အလံုၿမိဳ႕နယ္ ငုဝါလမ္း တိုက္ခန္းတစ္ခု ေလွကား၌ ေစ်း ဝယ္ျပန္လာသည့္ အမ်ိဳးသမီးတစ္ ဦးအား ဓားေထာက္ဆြဲႀကိဳးလု ယက္သူကို ဧၿပီ ၂၆ ရက္ ညေနက ဖမ္းမိေၾကာင္း အလံုၿမိဳ႕မရဲစခန္း မွ တာဝန္က်ရဲအရာရွိက ေျပာ သည္။

‘‘အဲဒီလူကို မရမ္းကုန္းၿမိဳ႕ နယ္မွာ ဖမ္းမိခဲ့တာပါ။ CCTV ထဲ ကေနတစ္ဆင့္ စံုစမ္းမိခဲ့တာပါ။ အခု သူ႔ကို စစ္ေၾကာေရးအဖြဲ႕က စစ္ေဆးေနပါတယ္’’ဟု ၎ရဲအ ရာရွိက ေျပာသည္။

ဧၿပီ ၂၂ ရက္ နံနက္ ၇ နာရီ တြင္ အလံုၿမိဳ႕နယ္ ေစာရန္ပိုင္ (ေတာင္)ရပ္ကြက္ ငုဝါလမ္းရွိ တိုက္အမွတ္ (၇၈)ေန အသက္ (၆၃)ႏွစ္ရွိ ေဒၚခင္သန္းသည္ ေစ်း ဝယ္ၿပီး ေလးလႊာရွိ ၎ေနထုိင္ သည့္အခန္းသို႔ ေလွကားအတိုင္း တက္လာစဥ္ ပထမထပ္အ ေရာက္တြင္ အမည္မသိအမ်ိဳး သားတစ္ဦးက ေနာက္ကလိုက္ လာၿပီး အ႐ိုးအသြားကိုးလက္မ ခန္႔ရွိ စကၠဴျဖတ္ဓားျဖင့္ လည္ပင္း ကို ေထာက္၍ ဆြဲႀကိဳးလုယက္ခဲ့ သည္။

လုယက္ခံရျခင္းေၾကာင့္ ေဒၚခင္သန္းသည္ လည္ပင္းျပတ္ ရွဒဏ္ရာရရွိၿပီး ရန္ကုန္ေဆး႐ံု ႀကီးသို႔ တင္ပို႔ေဆးကုသရာ လက္ရွိတြင္ ဒဏ္ရာအေျခအေန သက္သာလာၿပီျဖစ္ေၾကာင္း ငုဝါလမ္း၌ ေနသူတစ္ဦးက ေျပာသည္။

အေလးခ်ိန္ ႏွစ္က်ပ္သားရွိ ေရႊဆြဲႀကိဳးတစ္ကံုးပါသြားၿပီး ျပစ္ မႈက်ဴးလြန္သူအမ်ိဳးသားကို ဧၿပီ ၂၆ ရက္ ညေနတြင္ မရမ္းကုန္းၿမိဳ႕ နယ္၌ ဖမ္းဆီးရမိခဲ့သည္။

‘‘အခုဆိုရင္ လံုၿခံဳေရးနဲ႔ပတ္ သက္ၿပီး လမ္းေတြမွာ စီစီတီဗီ တပ္ထားတယ္။ ဒါေပမဲ့ ေလွကား ထဲမွာ ျဖစ္တဲ့ကိစၥက်ေတာ့ တုိက္ ခန္းမွာေနတဲ့သူေတြက ကိုယ့္လံု ၿခံဳေရး ကိုယ္ဂ႐ုစိုက္မွ ရမယ္။ ေလွကားအဝင္တံခါးေသာ့ခတ္ တာတို႔ လုပ္ရမွာ။ ေသာ့မခတ္လို႔ သူတို႔က ဝင္သြားၿပီး ခိုေအာင္းေနရာက တစ္ဆင့္ အခုလိုျဖစ္ကုန္တာပါ။ တိုက္ခန္းေတြမွာ အဝင္တံခါးေတြကို ေသာ့ခတ္ထားဖို႔ အႀကံ ေပးခ်င္တယ္’’ဟု အလံုၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚယဥ္ယဥ္ျမင့္က ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ လုယက္မႈက်ဴးလြန္သူအမ်ိဳးသား ကို အလံုၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၉၄ (လုယက္မႈ)ျဖင့္ အမႈဖြင့္ စစ္ေဆးေနသည္။

ျပစ္မႈက်ဴးလြန္သူသည္ စစ္ ကိုင္းတိုင္း မံုရြာၿမိဳ႕ေန ေဇပိုင္ ထြန္းဆိုသူျဖစ္ၿပီး မရမ္းကုန္းၿမိဳ႕ နယ္အတြင္းရွိ တည္းခိုခန္းတစ္ခု တြင္ ဖမ္းဆီးရမိျခင္းျဖစ္သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:7daydaily
Photo- Yangon Police

#Unicode Version#
အလုံမြို့နယ် ငုဝါလမ်း တိုက်ခန်းတစ်ခု လှေကား၌ ဈေး ဝယ်ပြန်လာသည့် အမျိုးသမီးတစ် ဦးအား ဓားထောက်ဆွဲကြိုးလု ယက်သူကို ဧပြီ ၂၆ ရက် ညနေက ဖမ်းမိကြောင်း အလုံမြို့မရဲစခန်း မှ တာဝန်ကျရဲအရာရှိက ပြော သည်။

‘‘အဲဒီလူကို မရမ်းကုန်းမြို့ နယ်မှာ ဖမ်းမိခဲ့တာပါ။ CCTV ထဲ ကနေတစ်ဆင့် စုံစမ်းမိခဲ့တာပါ။ အခု သူ့ကို စစ်ကြောရေးအဖွဲ့က စစ်ဆေးနေပါတယ်’’ဟု ၎င်းရဲအ ရာရှိက ပြောသည်။

ဧပြီ ၂၂ ရက် နံနက် ၇ နာရီ တွင် အလုံမြို့နယ် စောရန်ပိုင် (တောင်)ရပ်ကွက် ငုဝါလမ်းရှိ တိုက်အမှတ် (၇၈)နေ အသက် (၆၃)နှစ်ရှိ ဒေါ်ခင်သန်းသည် ဈေး ဝယ်ပြီး လေးလွှာရှိ ၎င်းနေထိုင် သည့်အခန်းသို့ လှေကားအတိုင်း တက်လာစဉ် ပထမထပ်အ ရောက်တွင် အမည်မသိအမျိုး သားတစ်ဦးက နောက်ကလိုက် လာပြီး အရိုးအသွားကိုးလက်မ ခန့်ရှိ စက္ကူဖြတ်ဓားဖြင့် လည်ပင်း ကို ထောက်၍ ဆွဲကြိုးလုယက်ခဲ့ သည်။

လုယက်ခံရခြင်းကြောင့် ဒေါ်ခင်သန်းသည် လည်ပင်းပြတ် ရှဒဏ်ရာရရှိပြီး ရန်ကုန်ဆေးရုံ ကြီးသို့ တင်ပို့ဆေးကုသရာ လက်ရှိတွင် ဒဏ်ရာအခြေအနေ သက်သာလာပြီဖြစ်ကြောင်း ငုဝါလမ်း၌ နေသူတစ်ဦးက ပြောသည်။

အလေးချိန် နှစ်ကျပ်သားရှိ ရွှေဆွဲကြိုးတစ်ကုံးပါသွားပြီး ပြစ် မှုကျူးလွန်သူအမျိုးသားကို ဧပြီ ၂၆ ရက် ညနေတွင် မရမ်းကုန်းမြို့ နယ်၌ ဖမ်းဆီးရမိခဲ့သည်။

‘‘အခုဆိုရင် လုံခြုံရေးနဲ့ပတ် သက်ပြီး လမ်းတွေမှာ စီစီတီဗီ တပ်ထားတယ်။ ဒါပေမဲ့ လှေကား ထဲမှာ ဖြစ်တဲ့ကိစ္စကျတော့ တိုက် ခန်းမှာနေတဲ့သူတွေက ကိုယ့်လုံ ခြုံရေး ကိုယ်ဂရုစိုက်မှ ရမယ်။ လှေကားအဝင်တံခါးသော့ခတ် တာတို့ လုပ်ရမှာ။ သော့မခတ်လို့ သူတို့က ဝင်သွားပြီး ခိုအောင်းနေရာက တစ်ဆင့် အခုလိုဖြစ်ကုန်တာပါ။ တိုက်ခန်းတွေမှာ အဝင်တံခါးတွေကို သော့ခတ်ထားဖို့ အကြံ ပေးချင်တယ်’’ဟု အလုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လုယက်မှုကျူးလွန်သူအမျိုးသား ကို အလုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၉၄ (လုယက်မှု)ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။

ပြစ်မှုကျူးလွန်သူသည် စစ် ကိုင်းတိုင်း မုံရွာမြို့နေ ဇေပိုင် ထွန်းဆိုသူဖြစ်ပြီး မရမ်းကုန်းမြို့ နယ်အတွင်းရှိ တည်းခိုခန်းတစ်ခု တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်။


ဖိုးသူတော်(www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top