ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္၊ ရန္ကုန္-စစ္ေတြကားလမ္းမႀကီးေဘး အနက္(၃)ေပခန႔္ရွိ ပုဇြန္ကန္တြင္ မိန္းကေလးငယ္(၁)ဦး ေရနစ္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၂ ရက္ေန႔ ညေန ၄ နာရီ ၃၀ မိနစ္အခ်ိန္ အျမင့္ကၽြန္း နယ္ေျမရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ားသည္ မိန္းကေလးငယ္(၁)ဦး ေရနစ္ေသဆုံးေၾကာင္း သတင္းအရ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ရာ

ဦးေမာင္ေအး ပိုင္ဆိုင္သည့္ ပုဇြန္ကန္ေရအလယ္၌ မိန္းကေလးငယ္(၁)ဦးအား ေရနစ္ေသဆုံးေနသည္ကိုေတြ႕ရွိ၍ ဆယ္ယူခဲ့ရာ ဒဏ္ရာမ်ားရရွိထား သျဖင့္ စစ္ေတြျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔အပ္ခဲ့ၿပီး စုံစမ္းခဲ့ရာ ေသဆုံးသူမွာ အေနာက္စံျပရပ္ကြက္ေန မေမျမတ္မြန္ေအာင္(ခ)ခ်စ္စု(၆)ႏွစ္ျဖစ္ၿပီး

ဧၿပီလ ၂ ရက္ေန႔ မြန္းလြဲ ၁ နာရီအခ်ိန္ခန႔္က တစ္ရပ္ကြက္ တည္းေန မေအးသူဇာဝင္း(ခ)သူသူ(၂၄)ႏွစ္မွ မုန႔္ေကၽြးမည္ဟုေျပာဆို၍ ေခၚေဆာင္သြားၿပီး အဆိုပါ ပုဇြန္ကန္အတြင္းသို႔ တြန္းခ်ခဲ့သျဖင့္ ကန္အတြင္းရွိ ေက်ာက္မ်ားႏွင့္ မ်က္ႏွာေဆာင့္မိကာ ဒဏ္ရာမ်ား ရရွိေသဆုံးသြားျခင္းျဖစ္ေၾကာင္း စုံစမ္းသိရွိရေသာေၾကာင့္

မေအးသူဇာဝင္း အား အျမင့္ကၽြန္း နယ္ေၿမ ရဲစခန္း(ပ)၁၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရဲဇာနည္

#Unicode Version# ျဖင့္ဖတ္ပါ ။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရန်ကုန်-စစ်တွေကားလမ်းမကြီးဘေး အနက်(၃)ပေခန့်ရှိ ပုဇွန်ကန်တွင် မိန်းကလေးငယ်(၁)ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် အမြင့်ကျွန်း နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မိန်းကလေးငယ်(၁)ဦး ရေနစ်သေဆုံးကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ

ဦးမောင်အေး ပိုင်ဆိုင်သည့် ပုဇွန်ကန်ရေအလယ်၌ မိန်းကလေးငယ်(၁)ဦးအား ရေနစ်သေဆုံးနေသည်ကိုတွေ့ရှိ၍ ဆယ်ယူခဲ့ရာ ဒဏ်ရာများရရှိထား သဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ခဲ့ပြီး စုံစမ်းခဲ့ရာ သေဆုံးသူမှာ အနောက်စံပြရပ်ကွက်နေ မမေမြတ်မွန်အောင်(ခ)ချစ်စု(၆)နှစ်ဖြစ်ပြီး

ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က တစ်ရပ်ကွက် တည်းနေ မအေးသူဇာဝင်း(ခ)သူသူ(၂၄)နှစ်မှ မုန့်ကျွေးမည်ဟုပြောဆို၍ ခေါ်ဆောင်သွားပြီး အဆိုပါ ပုဇွန်ကန်အတွင်းသို့ တွန်းချခဲ့သဖြင့် ကန်အတွင်းရှိ ကျောက်များနှင့် မျက်နှာဆောင့်မိကာ ဒဏ်ရာများ ရရှိသေဆုံးသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသောကြောင့်

မအေးသူဇာဝင်း အား အမြင့်ကျွန်း နယ်မြေ ရဲစခန်း(ပ)၁၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရဲဇာနည်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top