အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေယာင္းတို႔တစ္ေတြမွာ ရာသီမလာပဲခဏတာေပ်ာက္ေနတတ္တဲ့ အခ်ိန္ကာလေလးေတြ ရင္ဆိုင္ဖူးမွာေပါ့ေနာ္။ အဓိကတရားခံေတာ္ေတာ္မ်ားမ်ားကေတာ့ ေနမေကာင္းျဖစ္တာ၊ စိတ္ဖိစီးမႈမ်ားတာ၊ အားကစားျပင္းျပင္းထန္ထန္ေလ့က်င့္တာ၊ ခရီးသြားတာ စသျဖင့္ေပါ့။ ရာသီလည္းမလာဘူးဆိုျပီး အရမ္းလည္းစိုးရိမ္မေနပါနဲ႔။ ေယာင္းတို႔ရဲ႕ ဧည့္သည္ေလးဟာ အေၾကာင္းတစ္စံုတစ္ရာေၾကာင့္ ေနာက္က်ေနတာျဖစ္မွာပါ။

၁။ စိတ္ဖိစီးမႈမ်ားျခင္း

စိတ္မခ်မ္းသာစရာေတြေတြးေနတာ၊ ေသာကျဖစ္ေနတာ၊ စိုးရိမ္ပူပန္လြန္းအားၾကီးေနတာ စတာေတြဟာ ေယာင္းတို႔ရဲ႕ရာသီစက္၀န္းကို သက္ေရာက္မႈရွိေစပါတယ္။ ဒါ့ေၾကာင့္ စိတ္ကို ေအးေအးခ်မ္းခ်မ္းထားျပီး အအိပ္အစားမွန္ေအာင္ ဂရုစိုက္ပါ။ အားကစားကိုလည္း အရမ္းၾကီးျပင္းျပင္းထန္ထန္မလုပ္ပဲ ပံုမွန္ေလးကစားေပးပါေနာ္။

၂။ သိုင္းရိြက္ေဟာ္မုန္း အတက္အက်
သိုင္းရိြက္ေဟာ္မုန္းမ်ားလာတာပဲျဖစ္ျဖစ္ နည္းသြားတာပဲျဖစ္ျဖစ္ ဒါကလည္း ရာသီစက္၀န္းအေပၚ သက္ေရာက္မႈရွိတာမို႔ ေယာင္းတို႔က သံသယရွိတယ္ဆိုရင္ ဆရာ၀န္ ဒါမွမဟုတ္ သူနာျပဳနဲ႔ ေဆြးေႏြးၾကည့္ဖို႔ အၾကံေပးပါရေစေနာ္။

Related Article >>> ရာသီေသြးဆင္းခ်ိန္မွာ ဒီအခ်က္ (၇)ခ်က္ကို သတိျပဳေပးပါ။

၃။ မမ်ိဳးဥအရည္အိတ္မ်ားျခင္း
ရာသီလာတာအရမ္းေနာက္က်ေနမယ္ဆိုရင္ ဒီအခ်က္ကို ထည့္သြင္းစဥ္းစားရမွာျဖစ္ပါတယ္။ မမ်ိဳးဥအရည္အိတ္မ်ားျခင္းဟာဆိုရင္ ရာသီစက္၀န္း မမွန္ေစျခင္း၊ အ၀လြန္ျခင္း၊ မ်က္ႏွာ ရင္ဘတ္နဲ႔ ၀မ္းဗိုက္ေတြမွာ အေမႊးအမွ်င္ထူထပ္ေစျခင္းနဲ႔ သားသမီးမရႏိုင္ျခင္းအထိ ျဖစ္ေစႏိုင္ပါတယ္။ ဒါေပမယ့္ အရမ္းလည္းမစိုးရိမ္ပါနဲ႔။ တစ္ကယ္လို႔ သံသယ၀င္ရင္ ေယာင္းတို႔ျပေနက် ဆရာ၀န္နဲ႔ ေဆြးေႏြးစမး္သပ္ၾကည့္ပါ။

၄။ အင္းဆက္ပိုးကိုက္ျခင္း၊ အူသိမ္ေရာဂါနဲ႔ နာတာရွည္ေရာဂါမ်ား
တစ္ခါတစ္ေလမွာ ဓာတ္မတည့္တဲ့ပိုးမႊားေတြနဲ႔ အူလမ္းေၾကာင္းျပႆနာေတြဟာ ေယာင္းတို႔ရဲ႕ရာသီစက္၀န္းကို ေနာက္က်ေစႏိုင္ပါတယ္။ ျပီးေတာ့ ႏွစ္ရွည္လမ်ားခံစားေနရတဲ့ နာတာရွည္ေရာဂါေတြနဲ႔ ေသာက္သံုးေနရတဲ့ေဆးေတြဟာလည္း ရာသီလာစဥ္ေသြးဆင္းတဲ့ ပမာဏကို နည္းတာ သို႔မဟုတ္ မ်ားတာ ျဖစ္ေစႏိုင္ပါတယ္။ အရမ္းဆိုးေနရင္ေတာ့ ဆရာ၀န္သာျပေစခ်င္ပါတယ္ ေယာင္းေရ။

၅။ သေႏၶတားျခင္း
ေနာက္ဆံုးတစ္ခုကေတာ့ ေဟာ္မုန္းနဲ႔ပတ္သက္တဲ့ သေႏၶတားေဆးေတြေပါ့။ ထိုးေဆး ေသာက္ေဆး အကုန္ပါပါတယ္။ ရာသီလာစဥ္ ပံုမွန္မဟုတ္တဲ့နာက်င္မႈကို ခံစားရတတ္တဲ့ အမ်ိဳးသမီးေတြဟာ ဒီလိုေဆးေတြကို နာက်င္မႈသက္သာေအာင္ အသံုးျပဳတတ္ၾကပါတယ္။ ဒါေတြက ေယာင္းတို႔ရဲ႕ရာသီစက္၀န္းအေပၚသက္ေရာက္မႈ ရွိေစတာမို႔ မသံုးေစခ်င္ပါဘူး။ အိမ္ေထာင္ရွိသူေတြဆိုရင္ေတာ့ တားေဆးေတြ ထိုးေဆးေတြအစား ကြန္ဒံုးသံုးဖို႔ အၾကံေပးပါရေစေနာ္။

အမွန္ေတာ့ ရာသီစက္၀န္းေနာက္က်တာဟာ မိန္းကေလးတိုင္း ျဖစ္ေလ့ရွိမွာပါ။ အရမ္းၾကီးလည္းစိုးရိမ္ေနဖို႔ မလိုသလို အရမ္းလည္း ေပါ့ေလ်ာ့မေနေစခ်င္ပါဘူး။ ပံုမွန္မဟုတ္တာ တစ္ခုခုခံစားရရင္ေတာ့ ဆရာ၀န္နဲ႔ ေဆြးေႏြးဖို႔ ျပသဖို႔ မရွက္ပါနဲ႔ေနာ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:ForHerMyanmar
#Unicode Version#
အကြောင်းအမျိုးမျိုးကြောင့် ယောင်းတို့တစ်တွေမှာ ရာသီမလာပဲခဏတာပျောက်နေတတ်တဲ့ အချိန်ကာလလေးတွေ ရင်ဆိုင်ဖူးမှာပေါ့နော်။ အဓိကတရားခံတော်တော်များများကတော့ နေမကောင်းဖြစ်တာ၊ စိတ်ဖိစီးမှုများတာ၊ အားကစားပြင်းပြင်းထန်ထန်လေ့ကျင့်တာ၊ ခရီးသွားတာ စသဖြင့်ပေါ့။ ရာသီလည်းမလာဘူးဆိုပြီး အရမ်းလည်းစိုးရိမ်မနေပါနဲ့။ ယောင်းတို့ရဲ့ ဧည့်သည်လေးဟာ အကြောင်းတစ်စုံတစ်ရာကြောင့် နောက်ကျနေတာဖြစ်မှာပါ။

၁။ စိတ်ဖိစီးမှုများခြင်း

စိတ်မချမ်းသာစရာတွေတွေးနေတာ၊ သောကဖြစ်နေတာ၊ စိုးရိမ်ပူပန်လွန်းအားကြီးနေတာ စတာတွေဟာ ယောင်းတို့ရဲ့ရာသီစက်ဝန်းကို သက်ရောက်မှုရှိစေပါတယ်။ ဒါ့ကြောင့် စိတ်ကို အေးအေးချမ်းချမ်းထားပြီး အအိပ်အစားမှန်အောင် ဂရုစိုက်ပါ။ အားကစားကိုလည်း အရမ်းကြီးပြင်းပြင်းထန်ထန်မလုပ်ပဲ ပုံမှန်လေးကစားပေးပါနော်။

၂။ သိုင်းရွိက်ဟော်မုန်း အတက်အကျ
သိုင်းရွိက်ဟော်မုန်းများလာတာပဲဖြစ်ဖြစ် နည်းသွားတာပဲဖြစ်ဖြစ် ဒါကလည်း ရာသီစက်ဝန်းအပေါ် သက်ရောက်မှုရှိတာမို့ ယောင်းတို့က သံသယရှိတယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် သူနာပြုနဲ့ ဆွေးနွေးကြည့်ဖို့ အကြံပေးပါရစေနော်။

Related Article >>> ရာသီသွေးဆင်းချိန်မှာ ဒီအချက် (၇)ချက်ကို သတိပြုပေးပါ။

၃။ မမျိုးဥအရည်အိတ်များခြင်း
ရာသီလာတာအရမ်းနောက်ကျနေမယ်ဆိုရင် ဒီအချက်ကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ မမျိုးဥအရည်အိတ်များခြင်းဟာဆိုရင် ရာသီစက်ဝန်း မမှန်စေခြင်း၊ အဝလွန်ခြင်း၊ မျက်နှာ ရင်ဘတ်နဲ့ ဝမ်းဗိုက်တွေမှာ အမွှေးအမျှင်ထူထပ်စေခြင်းနဲ့ သားသမီးမရနိုင်ခြင်းအထိ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အရမ်းလည်းမစိုးရိမ်ပါနဲ့။ တစ်ကယ်လို့ သံသယဝင်ရင် ယောင်းတို့ပြနေကျ ဆရာဝန်နဲ့ ဆွေးနွေးစမ်းသပ်ကြည့်ပါ။

၄။ အင်းဆက်ပိုးကိုက်ခြင်း၊ အူသိမ်ရောဂါနဲ့ နာတာရှည်ရောဂါများ
တစ်ခါတစ်လေမှာ ဓာတ်မတည့်တဲ့ပိုးမွှားတွေနဲ့ အူလမ်းကြောင်းပြဿနာတွေဟာ ယောင်းတို့ရဲ့ရာသီစက်ဝန်းကို နောက်ကျစေနိုင်ပါတယ်။ ပြီးတော့ နှစ်ရှည်လများခံစားနေရတဲ့ နာတာရှည်ရောဂါတွေနဲ့ သောက်သုံးနေရတဲ့ဆေးတွေဟာလည်း ရာသီလာစဉ်သွေးဆင်းတဲ့ ပမာဏကို နည်းတာ သို့မဟုတ် များတာ ဖြစ်စေနိုင်ပါတယ်။ အရမ်းဆိုးနေရင်တော့ ဆရာဝန်သာပြစေချင်ပါတယ် ယောင်းရေ။

၅။ သန္ဓေတားခြင်း
နောက်ဆုံးတစ်ခုကတော့ ဟော်မုန်းနဲ့ပတ်သက်တဲ့ သန္ဓေတားဆေးတွေပေါ့။ ထိုးဆေး သောက်ဆေး အကုန်ပါပါတယ်။ ရာသီလာစဉ် ပုံမှန်မဟုတ်တဲ့နာကျင်မှုကို ခံစားရတတ်တဲ့ အမျိုးသမီးတွေဟာ ဒီလိုဆေးတွေကို နာကျင်မှုသက်သာအောင် အသုံးပြုတတ်ကြပါတယ်။ ဒါတွေက ယောင်းတို့ရဲ့ရာသီစက်ဝန်းအပေါ်သက်ရောက်မှု ရှိစေတာမို့ မသုံးစေချင်ပါဘူး။ အိမ်ထောင်ရှိသူတွေဆိုရင်တော့ တားဆေးတွေ ထိုးဆေးတွေအစား ကွန်ဒုံးသုံးဖို့ အကြံပေးပါရစေနော်။

အမှန်တော့ ရာသီစက်ဝန်းနောက်ကျတာဟာ မိန်းကလေးတိုင်း ဖြစ်လေ့ရှိမှာပါ။ အရမ်းကြီးလည်းစိုးရိမ်နေဖို့ မလိုသလို အရမ်းလည်း ပေါ့လျော့မနေစေချင်ပါဘူး။ ပုံမှန်မဟုတ်တာ တစ်ခုခုခံစားရရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးဖို့ ပြသဖို့ မရှက်ပါနဲ့နော်။
ဖိုးသူတော်(www.phothutaw.com)
Credit:ForHerMyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top