ဧၿပီ ၂၂ရက္ (မေန႔က) ႏြံကန္ပြင့္က်မႈေၾကာင့္ ေက်ာက္တူးေဖာ္ေရး ကုမၼဏီ ဝန္ထမ္းေပါင္း (၄၁)ဦး ႏြံကန္ရည္ဖုံးၿပီး နစ္ျမစ္ေပ်ာက္ဆုံး ခဲ့ပါတယ္ ။

အဆိုပါေနရာနဲ႔သိပ္မေဝးတဲ့ တျခားႏြံကန္တခု ယေန႔ည ဧၿပီ ၂၃ ရက္ည ၁၁နာရီခန္႔မွာပဲႏြံကန္ဟာ ပြင့္က်မႈ တခုျဖစ္ခဲ့န္ပါတယ္ ။

ႏြံကန္ ေပါက္က်မႈေၾကာင့္ ဘက္ဟိုး ႏွစ္စီး ေျမသယ္ယဥ္ ႏွစ္စီး ကုမၼဏီ ဝန္ထမ္း ႏွစ္ဦး ေသဆုံးခဲ့ပါတယ္ ႏြံကန္ ပြင့္က်တဲ့ ကုမၼဏီဟာ ေမာ္ေမာင္းလ်ံ ေက်းရြာအနီးက KNDPC ေက်ာက္စိမ္းတူးေဖာ္ေရး ကုမၼဏီလို႔ ရြာသားေတြက ေျပာပါတယ္ ။

ၿပီးခဲ့ညက ျဖစ္စဥ္မွာ ကနဦးသတင္းေတြက ကုမၼဏီဝန္ထမ္းေပါင္း (၅၀)ေက်ာ္ ေသဆုံးတယ္လို႔ ေျပာဆိုေနၾကေပမဲ့ သက္ဆိုင္ရာ ကုမၼဏီအသီးသီးရဲ႕ စာရင္းေတြကေတာ့ (၄၁) ေယာက္ ေသဆုံးခဲ့ တယ္လို႔ သိရပါတယ္ ။ KNDPC ,ျမန္မာသူရ ၊ ေခ်ာင္ဘရားစား ကုမၼဏီသုံးခုမွ ဝန္ထမ္းေပါင္း (၂၈) ဦး ၊ ေျမသယ္ကား (၁၀) စီး ၊ ဘက္ဟိုး (၁၀) ၊ ေျမတူးစက္ (၅) ႏြံကန္ေပါက္က်မႈ ေအာက္မွာ ေပ်ာ္ဆုံးသြားခဲ့တယ္လို႔ ကုမၼဏီတာဝန္ခံက ေျပာပါတယ္ ။

နဂါးကိုးေကာင္ ကုမၼဏီရဲ႕ လုပ္သားေသဆုံးမႈနဲ႔ စက္ယႏၲယား ဆုံးရႈံးမႈကိုေမးျမန္ရာမွာေတာ့ စိစစ္ေနဆဲမို႔ မသိရွိရေသးဘူးလို႔
အဆိုပါ ကုမၼဏီတာဝန္ခံက ေျပာပါတယ္ ။

အထက္ေဖာ္ျပပါ ကုမၼဏီေတြဟာ ပန္းျမတ္ႏိုး ကုမၼဏီရဲ႕အက်ိဳးတူ လုပ္ကြက္အမွတ္(၈)လည္းေကာင္း ၊ေက်ာက္စိမ္းပေဒသာ ကုမၼဏီရဲ႕ ပုဂၢလိက လုပ္ကြက္ အမွတ္ (၈)ကိုလည္းေကာင္း ၊ ကံစိမ္းပြင့္ ကုမၼဏီရဲ႕ ပုဂၢလိကလုပ္ကြက္အမွတ္ (၁၃၁)ကိုလည္းေကာင္း ၊ မလိခ က်မ္းစတုန္း ကုမၼရဲ႕ ပုဂၢလိက လုပ္ကြက္အမွတ္ (၂၃၅ကို လည္းေကာင္း အစုစား ရွယ္ယာမ်ားနဲ႔ တူးေဖာ္လုပ္ကိုင္ေနၾကတာ လို႔လဲ ေက်ာက္စိမ္းတူးေဖာ္ေရး ကုမၼဏီအသိုင္းအဝိုင္းရဲ႕ ေျပာဆိုမႈအရ သိရပါတယ္။ ဘယ္လုပ္ကြက္ကို ဘယ္ကုမၼဏီက တူးေဖာ္လုပ္ကိုင္ ေနတယ္ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္းမသိရပါဘူး ။

ဓါတ္ပုံ – ဧၿပီလ ၂၂ရက္ေန႔ည (၁၁) နာရီေက်ာ္ေလာက္ကႏြံကန္ပြင့္က်မႈ ျဖစ္စဥ္မွ သတင္းဓါတ္ပုံမ်ား

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေဇာ္မိုးထက္ (ဖားကန္႔)
#Unicode Version#
 ဧပြီ ၂၂ရက် (မနေ့က) နွံကန်ပွင့်ကျမှုကြောင့် ကျောက်တူးဖော်ရေး ကုမ္မဏီ ဝန်ထမ်းပေါင်း (၄၁)ဦး နွံကန်ရည်ဖုံးပြီး နစ်မြစ်ပျောက်ဆုံး ခဲ့ပါတယ် ။

အဆိုပါနေရာနဲ့သိပ်မဝေးတဲ့ တခြားနွံကန်တခု ယနေ့ည ဧပြီ ၂၃ ရက်ည ၁၁နာရီခန့်မှာပဲနွံကန်ဟာ ပွင့်ကျမှု တခုဖြစ်ခဲ့န်ပါတယ် ။

နွံကန် ပေါက်ကျမှုကြောင့် ဘက်ဟိုး နှစ်စီး မြေသယ်ယဉ် နှစ်စီး ကုမ္မဏီ ဝန်ထမ်း နှစ်ဦး သေဆုံးခဲ့ပါတယ် နွံကန် ပွင့်ကျတဲ့ ကုမ္မဏီဟာ မော်မောင်းလျံ ကျေးရွာအနီးက KNDPC ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီလို့ ရွာသားတွေက ပြောပါတယ် ။

ပြီးခဲ့ညက ဖြစ်စဉ်မှာ ကနဦးသတင်းတွေက ကုမ္မဏီဝန်ထမ်းပေါင်း (၅၀)ကျော် သေဆုံးတယ်လို့ ပြောဆိုနေကြပေမဲ့ သက်ဆိုင်ရာ ကုမ္မဏီအသီးသီးရဲ့ စာရင်းတွေကတော့ (၄၁) ယောက် သေဆုံးခဲ့ တယ်လို့ သိရပါတယ် ။ KNDPC ,မြန်မာသူရ ၊ ချောင်ဘရားစား ကုမ္မဏီသုံးခုမှ ဝန်ထမ်းပေါင်း (၂၈) ဦး ၊ မြေသယ်ကား (၁၀) စီး ၊ ဘက်ဟိုး (၁၀) ၊ မြေတူးစက် (၅) နွံကန်ပေါက်ကျမှု အောက်မှာ ပျော်ဆုံးသွားခဲ့တယ်လို့ ကုမ္မဏီတာဝန်ခံက ပြောပါတယ် ။

နဂါးကိုးကောင် ကုမ္မဏီရဲ့ လုပ်သားသေဆုံးမှုနဲ့ စက်ယန္တယား ဆုံးရှုံးမှုကိုမေးမြန်ရာမှာတော့ စိစစ်နေဆဲမို့ မသိရှိရသေးဘူးလို့
အဆိုပါ ကုမ္မဏီတာဝန်ခံက ပြောပါတယ် ။

အထက်ဖော်ပြပါ ကုမ္မဏီတွေဟာ ပန်းမြတ်နိုး ကုမ္မဏီရဲ့အကျိုးတူ လုပ်ကွက်အမှတ်(၈)လည်းကောင်း ၊ကျောက်စိမ်းပဒေသာ ကုမ္မဏီရဲ့ ပုဂ္ဂလိက လုပ်ကွက် အမှတ် (၈)ကိုလည်းကောင်း ၊ ကံစိမ်းပွင့် ကုမ္မဏီရဲ့ ပုဂ္ဂလိကလုပ်ကွက်အမှတ် (၁၃၁)ကိုလည်းကောင်း ၊ မလိခ ကျမ်းစတုန်း ကုမ္မရဲ့ ပုဂ္ဂလိက လုပ်ကွက်အမှတ် (၂၃၅ကို လည်းကောင်း အစုစား ရှယ်ယာများနဲ့ တူးဖော်လုပ်ကိုင်နေကြတာ လို့လဲ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီအသိုင်းအဝိုင်းရဲ့ ပြောဆိုမှုအရ သိရပါတယ်။ ဘယ်လုပ်ကွက်ကို ဘယ်ကုမ္မဏီက တူးဖော်လုပ်ကိုင် နေတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး ။

ဓါတ်ပုံ – ဧပြီလ ၂၂ရက်နေ့ည (၁၁) နာရီကျော်လောက်ကနွံကန်ပွင့်ကျမှု ဖြစ်စဉ်မှ သတင်းဓါတ်ပုံများ

ဖိုးသူတော်(www.phothutaw.com)
Credit:ဇော်မိုးထက် (ဖားကန့်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top