
(29-3-2019)ရက်​​နေ့ည(93း0)နာရီအချိန့်​ခန့်​ပုသိမ်​ခရိုင်​သာ​ပေါင်းမြို့နယ်​ သစ်​ဖြူ​ကျေးရွာအုပ်​စု သ​ပြေကုန်း​ကျေးရွာတွင်​ အမျိုးသမီးတဦးဓားဒဏ်​ရာဖြင့်​​သေဆုံး​နေ​ကြောင်းသစ်​ဖြူ​ကျေးရွာအုပ်​စု အုပ်​ချုပ်​​ရေးမှူးဦးမြင့်​စိုးမှသာ​ပေါင်းမြို့မရဲစခန်းသို့သတင်း​ပေးပို့၍ မြို့မရဲစခန်းမှူးဒုရဲမှူးမြင့်​လွင်​နှင့်​အဖွဲ့သွား​ရောက်​ကြည့်​ရှု​ကြောင်းသတင်းရရှိသည်​။














အခင်းဖြစ်​စဉ်​က အသုံးပြုသည့်​ဓားကို​မေးမြန်းရာ ၎င်း​နေထိုင်​​သောအိမ်​တွင်​ သိမ်းထား​ကြောင်း​ပြောသဖြင့်​ ၎င်း​နေအိမ်​တွင်​ လိုက်​လံပြသ၍ ဓားအားအပ်​နှံသ့ဖြင့်​ သက်​​သေများ​ရှေ့တွင်​ ရှာ​ဖွေပုံစံဖြင့်​ သိမ်းဆည်းခဲ့ပြီးခိုင်​​ဇော်​ထွန်း(31/2019)နှစ်​(ဘ)ဦးဝင်း​မောင်​ သပြုကုန်း ​နေသူကို ဖမ်းဆီးပြီး

သေဆုံးသူ ​ဒေါ်မြင့်​မြင့်​ခိုင်​ အ​လောင်းအား သာ​ပေါင်း​ဆေးရုံသို့(30-3-2019)ရက်​ည​နေ(53း0)အချိန်​ခန့်​တွင်​ ရဲ​ဆေးစာဖြင့်​ပို့​ဆောင်​ခဲ့ပြီး ဖမ်းဆီးခံရသူ ခိုင်​​ဇော်​ထွန်း အားချုပ်​ရီမန်​ယူကာ အ​သေးစိတ်​စစ်​​ဆေးရန်​ နှင့်​ သက်​​သေခံပစ္စည်းများကို သိမ်းဆည်းထား​ကြောင်းသိရှိရသည်​။

ဖြစ်​ပွားပုံမှာ

(29-3-2019)ရက်​​နေ့ မနက်​(83း0)နာရီအချိန်​ခန့်​ သပြုသစ်​ထုတ်​လုပ်​​ရေးမှ သ​ပြေကုန်းရွာရှိ စိုက်​ခင်းများအား ကြည့်​ရှုရန်​သွား​ရောက်​ခဲ့ရာ သ​ပြေကုန်းရွာရှိ ​ဒေါ်မြင့်​မြင့်​ခိုင်​တို့ ​နေအိမ်​အနီးအ​ရောက်​တွင်​ သရက်​ပင်​​အောက်​တွင်​ သရက်​သီးများ​ကောက်​​နေချိန်​တွင်







#Unicode Version#
“အေးဆေးဘဲ”စာတမ်းပါလျှာထိုးဦးထုပ်ဆောင်းထားသူကို ရဲတပ်ဖွဲ့မှရှာပုံတော်

(29-3-2019)ရက်နေ့ည(9း30)နာရီအချိန့်ခန့်ပုသိမ်ခရိုင်သာပေါင်းမြို့နယ် သစ်ဖြူကျေးရွာအုပ်စု သပြေကုန်းကျေးရွာတွင် အမျိုးသမီးတဦးဓားဒဏ်ရာဖြင့်သေဆုံးနေကြောင်းသစ်ဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမြင့်စိုးမှသာပေါင်းမြို့မရဲစခန်းသို့သတင်းပေးပို့၍ မြို့မရဲစခန်းမှူးဒုရဲမှူးမြင့်လွင်နှင့်အဖွဲ့သွားရောက်ကြည့်ရှုကြောင်းသတင်းရရှိသည်။

တွေ့ရှိသူကိုမေးမြန်ချက် နှင့် သေဆုံးသူနေအိမ်အားစစ်ဆေးချက်

သာပေါင်းမြို့နယ်မြို့မရဲစခန်းမှသတင်းရလျှင်ရခြင်း စခန်းမှူးဒုရဲမှူးမြင့်လွင်မှ နယ်ထိမ်းခေါင်းဆောင်ဒုရဲအုပ်သိန်းဝင်း ပါ နယ်ထိမ်းအဖွဲ့များခေါ်ဆောင်လျက်အခင်းဖြစ်အရပ်သို့ ချက်ခြင်းသွားရောက်ပြီး ပထမဦးစွာသေဆုံးသူ၏ လင်ယောက်ကျားဖြစ်သူဦးကျော်အေးမှ

(22-3-2019)ရက်နေ့မနက်(8)နာရီအချိန်ခန့်သစ်ဖြူရွာအနီး(ဒေသအခေါ် တံတောင်ကျိုး)တောထဲတွင် ကြိမ်ခုတ်ရန်သွားရောက်ခဲ့ပြီး(29-3-2019)ရက်နေ့ည(9)နာရီအချိန်ခန့်တွင်နေအိမ်သို့ပြန်လာရာ

နေအိမ်ရှေ့အဝင်ဝရှိ ရေကပြင်တွင် တဦးထဲကျန်သည့် ဇနီးဖြစ်သူ မမြင့်မြင့်အေးမှာ ခန္ဓာကိုယ်အောက်ပိုင်းတွင် အဝတ်ဗလာဖြင့် လည်ပင်းတွင်ပြတ်ရှဒဏ်ရာမျာူရရှိကာသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့်

အနီးအနားတွင်နေထိုင်ကြသော လယ်ပိုင်ရှင် ဦးကြာလ နှင့် ဦးအေးသန်းတို့ကိုသွားရောက်အကြောင်းကြားပြီး ဦးကြာလမှ အုပ်ချုပ်ရေးမှူထံဖုန်းဖြင့်ထပ်မံအကြောင်းခဲ့သည်ကိုသိရှိရပြီး

သေဆုံးသူ ဒေါ်မြင့်မြင့်ခိုင်တိုာအိပ်သည့် နေအိမ် အိပ်ခန်းခေါင်းရင်း အိပ်ယာဘေးတွင် “အေးဆေးဘဲ”စာတမ်းပါအနက်ရောင် လျှာထိုး ဦးထုပ်(၁)လုံးကိုတွေ့ရှိရသဖြင့် နေအိမ်ပတ်ဝန်းကျင်အား သက်သေများနှင့်အတူ ထပ်မံစစ်ဆေးရာ

နေအိမ်အရှေ့ဘက် တစ်ဖာလုံခန့်အကွာ လမ်းဝဲဘက်ခြုံပုတ်ပေါ်တွင် စစ်စိမ်းရောင် ဘောင်ဘီရှည်(၁)ထည် နှင့် အရှေ့ဘက်တွင် “Kyaik Hti Yoe”စာတမ်းနှင့်ကျောဘက်တွင် ကျိုက်ထီးရိုး အမှတ်တရ စာတမ်းပါ ခေါင်းစွပ်ဖြင့်(T-SHIRT)အနက်ရောင်အင်္ကျ ီ(၁)ထည်တို့အားတွေ့ရှိရသဖြင့် ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ပြီး

သတ်သူကို လိုက်လံစုံစမ်း

သစ်ဖြူအုပ်စုတွင်နေထိုင်သည့် ပြည်သူ့စစ်ခေါင်းဆောင် ဦးသန်းဝင်း(47/2019)နှစ်အား သိမ်းဆည်းရမိသည့် အဝတ်အစားများနှင့်ဦးထုပ်တို့အား လူပုံသဏ္ဍာန်ပြုလုပ်ပြီး ဝတ်ဆင်ခဲ့သည့် သူများအားမင်တွေ့မိသလားဟု မေးမြန်းရာ

ဦးသန်းဝင်းမှ ၎င်းအဝတ်အစားများအား သပြုဆင်ဝိုင်းတွင် ဆင်ဦးစီးလုပ်ကိုင်သူ (အမည်မသိ)မှဝတ်ဆင်တတ်ကြောင်းပြောပြသဖြင့် သပြုဆင်ဝိုင်းသို့ ထပ်မံသွားရောက် စုံစမ်းရာ သပြုဆင်ဝိုင်းတွင် ဆင်ဦးစီးအဖြစ် လုပ်ကိုင်နေသူ သက်ပိုင်ထွေး (16/2019)နှစ်(ဘ)ဦးမြင့်ဝင်း လှေလှော် ရွာနေသူအား သိမ်းဆည်းရမိသောအဝတ်အစားများအားထပ်မံ လူပုံသဏ္ဍာန်ပြုလုပ်ပြသ၍ သပြုဆင်ဝိုင်းတွင် မည်သူ ဝတ်ဆင်တတ်သလဲဟုမေမြန်းရာ

(29-3-2019)ရက်နေ့တွင် ၎င်းတို့ဆင်ဝိုင်း ဆင်ဦးစီးအဖြစ်လုပ်ကိုင်သူတဦးဖြစ်သည့် ခိုင်ဇော်ထွန်းမှာ ၎င်းနှင့်အတူ အလုပ် လုပ်နေချိန်တွင် ဝတ်ဆင်ထားသည်ဟု တွေ့မြင်မိကြောင်း ယခင်ကလဲ ခိုင်ဇော်ထွန်းသည် လူသတ်မှုဖြင့် ထောင်ကျဖူးသူဖြစ်ကြောင်း သိရသဖြင့်

ခိုင်ဇော်ထွန်းအား ခေါ်ဆောင်၍ သက်သေများရှေ့တွင်မေးမြန်းရာခိုင်ဇော်ထွန်း၏ ယာနံဘေး နှင့် လည်ပင်တွင် လက်သည်းဖြင့်ကုတ်ခြစ်ထားသည်ဟု ယူဆရသော ပွန်းခြစ်ဒဏ်ရာ နင့် ယာဒူးပွန်းစုပ်ဒဏ်ရာတို့ ရရှိထားသည်ကိုတွေ့မြင်ရပြီး

၎င်းမှ ဒေါ်မြင့်မြင့်ခိုင်အားအရိုးအသွား(12)လက်မခန့်ရှိသော သစ်သားရိုးတပ် ဓားဦးချွန်ဖြင့် လည်ပင်းအား လီးဖြတ်၍ သတ်ခဲ့ကာ အဝတ်အစားများမှာ သွေးများပေကျန်သွားသဖြင့်လမ်းဘေးတွင်ချွတ်ပြီးလွှင့်ပစ်ခဲ့ကြောင်း

အခင်းဖြစ်စဉ်က အသုံးပြုသည့်ဓားကိုမေးမြန်းရာ ၎င်းနေထိုင်သောအိမ်တွင် သိမ်းထားကြောင်းပြောသဖြင့် ၎င်းနေအိမ်တွင် လိုက်လံပြသ၍ ဓားအားအပ်နံှသ့ဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီးခိုင်ဇော်ထွန်း(31/2019)နှစ်(ဘ)ဦးဝင်းမောင် သပြုကုန်း နေသူကို ဖမ်းဆီးပြီး

သေဆုံးသူ ဒေါ်မြင့်မြင့်ခိုင် အလောင်းအား သာပေါင်းဆေးရုံသို့(30-3-2019)ရက်ညနေ(5း30)အချိန်ခန့်တွင် ရဲဆေးစာဖြင့်ပို့ဆောင်ခဲ့ပြီး ဖမ်းဆီးခံရသူ ခိုင်ဇော်ထွန်း အားချုပ်ရီမန်ယူကာ အသေးစိတ်စစ်ဆေးရန် နှင့် သက်သေခံပစ္စည်းများကို သိမ်းဆည်းထားကြောင်းသိရှိရသည်။

ဖြစ်ပွားပုံမှာ

(29-3-2019)ရက်နေ့ မနက်(8း30)နာရီအချိန်ခန့် သပြုသစ်ထုတ်လုပ်ရေးမှ သပြေကုန်းရွာရှိ စိုက်ခင်းများအား ကြည့်ရှုရန်သွားရောက်ခဲ့ရာ သပြေကုန်းရွာရှိ ဒေါ်မြင့်မြင့်ခိုင်တို့ နေအိမ်အနီးအရောက်တွင် သရက်ပင်အောက်တွင် သရက်သီးများကောက်နေချိန်တွင်

ဒေါ်မြင့်မြင့်ခိုင်မှ ၎င်းဘက်လှည့်ပြီး သူများခွေးသာ ခိုးစာလို့ရမယ်ငါ့ခွေးကိုတော့ ခိုးစားလို့မရဘူးဟု ပြောဆိုကာ ၎င်းနေအိမ်သို့ပြန်ဝင်သွားပြီးနောက် ခွေးခိုးစားသည်ဟုပြောသဖြင့် မကျေနပ်၍

ဒေါ်မြင့်မြင့်ခိုင် နေအိမ်ရှေ့သို့ သွားရောက်ပြီး မကြီးရေ ဘာဟင်းချက်လဲဟုမေးမြန်းရာ ဒေါ်မြင့်မြင့်ခိုင်မှ စကားပြန်မပြောသဖြင့်နေအိမ်ထဲသို့ဝင်သွားပြီး ရေနွေးတခွက် သောက်ကာ ပတ်ဝန်းကျင်အားကြည့်ရှုရာ

၎င်း၏ခင်ပွန်းဖြစ်သူ ဦးကျော်အေး မရှိသည်ကို တွေ့ရှိရသဖြင့် အခွင့်ကောင်းယူကာ ဒေါ်မြင့်မြင့်ခိုင်၏ အနားသို့ သွားရောက်ပြီး ခါးကြားတွင် အသင့်ပါလာသော ဓားဦးချွန်အား ယာဘက်လက်ဖြင့်ထုတ်ကာဝဲဘက်လက်ဖြင့် ဒေါ်မြင်မြင်ခိုင်၏ လည်ပင်အား ထိုးရာ

ဒေါ်မြင့်မြင့်ခိုင် မှာထွက်ပြေးမည်ပြုသဖြင့် ထပ်မံယာဘက်လက်ဖြင့်သိုင်းဖက်ပြီး လည်ပင်အားလှီးဖြတ်ရာ လဲကျပြီးသေဆုံးသွားကြောင်း သိရသဖြင့်

၎င်းဝတ်ဆင်ထားသည့် အစားများမှာသွေးများ ပေကျန်သွားသဖြင့် အဝတ်အစားများအားချွတ်ကာ လမ်းဘေးသို့လွှင့်ပစ်ခ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ သေဆုံးသူ ဒေါ်မြင့်မြင့်ခိုင်အား သတ်သူ ခိုင်ဇော်ထွန်းအား(ပ)317/2019 ရာဇသတ်ကြီးပုဒ်မ (302)ဖြင့်ရေးဖွင့်ကာ အမှုစစ်မှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:စိုးဝင်း SH-MEDIA သာပေါင်း
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top