သူ႔ကို ဆုေပးေတာ့ သူငိုေနပါသည္။သူ႔မ်က္ရည္ေတြက ဘာအဓိပၸါယ္ပါလဲ။၂၀၀၄ ခုကတည္းက ယေန႔ထိ ၁၅ ႏွစ္တိုင္တိုင္ပခုကၠဴၿမိဳ႕နယ္ အေရွ႕သီရိ ရြာေက်ာင္းေလးမွာသူ ဆရာမ လုပ္ခဲ့သည္။

၂၀၀၄ ဆိုေတာ့ ဆယ္တန္းေအာင္ခါစ။သူ႔ဝါသနာက ေက်ာင္းဆရာမ။အေဝးသင္တက္ရင္း ကေလးေတြကို လုပ္အားေပး
ဆရာမအျဖစ္ စာသင္သည္။

တစ္ေန႔ ဘြဲ႕ရလွ်င္ ေက်ာင္းဆရာမ ေလွ်ာက္မည္။ကေလးေတြကို သူအသက္ႀကီးသည္အထိစာသင္ေပးမည္။ဒါက သူ႔အိပ္မက္။သူ႔အိပ္မက္တို႔ အမွန္တကယ္ ျဖစ္မလာခဲ့ပါ။

ပညာေရးဌာနႀကီးက သူ႔ကို စိမ္းကားပါသည္။ေန႔စား လေပးဆရာမ အလုပ္ကို သူ ၃ႀကိမ္ ဝင္ေျဖသည္။ ၃ႀကိမ္လံုးမေအာင္။ အေၾကာင္းျပခ်က္က ေမြးရာပါညာ ေျခ ညာလက္ မသန္လို႔တဲ့။

ေလာကျကီးက သူ႔ကို ခြဲျခားဆက္ဆံခံရေပမယ့္သူကေတာ့ သူ႔တပည့္ေတြ မခြဲႏိုင္။ လုပ္အားေပးဆရာမ အလုပ္ကို ဖက္တြယ္ဆဲ။လခ ရရ မရရ သူ စာသင္ခ်င္သည္။သူ႔တပည့္ေလးေတြကို ခ်စ္သည္။

” ေက်ာင္းျပန္ဖြင့္ေတာ့မယ္ဆို ကြ်န္မကို ဒီႏွစ္ျပန္မွ ငွားပါ့မလားလို႔ စိတ္ပူရတာ အေမာ”တဲ့။ဒီစကားကို ေျပာရင္း သူမငိုသည္။” ဒီဆုႀကီးကို ကြ်န္မ မလိုခ်င္ဘူးရွင့္။တာဝန္ႀကီးလြန္းလို႔။ ကြ်န္မက ကေလးေတြကိုစာပဲ သင္ခ်င္တာ”တဲ့။

၂၀၁၉ ျပည္သူ႔ဂုဏ္ရည္အထူးဆုရွင္ဆရာမေလး ေဒၚအိအိညိမ္းကို ဂုဏ္ျပဳအပ္ပါသည္။

ျပည္သူ႔ဂုဏ္ရည္ Grand prize ဆုရွင္ ဆရာေဒါက္တာရဲလြင္တို႔၏ မႏၲေလးစည္ပင္၊ အျခားေသာ အထူးဆုရွင္မ်ား ျဖစ္ၾကေသာ Clean Yangon အဖြဲ႕သားမ်ား၊ ရဲမႉးမိုးရန္ႏိုင္ႏွင့္ ကခ်င္စစ္ေဘးေရွာင္တို႔၏ ကယ္တင္ရွင္ မဆြတ္ဆိုင္းရြယ္တို႔ကိုလည္း ဂုဏ္ျပဳပါသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Than Min Htut PKU-media

#Unicode Version#
သူ့ကို ဆုပေးတော့ သူငိုနေပါသည်။သူ့မျက်ရည်တွေက ဘာအဓိပ္ပါယ်ပါလဲ။၂၀၀၄ ခုကတည်းက ယနေ့ထိ ၁၅ နှစ်တိုင်တိုင်ပခုက္ကူမြို့နယ် အရှေ့သီရိ ရွာကျောင်းလေးမှာသူ ဆရာမ လုပ်ခဲ့သည်။

၂၀၀၄ ဆိုတော့ ဆယ်တန်းအောင်ခါစ။သူ့ဝါသနာက ကျောင်းဆရာမ။အဝေးသင်တက်ရင်း ကလေးတွေကို လုပ်အားပေး
ဆရာမအဖြစ် စာသင်သည်။

တစ်နေ့ ဘွဲ့ရလျှင် ကျောင်းဆရာမ လျှောက်မည်။ကလေးတွေကို သူအသက်ကြီးသည်အထိစာသင်ပေးမည်။ဒါက သူ့အိပ်မက်။သူ့အိပ်မက်တို့ အမှန်တကယ် ဖြစ်မလာခဲ့ပါ။

ပညာရေးဌာနကြီးက သူ့ကို စိမ်းကားပါသည်။နေ့စား လပေးဆရာမ အလုပ်ကို သူ ၃ကြိမ် ဝင်ဖြေသည်။ ၃ကြိမ်လုံးမအောင်။ အကြောင်းပြချက်က မွေးရာပါညာ ခြေ ညာလက် မသန်လို့တဲ့။

လောကကြီးက သူ့ကို ခွဲခြားဆက်ဆံခံရပေမယ့်သူကတော့ သူ့တပည့်တွေ မခွဲနိုင်။ လုပ်အားပေးဆရာမ အလုပ်ကို ဖက်တွယ်ဆဲ။လခ ရရ မရရ သူ စာသင်ချင်သည်။သူ့တပည့်လေးတွေကို ချစ်သည်။

” ကျောင်းပြန်ဖွင့်တော့မယ်ဆို ကျွန်မကို ဒီနှစ်ပြန်မှ ငှားပါ့မလားလို့ စိတ်ပူရတာ အမော”တဲ့။ဒီစကားကို ပြောရင်း သူမငိုသည်။” ဒီဆုကြီးကို ကျွန်မ မလိုချင်ဘူးရှင့်။တာဝန်ကြီးလွန်းလို့။ ကျွန်မက ကလေးတွေကိုစာပဲ သင်ချင်တာ”တဲ့။

၂၀၁၉ ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်ဆရာမလေး ဒေါ်အိအိညိမ်းကို ဂုဏ်ပြုအပ်ပါသည်။

ပြည်သူ့ဂုဏ်ရည် Grand prize ဆုရှင် ဆရာဒေါက်တာရဲလွင်တို့၏ မန္တလေးစည်ပင်၊ အခြားသော အထူးဆုရှင်များ ဖြစ်ကြသော Clean Yangon အဖွဲ့သားများ၊ ရဲမှူးမိုးရန်နိုင်နှင့် ကချင်စစ်ဘေးရှောင်တို့၏ ကယ်တင်ရှင် မဆွတ်ဆိုင်းရွယ်တို့ကိုလည်း ဂုဏ်ပြုပါသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Than Min Htut PKU-media


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top