" ေမေမ တာ့တာ့ ... " လက္လွမ္းျပေနေသာ သမီးေလးကို သူမ ဖယ္ရီေပၚမွ ျပန္လက္ျပလိုက္သည္။ " ေနပူထဲ မထြက္နဲ႔ေနာ္ " ၀တၱရားအရသာ မွာရသည္။ သမီးက သိပ္အေဆာ့သန္သည္။ အိမ္မွာ က်န္ခဲ့ေသာ သူ႔အေဒၚကလည္း သူႏွင့္အတူ ေဆာ့ေဖာ္ေဆာ့ဖက္။ ထားသာ ထားခဲ့ရသည္။ စိတ္မခ်ေပ။ မနက္ခင္းေနေတာင္မွ ပူလွခ်ည္လား။
အလုပ္ရႈပ္ စိတ္ရႈပ္ရတဲ့အထဲ ဖုန္းကတစ္မ်ိဳး။
" မမ ... "
" ေအး ... ေျပာ "
" မီးမီးဖ်ားေနလို႔ ..."
ညီမ၀မ္းကြဲေလးရဲ႕ အသံေၾကာင့္ သူမ အနည္းငယ္ စိတ္ပူသြားသည္။
" ေနပူထဲ ထြက္ေဆာ့ျပန္ၿပီ မဟုတ္လား "
" ဟုတ္ ... သမီး ေျပာတာလည္း ရမွမရတာကို "
သူမ စိတ္ေမာသြားမိသည္။
" ေအး ... ေအး ပါရာစီတေမာေလး တိုက္ထား ... Aircon မဖြင့္နဲ႕ ၾကားလား "
" ဟုတ္ ... ဟုတ္ "
သူမ နာရီကို ေမာ့ၾကည့္လိုက္သည္။ ျမန္ျမန္ ႐ံုးဆင္းပါေစ။
ျခံတံခါး ဖြင့္၀င္ရင္း သူမ သမီးကို ရွာမိသည္။ အရင္ ေျပးႀကိဳေနက် သမီးေလးကို မေတြ႕ရေတာ့ စိတ္ပူသြားမိသည္။
" ႏြယ္ႏြယ္ေရ ... မမ ျပန္လာၿပီ ... ေအး၊ သမီးေရာ ... "
" အိပ္ခန္းထဲမွာ အိပ္ေနတယ္ မမ "
သူမ အိပ္ခန္း၀က ေခ်ာင္းၾကည့္လိုက္ေတာ့ သမီးက ေစာင္ပံုထဲမွာ။
ဟင္ ... ဒီေလာက္ ပူေနတာကို။
" သမီး ... ေမေမ ျပန္လာၿပီေလ "
သမီးက တုတ္တုတ္မွ် မလႈပ္။ ေစာင္ေလးဟၿပီး သမီး နဖူးကို စမ္းၾကည့္လိုက္သည္။ ဘုရားေရ ျခစ္ျခစ္ေတာက္အပူက သူမ လက္ပါ ပူေလာင္သြားေစသည္။
" သမီး ... သမီး "
သမီးက ေကာက္ေကြးၿပီး တက္ေနေခ်ၿပီ။
" ကြၽန္မ ... ကြၽန္မ ကေလးကို ကယ္ပါဦးရွင္ ..."
အေရးေပၚေရွ႕ ကားရပ္လိုက္သည္ႏွင့္ သမီးေလးကို ေပြ႕ၿပီး သူမ ေျပးဆင္းသြားမိသည္။
" ကေလးက ဘာျဖစ္လို႔လဲ "
" သမီးကို ေခၚလို႔မရေတာ့ဘူး "
သူမ မ်က္ရည္မ်ား က်လာသည္။ ဆရာမ တစ္ေယာက္က ကေလးကို ေပြ႕ယူကာ ခုတင္ေပၚတင္ၿပီး စမ္းသပ္ေနသည္။
ဆရာ၀န္က " ကေလးအေမ စိတ္ေအးေအးထား … ဘာျဖစ္တာလဲ ေသခ်ာ ေျပာ "
" သမီးက ေန႔လယ္က ဖ်ားတယ္ ေျပာတယ္ ... ကြၽန္မအလုပ္က ျပန္လာေတာ့ ေခၚလို႔မရေတာ့ဘူး ... တက္လည္း တက္တယ္ …"
" ဟင္ " ဆရာ၀န္မွာ တစ္ခ်က္ေတြေ၀သြားၿပီး သမီးကို ခ်က္ခင္းစမ္းသပ္လိုက္သည္။
" ဆရာမ ကေလးကို Aircon ခန္းထဲ ေရႊ႕မယ္၊ Drip ခ်ိတ္မယ္၊ ကေလးကို ေရပတ္တိုက္မယ္ "
ေတာက္ေလွ်ာက္ေျပာရင္း သမီးကို အခန္းထဲ ခ်ီေပြ႕သြားၾကသည္။ သူမ နားမလည္။ ဖ်ားေနတဲ့ ကေလးကို ဘာေတြလုပ္ေနတာလဲ။
" ဆရာ ... ကြၽန္မ သမီးေလး ဘာျဖစ္တာလဲ "
" ကေလးက ဖ်ားတာ မဟုတ္ဘူး အေမ။ အဲ့ဒါ အပူဒဏ္ေၾကာင့္ သတိလစ္ေနတာ၊ အႏၲရာယ္ ရွိတယ္။ ကၽြန္ေတာ္တို႔ လိုအပ္တာ လုပ္ေပးေနပါတယ္ "
ေျပးေျပးလႊားလႊားေျပာၿပီး ဆရာ၀န္က လူနာခန္းထဲ လိုက္၀င္သြားသည္။ သူမကေတာ့ ဘာလုပ္ရမွန္းမသိ သမီးေလးကို ကုသေပးေနသည္ကိုသာ အခန္းျပင္မွ ေၾကာင္ေတာင္ေတာင္ ေငးၾကည့္ေနမိသည္။
" ကေလးအေမ "
ဆရာ၀န္ ေခၚသံၾကားမွ သူမ သတိ၀င္လာမိသည္။
" ကေလးက အတက္က်သြားပါၿပီ။ ကိုယ္အပူခ်ိန္လည္း က်သြားၿပီ။ စိတ္ခ်ရေအာင္ ေဆး႐ံုတင္ၿပီး ေစာင့္ၾကည့္ရမယ္ေနာ္ "
" ဟုတ္ ... ဟုတ္ကဲ့ ဆရာ။ သမီးက ဘာလို႔ အဲ့လိုျဖစ္တာလဲ "
" အပူဒဏ္ေၾကာင့္ေပါ့ဗ်ာ။ ရာသီဥတုက ပူတယ္ မဟုတ္လား။ ကေလးက ေနပူထဲ ေဆာ့ခဲ့ပံုရတယ္။ အဲ့တာ ဖ်ားတာ မဟုတ္ဘူး။ ကိုယ္အပူခ်ိန္ တက္လာတာ။ အဲ့လို အခ်ိန္မွာ ေအးေနေအာင္ထား၊ ဓာတ္ဆားတိုက္ လုပ္ေပးရတာ။ ခင္ဗ်ားတို႔က ဖ်ားတာထင္ၿပီး လက္ရွည္၀တ္၊ ေစာင္ခ်ံဳ၊ အခန္းထဲ ပိတ္ထားေတာ့ ပိုဆိုးသြားတာေပါ့။ ေတာ္ေသးတာေပါ့ဗ်ာ အခ်ိန္မီလို႔ … "
ဆရာ၀န္က ေတာ္ေသးတာေပါ့ ဆိုေပမယ့္ သူမကေတာ့ ကိုယ့္အျပစ္ကို ခြင့္မလႊတ္ႏိုင္ေပ။
" ေမေမ သမီးကို ဒီထက္ပိုၿပီး ဂ႐ုစိုက္ပါ့မယ္ "
ကံသီေပလို႔ေပါ့ သမီးရယ္ ... ။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Zero (www.drmyanmar.com)
#Unicode Version#
" မေမေ တာ့တာ့ ... " လက်လှမ်းပြနေသော သမီးလေးကို သူမ ဖယ်ရီပေါ်မှ ပြန်လက်ပြလိုက်သည်။ " နေပူထဲ မထွက်နဲ့နော် " ဝတ္တရားအရသာ မှာရသည်။ သမီးက သိပ်အဆော့သန်သည်။ အိမ်မှာ ကျန်ခဲ့သော သူ့အဒေါ်ကလည်း သူနှင့်အတူ ဆော့ဖော်ဆော့ဖက်။ ထားသာ ထားခဲ့ရသည်။ စိတ်မချပေ။ မနက်ခင်းနေတောင်မှ ပူလှချည်လား။
အလုပ်ရှုပ် စိတ်ရှုပ်ရတဲ့အထဲ ဖုန်းကတစ်မျိုး။
" မမ ... "
" အေး ... ပြော "
" မီးမီးဖျားနေလို့ ..."
ညီမဝမ်းကွဲလေးရဲ့ အသံကြောင့် သူမ အနည်းငယ် စိတ်ပူသွားသည်။
" နေပူထဲ ထွက်ဆော့ပြန်ပြီ မဟုတ်လား "
" ဟုတ် ... သမီး ပြောတာလည်း ရမှမရတာကို "
သူမ စိတ်မောသွားမိသည်။
" အေး ... အေး ပါရာစီတမောလေး တိုက်ထား ... Aircon မဖွင့်နဲ့ ကြားလား "
" ဟုတ် ... ဟုတ် "
သူမ နာရီကို မော့ကြည့်လိုက်သည်။ မြန်မြန် ရုံးဆင်းပါစေ။
ခြံတံခါး ဖွင့်ဝင်ရင်း သူမ သမီးကို ရှာမိသည်။ အရင် ပြေးကြိုနေကျ သမီးလေးကို မတွေ့ရတော့ စိတ်ပူသွားမိသည်။
" နွယ်နွယ်ရေ ... မမ ပြန်လာပြီ ... အေး၊ သမီးရော ... "
" အိပ်ခန်းထဲမှာ အိပ်နေတယ် မမ "
သူမ အိပ်ခန်းဝက ချောင်းကြည့်လိုက်တော့ သမီးက စောင်ပုံထဲမှာ။
ဟင် ... ဒီလောက် ပူနေတာကို။
" သမီး ... မေမေ ပြန်လာပြီလေ "
သမီးက တုတ်တုတ်မျှ မလှုပ်။ စောင်လေးဟပြီး သမီး နဖူးကို စမ်းကြည့်လိုက်သည်။ ဘုရားရေ ခြစ်ခြစ်တောက်အပူက သူမ လက်ပါ ပူလောင်သွားစေသည်။
" သမီး ... သမီး "
သမီးက ကောက်ကွေးပြီး တက်နေချေပြီ။
" ကျွန်မ ... ကျွန်မ ကလေးကို ကယ်ပါဦးရှင် ..."
အရေးပေါ်ရှေ့ ကားရပ်လိုက်သည်နှင့် သမီးလေးကို ပွေ့ပြီး သူမ ပြေးဆင်းသွားမိသည်။
" ကလေးက ဘာဖြစ်လို့လဲ "
" သမီးကို ခေါ်လို့မရတော့ဘူး "
သူမ မျက်ရည်များ ကျလာသည်။ ဆရာမ တစ်ယောက်က ကလေးကို ပွေ့ယူကာ ခုတင်ပေါ်တင်ပြီး စမ်းသပ်နေသည်။
ဆရာဝန်က " ကလေးအမေ စိတ်အေးအေးထား … ဘာဖြစ်တာလဲ သေချာ ပြော "
" သမီးက နေ့လယ်က ဖျားတယ် ပြောတယ် ... ကျွန်မအလုပ်က ပြန်လာတော့ ခေါ်လို့မရတော့ဘူး ... တက်လည်း တက်တယ် …"
" ဟင် " ဆရာဝန်မှာ တစ်ချက်တွေဝေသွားပြီး သမီးကို ချက်ခင်းစမ်းသပ်လိုက်သည်။
" ဆရာမ ကလေးကို Aircon ခန်းထဲ ရွှေ့မယ်၊ Drip ချိတ်မယ်၊ ကလေးကို ရေပတ်တိုက်မယ် "
တောက်လျှောက်ပြောရင်း သမီးကို အခန်းထဲ ချီပွေ့သွားကြသည်။ သူမ နားမလည်။ ဖျားနေတဲ့ ကလေးကို ဘာတွေလုပ်နေတာလဲ။
" ဆရာ ... ကျွန်မ သမီးလေး ဘာဖြစ်တာလဲ "
" ကလေးက ဖျားတာ မဟုတ်ဘူး အမေ။ အဲ့ဒါ အပူဒဏ်ကြောင့် သတိလစ်နေတာ၊ အန္တရာယ် ရှိတယ်။ ကျွန်တော်တို့ လိုအပ်တာ လုပ်ပေးနေပါတယ် "
ပြေးပြေးလွှားလွှားပြောပြီး ဆရာဝန်က လူနာခန်းထဲ လိုက်ဝင်သွားသည်။ သူမကတော့ ဘာလုပ်ရမှန်းမသိ သမီးလေးကို ကုသပေးနေသည်ကိုသာ အခန်းပြင်မှ ကြောင်တောင်တောင် ငေးကြည့်နေမိသည်။
" ကလေးအမေ "
ဆရာဝန် ခေါ်သံကြားမှ သူမ သတိဝင်လာမိသည်။
" ကလေးက အတက်ကျသွားပါပြီ။ ကိုယ်အပူချိန်လည်း ကျသွားပြီ။ စိတ်ချရအောင် ဆေးရုံတင်ပြီး စောင့်ကြည့်ရမယ်နော် "
" ဟုတ် ... ဟုတ်ကဲ့ ဆရာ။ သမီးက ဘာလို့ အဲ့လိုဖြစ်တာလဲ "
" အပူဒဏ်ကြောင့်ပေါ့ဗျာ။ ရာသီဥတုက ပူတယ် မဟုတ်လား။ ကလေးက နေပူထဲ ဆော့ခဲ့ပုံရတယ်။ အဲ့တာ ဖျားတာ မဟုတ်ဘူး။ ကိုယ်အပူချိန် တက်လာတာ။ အဲ့လို အချိန်မှာ အေးနေအောင်ထား၊ ဓာတ်ဆားတိုက် လုပ်ပေးရတာ။ ခင်ဗျားတို့က ဖျားတာထင်ပြီး လက်ရှည်ဝတ်၊ စောင်ချုံ၊ အခန်းထဲ ပိတ်ထားတော့ ပိုဆိုးသွားတာပေါ့။ တော်သေးတာပေါ့ဗျာ အချိန်မီလို့ … "
ဆရာဝန်က တော်သေးတာပေါ့ ဆိုပေမယ့် သူမကတော့ ကိုယ့်အပြစ်ကို ခွင့်မလွှတ်နိုင်ပေ။
" မေမေ သမီးကို ဒီထက်ပိုပြီး ဂရုစိုက်ပါ့မယ် "
ကံသီပေလို့ပေါ့ သမီးရယ် ... ။
ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Zero (www.drmyanmar.com)
Home
»
က်န္းမာေရး
»
ဗဟုသုတ
»
အေထြေထြ
» ေႏြရာသီမွာ မိဘတို႔ သတိထားသင့္တဲ့ ေရာဂါတစ္ခုအေၾကာင္း မိခင္တစ္ဦးရဲ႕ ကိုယ္ေတြ႕အျဖစ္အပ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။