မေကြးတိုင္းေဒသႀကီး ေခ်ာက္ၿမိဳ႕တြင္ ယခင္နွစ္မ်ားထက္ တစ္လေစာၿပီး ေန႔အပူခ်ိန္ ျမင့္တတ္လာေသာေၾကာင့္ နံနက္ ၁၀ နာရီမွ ညေန ၅ နာရီအတြင္း ေရမခ်ိဳးရန္နွင့္ အပူဒဏ္ကာကြယ္ေရး သတိေပးခ်က္ ႏႈိးေဆာ္မႈကို အပူဒဏ္ကာကြယ္ေရး ႏိႈးေဆာ္မႈမ်ားကို စတင္ ေဆာင္ရြက္လ်က္ရိွေၾကာင္း ယင္းၿမိဳ႕ ကုသေရး၊ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနထံမွ သိရသည္။

“ခါတိုင္း နွစ္ေတြဆိုရင္ ေမလက အပူဆံုးကို ဒီနွစ္က ဧၿပီလမွာေတာင္ စပူေနၿပီ။ မိုးေလဝသကလည္း ဒီနွစ္ ခါတိုင္းနွစ္ထက္ ပိုပူမယ္ဆိုေတာ့ ကၽြန္ေတာ္တို႔ေခ်ာက္ၿမိဳ႕က အပူခ်ိန္ စံခ်ိန္တင္တ့ဲၿမိဳ႕ျဖစ္တယ္”ဟု ယင္းၿမိဳ႕ က်န္မာေရးဦးစီးဌာန က်န္မာေရးမွဴးအဆင့္ (၁) ဦးလႈိင္ျမင့္ဟန္က ေျပာၾကားသည္။

က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ႏႈိးေဆာ္ထားသည့္ လက္ကမ္းစာေဆာင္မ်ား ေပးေဝျခင္း၊ ေၾကျငာခ်က္မ်ားကို အသံခ်ဲ႕စက္ျဖင့္ လူထုကို သတိေပးႏႈိးေဆာ္ျခင္း၊ ယင္းၿမိဳ႕ရိွ ဧရာဝတီ ျမစ္ဆိပ္ကမ္း ေလးေနရာတြင္ မနက္ ၁၀ နာရီမွ ညေန ၅ နာရီအထိ ေရမခ်ိဳးရ၊ သတိေပးဆိုင္းဘုတ္မ်ား စိုက္ထူးျခင္းတို႔ကို ျပဳလုပ္သည္။

အပူဒဏ္ ကာကြယ္ႏႈိးေဆာ္မႈေဆာင္ရြက္ခ်က္အေနျဖင့္ ယင္းၿမိဳ႕ေပၚရိွ ရပ္ကြက္ေပါင္း ၁၅ ရပ္ကြက္ လိုက္လံသတိေပး ႏႈိးေဆာ္မႈမ်ား ေဆာင္ရြက္သည္။ ထို႔ေနာက္ ယင္းၿမိဳ႕ ေက်းရြာအုပ္စု ၃၀ ေက်ာ္ကို ဆက္လက္၍ သတိေပး လံႈ႔ေဆာ္မႈမ်ားကို လိုက္လံ ေဆာင္ရြက္သြားမည္ဟု ယင္းၿမိဳ႕ ကုသေရး၊ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ သိရသည္။

ေန အပူဒဏ္ခံရမႈႏွင့္ပတ္သက္၍ က်န္မာေရးမွဴး အဆင့္ (၁) ဦးလႈိင္ျမင့္ဟန္က “အပူဒဏ္အႏၲရာယ္ကို ခံရတယ္ဆိုရင္ လူက ေခၽြးမထြက္ေတာ့ဘူး။ ခႏၶာကိုယ္က ဆားဓာတ္ေတြ ဆံုး႐ႈံးသြားတ့ဲအခ်ိန္မွာ ေညာင္းတာေတြ၊ ေမာတာေတြ၊ ေခၽြးမထြက္ေတာ့တာေတြ၊ အပူခ်ိန္ေတြ တတ္ၿပီးေတာ့ သတိလစ္တယ္။ ေနာက္ဆံုး ေဆး႐ံုေဆးခန္း အခ်ိန္မီ မေရာက္ရင္ ေသတဲ့အထိ အႏၲရာယ္ျဖစ္နိုင္တယ္။ ဒါေၾကာင့္ ျဖစ္နိုင္ရင္ ေနပူနဲ႔ မထိေအာင္ ေနဖို႔လိုပါတယ္”ဟု ေျပာသည္။

ထို႔ေၾကာင့္ ျပည္သူလူထုအေနျဖင့္ သတ္မွတ္ထားေသာ အခ်ိန္အတြင္း ေရမခ်ိဳးၾကရန္ႏွင့္ ေနပူထဲသို႔ သြားလာပါက ထီး၊ ဦးထုပ္ ေဆာင္းသြားၾကရန္နွင့္ ျဖစ္နိုင္ပါက အဓိက ေနအပူနွင့္ မထိေတြ႔ေအာင္ ေရွာင္ရွားျခင္းမ်ား ျပဳလုပ္ၾကပါရန္ ၎က ႏႈိးေဆာ္တိုက္တြန္းသည္။

ေခ်ာက္ၿမိဳ႕တြင္ ေန႔အပူခ်ိန္ ဒီထက္မက တိုးလာပါက ကုသေရး၊ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနအေနျဖင့္ ယင္းၿမိဳ႕ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ဌာနဆိုင္ရာမ်ားနွင့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားနွင့္ ပူေပါင္းၿပီး အပူေရွာင္စခန္းမ်ား ဖြင့္လွစ္ေပးသြားမည္ျဖစ္သည္။

ထို႔အျပင္ အပူဒဏ္ ခံရမႈေၾကာင့္ ျဖစ္ေပၚလာေသာ ေဝဒနာရွင္မ်ားအား ကုသနိုင္ရန္အတြက္ ယင္းၿမိဳ႕ ျပည္သူ႔ေဆး႐ံုတြင္ သီးသန္႔ခန္း စီစဥ္ေဆာင္ရြက္ထားသည္ဟု ယင္းၿမိဳ႕ကုသေရး၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

ယင္းၿမိဳ႕၏ ၂၀၁၈ ခုနွစ္ ေႏြရာသီကာလ အျမင့္ဆံုးအပူခ်ိန္မွာ ေမလအတြင္း၌ ေန႔အပူခ်ိန္ ၄၄ ဒသမ ၂ စင္ဒီဂရိတ္အထိ အပူခ်ိန္ရိွခ့ဲေၾကာင္း၊ ယခုနွစ္ ၂၀၁၉ ခုနွစ္ ေမလ ၅ ရက္ေန႔ အျမင့္ဆံုးအပူခ်ိန္သည္ ၄၄ ဒသမ ၅ စင္တီဂရိတ္အထိ ျမင့္တတ္လာ၍ ယခင္နွစ္ထက္ တစ္လေစာၿပီး အပူခ်ိန္ ျမင့္တတ္လာသည္ဟု ယင္းၿမိဳ႕ မိုးဇလ တိုင္းထြာေရးစခန္းမွ သိရသည္။

ေခ်ာက္ၿမိဳ႕သည္ ၂၀၁၂ ခုနွစ္ နွင့္ ၂၀၁၆ ခုနွစ္တို႔က ၄၆ ဒသမ ၄ စင္ဒီဂရိတ္အျဖစ္ ျမန္မာနိုင္ငံတြင္ အျမင့္ဆံုး အပူခ်ိန္ စံခ်ိန္တင္ခ့ဲေသာၿမိဳ႕ျဖစ္ခ့ဲသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoice

#Unicode Version#
မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ယခင်နှစ်များထက် တစ်လစောပြီး နေ့အပူချိန် မြင့်တတ်လာသောကြောင့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ရေမချိုးရန်နှင့် အပူဒဏ်ကာကွယ်ရေး သတိပေးချက် နှိုးဆော်မှုကို အပူဒဏ်ကာကွယ်ရေး နှိုးဆော်မှုများကို စတင် ဆောင်ရွက်လျက်ရှိကြောင်း ယင်းမြို့ ကုသရေး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

“ခါတိုင်း နှစ်တွေဆိုရင် မေလက အပူဆုံးကို ဒီနှစ်က ဧပြီလမှာတောင် စပူနေပြီ။ မိုးလေဝသကလည်း ဒီနှစ် ခါတိုင်းနှစ်ထက် ပိုပူမယ်ဆိုတော့ ကျွန်တော်တို့ချောက်မြို့က အပူချိန် စံချိန်တင်တဲ့မြို့ဖြစ်တယ်”ဟု ယင်းမြို့ ကျန်မာရေးဦးစီးဌာန ကျန်မာရေးမှူးအဆင့် (၁) ဦးလှိုင်မြင့်ဟန်က ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်နှိုးဆော်ထားသည့် လက်ကမ်းစာဆောင်များ ပေးဝေခြင်း၊ ကြေငြာချက်များကို အသံချဲ့စက်ဖြင့် လူထုကို သတိပေးနှိုးဆော်ခြင်း၊ ယင်းမြို့ရှိ ဧရာဝတီ မြစ်ဆိပ်ကမ်း လေးနေရာတွင် မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ရေမချိုးရ၊ သတိပေးဆိုင်းဘုတ်များ စိုက်ထူးခြင်းတို့ကို ပြုလုပ်သည်။

အပူဒဏ် ကာကွယ်နှိုးဆော်မှုဆောင်ရွက်ချက်အနေဖြင့် ယင်းမြို့ပေါ်ရှိ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက် လိုက်လံသတိပေး နှိုးဆော်မှုများ ဆောင်ရွက်သည်။ ထို့နောက် ယင်းမြို့ ကျေးရွာအုပ်စု ၃၀ ကျော်ကို ဆက်လက်၍ သတိပေး လှုံ့ဆော်မှုများကို လိုက်လံ ဆောင်ရွက်သွားမည်ဟု ယင်းမြို့ ကုသရေး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

နေ အပူဒဏ်ခံရမှုနှင့်ပတ်သက်၍ ကျန်မာရေးမှူး အဆင့် (၁) ဦးလှိုင်မြင့်ဟန်က “အပူဒဏ်အန္တရာယ်ကို ခံရတယ်ဆိုရင် လူက ချွေးမထွက်တော့ဘူး။ ခန္ဓာကိုယ်က ဆားဓာတ်တွေ ဆုံးရှုံးသွားတဲ့အချိန်မှာ ညောင်းတာတွေ၊ မောတာတွေ၊ ချွေးမထွက်တော့တာတွေ၊ အပူချိန်တွေ တတ်ပြီးတော့ သတိလစ်တယ်။ နောက်ဆုံး ဆေးရုံဆေးခန်း အချိန်မီ မရောက်ရင် သေတဲ့အထိ အန္တရာယ်ဖြစ်နိုင်တယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နေပူနဲ့ မထိအောင် နေဖို့လိုပါတယ်”ဟု ပြောသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် သတ်မှတ်ထားသော အချိန်အတွင်း ရေမချိုးကြရန်နှင့် နေပူထဲသို့ သွားလာပါက ထီး၊ ဦးထုပ် ဆောင်းသွားကြရန်နှင့် ဖြစ်နိုင်ပါက အဓိက နေအပူနှင့် မထိတွေ့အောင် ရှောင်ရှားခြင်းများ ပြုလုပ်ကြပါရန် ၎င်းက နှိုးဆော်တိုက်တွန်းသည်။

ချောက်မြို့တွင် နေ့အပူချိန် ဒီထက်မက တိုးလာပါက ကုသရေး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ယင်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူပေါင်းပြီး အပူရှောင်စခန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

ထို့အပြင် အပူဒဏ် ခံရမှုကြောင့် ဖြစ်ပေါ်လာသော ဝေဒနာရှင်များအား ကုသနိုင်ရန်အတွက် ယင်းမြို့ ပြည်သူ့ဆေးရုံတွင် သီးသန့်ခန်း စီစဉ်ဆောင်ရွက်ထားသည်ဟု ယင်းမြို့ကုသရေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယင်းမြို့၏ ၂၀၁၈ ခုနှစ် နွေရာသီကာလ အမြင့်ဆုံးအပူချိန်မှာ မေလအတွင်း၌ နေ့အပူချိန် ၄၄ ဒသမ ၂ စင်ဒီဂရိတ်အထိ အပူချိန်ရှိခဲ့ကြောင်း၊ ယခုနှစ် ၂၀၁၉ ခုနှစ် မေလ ၅ ရက်နေ့ အမြင့်ဆုံးအပူချိန်သည် ၄၄ ဒသမ ၅ စင်တီဂရိတ်အထိ မြင့်တတ်လာ၍ ယခင်နှစ်ထက် တစ်လစောပြီး အပူချိန် မြင့်တတ်လာသည်ဟု ယင်းမြို့ မိုးဇလ တိုင်းထွာရေးစခန်းမှ သိရသည်။

ချောက်မြို့သည် ၂၀၁၂ ခုနှစ် နှင့် ၂၀၁၆ ခုနှစ်တို့က ၄၆ ဒသမ ၄ စင်ဒီဂရိတ်အဖြစ် မြန်မာနိုင်ငံတွင် အမြင့်ဆုံး အပူချိန် စံချိန်တင်ခဲ့သောမြို့ဖြစ်ခဲ့သည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thevoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top