာင့္ အာဆာယတ္ရွ္ (Asayish) လို႔ လူသိမ်ားတဲ့ ကာ့ဒ္လူမ်ိဳးေတြ ဦးေဆာင္တဲ့ ျပည္တြင္းလုံၿခံဳေရးတပ္ဖြဲ႔က အဖြဲ႔ဝင္ ၃ ဦးလည္း ဒဏ္ရာရခဲ့ပါတယ္။

ပထမအႀကိမ္ ေပါက္ကြဲလုိ႔ အဲဒီေနရာကုိ SDF အဖြဲ႔ဝင္ေတြ ေရာက္လာခ်ိန္မွာ ဒုတိယအႀကိမ္ ေပါက္ကြဲခဲ့တယ္လုိ႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။

ရကၠာၿမိဳ႕က လူစည္ကားေနတဲ့ လမ္းမေပၚမွာ ေပါက္ကြဲမႈျဖစ္တဲ့ ႐ုပ္သံဖုိင္ကုိ CCTV သတင္းဌာနက ထုတ္လႊင့္ခဲ့ပါတယ္။

တူရကီႏုိင္ငံ နယ္စပ္နားနဲ႔ ယူဖေရးတီး ျမစ္ေအာက္ဘက္ပုိင္းက ဆီးရီးယား အေရွ႕ေျမာက္ဘက္တခြင္ကုိ SDF အဖြဲ႔က ထိန္းခ်ဳပ္ထားၿပီး အဲဒီေဒသေတြမွာ တုိက္ပြဲေတြ တျဖည္းျဖည္း အရွိန္ျမင့္လာပါတယ္။

အုိင္အက္စ္ စစ္ေသြးႂကြအဖြဲ႔ဟာ ၿပီးခဲ့တဲ့လက သူတုိ႔ ေနာက္ဆုံးေျခကုပ္ယူထားတဲ့ ဆီးရီးယားေဒသမွာ အေရးနိမ့္ခဲ့တာေၾကာင့္ ပုန္ကန္တိုက္ခုိက္တာေတြ တုိးလာႏုိင္တယ္လုိ႔ SDF  အဖြဲ႔က သတိေပးခဲ့ပါတယ္။

SDF အဖြဲ႔က အုိင္အက္စ္ေတြ ထိန္းခ်ဳပ္ထားတဲ့ ရကၠာၿမိဳ႕ကုိ ၂၀၁၇ ေအာက္တုိဘာလမွာ  ျပန္သိမ္းယူခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

ဆီးရီးယားနိုင်ငံ ရက္ကာမြို့မှာ ဧပြီ ၉ ရက်နေ့က ဗုံးခွဲတိုက်ခိုက်တာကြောင့် လူ ၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံမြောက်ပိုင်းက လုံခြုံရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အရပ်သား ၄ ဦးနဲ့ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဦး (SDF) အဖွဲ့ဝင် ၄ ဦးတို့ သေဆုံးခဲ့တာပါ။

ဒါ့အပြင် အဲဒီပေါက်ကွဲမှုကြောင့် အာဆာယတ်ရှ် (Asayish) လို့ လူသိများတဲ့ ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့က အဖွဲ့ဝင် ၃ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

ပထမအကြိမ် ပေါက်ကွဲလို့ အဲဒီနေရာကို SDF အဖွဲ့ဝင်တွေ ရောက်လာချိန်မှာ ဒုတိယအကြိမ် ပေါက်ကွဲခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ရက္ကာမြို့က လူစည်ကားနေတဲ့ လမ်းမပေါ်မှာ ပေါက်ကွဲမှုဖြစ်တဲ့ ရုပ်သံဖိုင်ကို CCTV သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။

တူရကီနိုင်ငံ နယ်စပ်နားနဲ့ ယူဖရေးတီး မြစ်အောက်ဘက်ပိုင်းက ဆီးရီးယား အရှေ့မြောက်ဘက်တခွင်ကို SDF အဖွဲ့က ထိန်းချုပ်ထားပြီး အဲဒီဒေသတွေမှာ တိုက်ပွဲတွေ တဖြည်းဖြည်း အရှိန်မြင့်လာပါတယ်။

အိုင်အက်စ် စစ်သွေးကြွအဖွဲ့ဟာ ပြီးခဲ့တဲ့လက သူတို့ နောက်ဆုံးခြေကုပ်ယူထားတဲ့ ဆီးရီးယားဒေသမှာ အရေးနိမ့်ခဲ့တာကြောင့် ပုန်ကန်တိုက်ခိုက်တာတွေ တိုးလာနိုင်တယ်လို့ SDF  အဖွဲ့က သတိပေးခဲ့ပါတယ်။

SDF အဖွဲ့က အိုင်အက်စ်တွေ ထိန်းချုပ်ထားတဲ့ ရက္ကာမြို့ကို ၂၀၁၇ အောက်တိုဘာလမှာ  ပြန်သိမ်းယူခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top