ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းၿမိဳ႕က စားေသာက္ဆိုင္တစ္ဆိုင္မွာ ထူးျခားမီႏူးအျဖစ္ ၾကက္ဥဘီယာကို တည္ခင္းေရာင္းခ်ေပးရာမွာေတာ့ စားသုံးသူေတြကို ဆြဲေဆာင္ႏိုင္ေနလ်က္ ရွိပါတယ္။

ဆယ္စုႏွစ္မ်ားစြာ သက္တမ္းၾကာျမင့္ေနၿပီ ျဖစ္တဲ့ Giang Café ဆိုင္မွာေတာ့ ေရခဲစိမ္ဘီယာကို မလိုင္ပါတဲ့ ၾကက္ဥအႏွစ္ရည္ တစ္မ်ိဳးနဲ႔ ေရာစပ္ ေသာက္သုံးႏိုင္ေအာင္ စီမံတည္ခင္းေပးေနလ်က္ ရွိပါတယ္။ ဘီယာနဲ႔ တြဲေသာက္ရမယ့္ ၾကက္ဥအႏွစ္ရည္မွာေတာ့ အရသာ အီစိမ့္ေနေအာင္လို႔ သၾကား၊ ေထာပတ္ တို႔နဲ႔ ခေလာက္ၿပီး စီမံထားတာျဖစ္ပါတယ္။

ဒီ ၾကက္ဥဘီယာ ကို ၁၉၉၉ ခုႏွစ္ကတည္းက တီထြင္ဖန္တီးခဲ့တာျဖစ္ေၾကာင္း ဆိုင္ပိုင္ရွင္ျဖစ္တဲ့ ငုရင္ ခ်ီေဟာင္က ေျပာပါတယ္။ ဒီလို ေရာစပ္ဖန္တီးလိုက္ရင္ ဘယ္လို အရသာ ထြက္မလဲ သူသိခ်င္စိတ္ျပင္းျပလို႔ လက္ေတြ႕လုပ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

“ ပထမေတာ့ ဒီ ၾကက္ဥဘီယာကို ကိုယ္တိုင္ေသာက္ဖို႔ပဲ စမ္းလုပ္ခဲ့တာပါ၊ ေနာက္ေတာ့ ဒီဟာ ေတာ္ေတာ္ေကာင္းတာေတြ႕ေတာ့ ဒါကို တစ္ျခားသူေတြလည္း ႀကိဳက္တတ္ရင္ ေသာက္လို႔ရေအာင္ ခုလို ေရာင္းမယ္လို႔ ဆုံးျဖတ္ခဲ့တာပါ” လို႔ ၎က ေျပာသြားပါတယ္။

သူ႔ဆိုင္မွာေတာ့ ထူးျခားမီႏူး ၾကက္ဥဘီယာအျပင္ ၾကက္ဥ ေကာ္ဖီကိုလည္း ေရာင္းခ်ေပးေနတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ရမ္၊ ေခ်ာကလက္၊ ကိုကာကိုလာတို႔နဲ႔ ဖန္တီးထားတဲ့အျခား ၾကက္ဥ ေသာက္သုံးစရာ အမယ္ေတြကိုလည္း ေရာင္းခ်ေပးေနတယ္လို႔ သိရပါတယ္။

ဟႏြိဳင္းၿမိဳ႕က စားသုံးသူေတြအၾကား အရင္က ဒီ ၾကက္ဥဘီယာဆိုတာကို သိပ္မၾကားဖူးခဲ့ဘူးဆိုေပမယ့္ ယခုအခါမွာေတာ့ ေဖာက္သည္ေတာ္ေတာ္မ်ားမ်ားကို သူ႔ဆိုင္မွာ ဆြဲေဆာင္ေနႏိုင္ၿပီ ျဖစ္ေၾကာင္း သိရပါတယ္။ အထူးသျဖင့္ ဘီယာႀကိဳက္တဲ့ ဂ်ာမန္ေတြရဲ႕ အားေပးမႈကို အထူးရရွိေနၿပီး တစ္ေန႔ကို ခြက္ေရ ၂၀ ေလာက္ ပုံမွန္ေရာင္းေနရတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ ထူးခြားမီနူးအဖြစ် ကြက်ဥဘီယာကို တည်ခင်းရောင်းချပေးရာမှာတော့ စားသုံးသူတွေကို ဆွဲဆောင်နိုင်နေလျက် ရှိပါတယ်။

ဆယ်စုနှစ်များစွာ သက်တမ်းကြာမြင့်နေပြီ ဖြစ်တဲ့ Giang Café ဆိုင်မှာတော့ ရေခဲစိမ်ဘီယာကို မလိုင်ပါတဲ့ ကြက်ဥအနှစ်ရည် တစ်မျိုးနဲ့ ရောစပ် သောက်သုံးနိုင်အောင် စီမံတည်ခင်းပေးနေလျက် ရှိပါတယ်။ ဘီယာနဲ့ တွဲသောက်ရမယ့် ကြက်ဥအနှစ်ရည်မှာတော့ အရသာ အီစိမ့်နေအောင်လို့ သကြား၊ ထောပတ် တို့နဲ့ ခလောက်ပြီး စီမံထားတာဖြစ်ပါတယ်။

ဒီ ကြက်ဥဘီယာ ကို ၁၉၉၉ ခုနှစ်ကတည်းက တီထွင်ဖန်တီးခဲ့တာဖြစ်ကြောင်း ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ငုရင် ချီဟောင်က ပြောပါတယ်။ ဒီလို ရောစပ်ဖန်တီးလိုက်ရင် ဘယ်လို အရသာ ထွက်မလဲ သူသိချင်စိတ်ပြင်းပြလို့ လက်တွေ့လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ ပထမတော့ ဒီ ကြက်ဥဘီယာကို ကိုယ်တိုင်သောက်ဖို့ပဲ စမ်းလုပ်ခဲ့တာပါ၊ နောက်တော့ ဒီဟာ တော်တော်ကောင်းတာတွေ့တော့ ဒါကို တစ်ခြားသူတွေလည်း ကြိုက်တတ်ရင် သောက်လို့ရအောင် ခုလို ရောင်းမယ်လို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ၎င်းက ပြောသွားပါတယ်။

သူ့ဆိုင်မှာတော့ ထူးခြားမီနူး ကြက်ဥဘီယာအပြင် ကြက်ဥ ကော်ဖီကိုလည်း ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရမ်၊ ချောကလက်၊ ကိုကာကိုလာတို့နဲ့ ဖန်တီးထားတဲ့အခြား ကြက်ဥ သောက်သုံးစရာ အမယ်တွေကိုလည်း ရောင်းချပေးနေတယ်လို့ သိရပါတယ်။

ဟနွိုင်းမြို့က စားသုံးသူတွေအကြား အရင်က ဒီ ကြက်ဥဘီယာဆိုတာကို သိပ်မကြားဖူးခဲ့ဘူးဆိုပေမယ့် ယခုအခါမှာတော့ ဖောက်သည်တော်တော်များများကို သူ့ဆိုင်မှာ ဆွဲဆောင်နေနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။ အထူးသဖြင့် ဘီယာကြိုက်တဲ့ ဂျာမန်တွေရဲ့ အားပေးမှုကို အထူးရရှိနေပြီး တစ်နေ့ကို ခွက်ရေ ၂၀ လောက် ပုံမှန်ရောင်းနေရတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top